ကမ္ဘာမြေဟာ လည်ပတ်နေအုံးမှာ

နှုတ်ဆက်စကားတွေကို 
အမုန်းဆုံးပဲ
သို့သော် ခွဲခွာခြင်းဟာ 
ကျွန်တော်တို့နဲ့
အမြဲ ပုခုံးဖက်ပေါင်းနေတဲ့ဘော်ဒါပဲ
လက်ဖက်ရည်ဆိုင်ထဲထိုင်
ကမ္ဘာကို အမြင်မျိုးမျိုးနဲ့ဆွေးနွေးကြတယ်။

ရေစက်ဆိုတဲ့ 
ကံတရားရဲ့ သတ်မှတ်မှုအောက်
ခဏတာကို တသက်စာမှတ်ပြီး မြူးတူးကြ
ကဗျာဆရာဟာ ရင်ကိုလှပ်ထားရပါတယ်
သေခြင်းတရားကို မေ့သင့်သလောက်မေ့။

အချိန်တွေဟာ အမြဲလည်ပတ်နေတယ်
ကမ္ဘာမြေဟာ အမြဲလည်ပတ်နေတယ်
ရာသီတွေ ဟောင်းဟောင်း
နေ့ရက်တွေ ပြောင်းပြောင်း
အမှတ်တရဟာလည်း
အခိုက်အတန့်တွေကြားညှပ်နေမှာ။       ။ 

ကျွန်တော်

Comments

  1. အခိုက်အတန့်တွေကြား🤔🤔🤔🤔

    ReplyDelete
  2. တွေ့ဆုံခြင်းတွေရှိနေသ၍
    ခွဲခွာရခြင်းဆိုတာလဲအမြဲရှိနေမှာ

    ReplyDelete
  3. ဖြစ်ပြီးရင် ပျက်မှာ
    တွေ့ဆုံပြီးရင် ခွဲခွာရမှာ
    လောကရဲ့ မပြောင်းလဲသော နိယာမ

    ReplyDelete
    Replies
    1. အဲ့ဒီကြားကာလလေးကိုတော့အတူဖြတ်သန်းချင်မိတယ်။

      Delete
    2. မမနဲ့တွေ့ချင်ပါတယ်😁

      မမလောင်က အတူတုဖြတ်သန်းနိုင်ပါစေ😁

      Delete
    3. နေကောင်းရဲ့လား
      ဘယ်ပျောက်နေ

      Delete
  4. ဘဝလမ်းခရီးဟာ
    ဝမ်းမီးနဲ့ ပြီးရမှာလား
    ငှက်ဆိတ်တဲ့ သစ်စည်းတစ်သည်းမှာတောင်
    အဓိပ္ပါယ် သိပ်သည်းခဲ့ပါတယ်

    မောင်ချောနွယ်

    ReplyDelete
    Replies
    1. ဒါပေမယ့် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
      အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။

      ယောက်ျားပဲ ဒါပေမယ့် အဆင်ပြေချင်မှ ပြေလိမ့်မယ်။
      ယောက်ျားကြီးများလဲ အဆင်မပြေပါဘူး။

      အဆင်မပြေဘူးလေ
      အဆင်မှ မပြေတာ
      ဘယ်လိုလုပ်မလဲ။

      အောင်ချိမ