မျှော်လင့်ခြင်း

တံခါးဆိုတာ ခေါက်မှပွင့်သတဲ့
ခေါက်မှပွင့်မယ့် တံခါးအတွက်
ဆက်ခေါက်နေဦးမှာပဲ...

အိမ်အပြင်မှာတော့ အေးစက်မှောင်မိုက်
လမိုက်ညတွေ များခဲ့ပြီ
ဒီတံခါးရဲ့အပြင်မှာ
ငါဟာ ငုတ်တုတ်...။

ပြီးတော့...
တံခါးကြားက အလင်းအချို့ကို
ငေးကြည့်ရင်း
အနွေးဓာတ်တချို့ကို 
ကူးယူကာအသက်ဆက်

တစ်ခါတရံတော့
ဖျတ်ခနဲပွင့်လာတတ်ပါရဲ့
ထာဝရအတွက်
ဘယ်တော့ပွင့်မှာလဲ
မရေရာပေမဲ့
ဆက်ခေါက်နေမိဦးမှာပဲ

ဒီတံခါးသာ
ငါ့မျှော်လင့်ချက်
ငါ့အနာဂတ်
ငါ့ပျော်ရွှင်မှု
ပြီးတော့ 
ငါ့ရှင်သန်မှု

လတ်တလောအတွက်တော့
တံခါးချပ်ခဏတာအလှပ်က
အနွေးဓာတ်တချို့နဲ့ပဲ
ငါဟာအသက်ဆက်
ငါ့ရဲ့တစ်ညတာကို လုံလောက်စေခဲ့

ဆက်ခေါက်နေဦးမယ်
ဆက်ခေါက်ရဦးမယ်
လှပတဲ့နေ့ရက်သစ်တွေအတွက်။      ။   


Spring Mabel
May 13 2021

Comments

  1. `` Money ''

    -Money that all human beings love..
    everyone loves money, but only the human world can use it.

    -Money that can only be used in the human world, but money that people are already earning their lives , life is already earning full of money, but not everything can be solved with money.

    -Everything cannot be solved with money, but when there is no money, humble in a secular society, In society, money is the key to success, but money alone cannot solve everything.

    -Money does not solve everything but some people ruin their lives because they do not have money,some people ruin their lives because of money.

    -Is the puzzle of money amazing? If you are surprised, do not read on. I write to lazy😜😜

    Have you ever had problems with money? Have you ever been sad about money? Too complicated ``money ''

    ............❤Htet.........

    -

    ReplyDelete
  2. မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်နေရတဲ့ဘဝ 💪

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. အမြန်ဆုံးဘေးရန်ကင်း၂နဲ့ကအာင်မြင်ကြပါစေ

      Delete
  3. ဆက်Clickရဦးမယ်ဆက်Clickနေဦးမှာပါအောင်ပွဲဆီရောက်တဲ့အထိ💪💪💪

    ReplyDelete
  4. Click ta chat hmr aung pwe si toe. 🌹🌹🌹

    ReplyDelete
  5. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. "လှပတဲ့နေ့ရက်သစ်တွေအတွက်.."
    ပိုကြိုးစားကြမယ် ✊

    ReplyDelete
  8. Let `s face it together

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
    Replies
    1. ကလောင်ကိုင်ရမယ့်ကဗျာဆရာက
      ကာကွယ်ရေးဝန်ကြီးလုပ်နေရတဲ့ခေတ်
      ဒီခေတ် ဒီ‌နှစ်တွေမှာ
      အသက်ရှင်ခဲ့တယ်
      အသက်ရှူခဲ့တယ်
      ‌‌
      ခေတ်

      Delete
    2. 💪💪💪

      Delete
    3. This comment has been removed by the author.

      Delete
    4. This comment has been removed by the author.

      Delete
    5. ဘဝဆိုတာ တိုတောင်းလွန်းလို
      ပျော်အောင်နေမယ် ပြောပြောပြီး
      ရေခဲလို ပျော်သွားခဲ့ရတဲ့ ဘဝတွေ ...

      -လင်းမာအို-

      Delete
  10. ဒီတော်လှန်ရေးက
    ကျနော်တို့အတွက်
    မှတ်ကျောက်တစ်ခုပဲ။
    သမိုင်းက မှတ်တမ်းတင်တဲ့အခါ
    ပွန်းစားမှုတွေ ရှိပေမယ့်
    ကိုယ် ရွှေ ဘယ်နှရွေးရှိခဲ့တယ်ဆိုတာ
    ပြောပြနေလိမ့်မယ်။
    ဘိုးဘေးကနေ မြေးမြစ်ထိ
    သမိုင်းလှပါစေ 💕

    ReplyDelete
  11. Well done and encouragement to Democracy.

    ReplyDelete
  12. 🌺🌺🌺🌺🌺

    ReplyDelete
  13. 👌👌👌👌👌

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. မျှော်လင့်ချက်တွေနဲ့ရှေ့ဆက်ချီတက်နေဆဲပေါ့......

    ReplyDelete
  18. ဆက်ခေါက်ရဦးမယ်...
    လှပတဲ့နေ့ရက်သစ်တွေအတွက်။

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. အခုကတစ်ကယ်လိုတယ်
    Clicksတယ်

    ReplyDelete
  22. ပြိုင်တူတွန်းရင် ပွင့်မယ့်တံခါး
    ငါလည်း အားတချက်​တော့ ထည့်ပါ​စေ။

    ReplyDelete
  23. 🙂 လောက ...

    @ ‌အော် ...
    ‌ လောကကြီးမှာ
    အမှားအမှန်မသိတဲ့သူတွေနဲ့
    ခဏအဆင်ပြေရင်ပြီးရောဆိုတဲ့သူတွေနဲ့
    ဝေလေလေကြိုက်တဲ့သူတွေနဲ့
    တွေနဲ့တွေနဲ့ဆိုတဲ့သူတွေများလာရင် ...
    ဒီလောကကြီး ပျက်စီးပြီ။

    စစ်မင်းထက်သာ

    ReplyDelete
  24. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete
  26. 🥷 ငါမေးမိမယ် ...

    @ ဝေဖန်ပိုင်းခြား ...
    ဦးနှောက်ဉာဏ်မရှိ
    ရန်သူမိတ်ဆွေမထား ...
    စိတ်ထင်တိုင်း ပစ်သတ်တယ်
    မင်းတို့ဘာလဲ ? ...
    မင်းတို့ဘယ်လဲ ?
    ငါမေးမိမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. မရေရာပေမဲ့ဆက်ခေါက်နေမိဦးမှာပဲ😪

    ReplyDelete
  28. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  29. ဆက်ခေါက် 🌻

    ReplyDelete
  30. 😥 ဒို့တိုင်းရင်းသားညီအကိုများ ...

    @ "ဖားကန့်အတွက် သွေးကြွေးဆပ်ရမည်"

    ကချင်လည်း ဒို့ကချင်
    ကယားလည်း ဒို့ကယား
    ကရင်လည်း ဒို့ကရင်
    ချင်းသည်လည်း ဒို့ချင်း
    မွန်သည်လည်း ဒို့မွန်
    ဗမာသည်လည်း ဒို့ဗမာ
    ရခိုင်သည်လည်း ဒို့ရခိုင်
    ရှမ်းသည်လည်း ဒို့ရှမ်း
    ဘယ်သူထိထိ ဒို့ထိတာဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  31. ​သွေးချင်း​တွေရှိလို့သာ ခုလို ​တော်လှန်လို့ ရ​နေတာ။
    ကချင် ကယား ကရင် ချင်း
    ရင်မှာ မှတ်တမ်း တင်ထားပါတယ်။

    ReplyDelete
  32. 🥷 NUG, CRPHသို့ ...

    @ ခြေလှမ်း ...
    တစ်လှမ်းစီတစ်လှမ်းစီတိုင်းမှာ
    အရေးကြီးနေပါပြီ
    မမှားအောင်ထိမ်းဘို့နဲ့ ...
    အမြန်လှမ်းဘို့လည်းလိုနေပြီ
    အများကြီးလှမ်းဘို့မလိုတော့သလို
    အရေးကြီးတဲ့ခြေလှမ်းဖြစ်ဘို့လိုနေပြီ။

    🖕စေတနာအပြည့်ဖြင့် ...
    စစ်မင်း ထက်သာ

    ReplyDelete
  33. ဆက်ခေါက်ရအုန်းမယ် လှပတဲ့နေ့သစ်တွေအတွက်

    ReplyDelete
  34. Wheel............dope.🏹🏹🏹

    ReplyDelete
  35. မျှော်လင့်ခြင်း Hope

    ReplyDelete
  36. လှပတဲ့ နေ့ရက်သစ်တွေဆီ
    ရောက်ဖို့အတွက်
    ဆက်ခေါက်ကြရဦးမှာပဲ။

    ReplyDelete
  37. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  38. တိုင်းရင်းသားညီကိုမောင်နှမအပေါင်း ဘေးရန်ကင်းကြပါစေ

    ReplyDelete
  39. Fighting
    Click,click,click.......

    ReplyDelete
  40. မျှော်လင့်ခြင်း
    ကောင်းသောမျှော်လင့်ခြင်းတိုင်း
    ပြည့်ဝကြပါစေ။

    ReplyDelete
  41. Fighting
    Click,click,click........

    ReplyDelete
  42. ကလစ်ပီးရင်းClick

    ReplyDelete
  43. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog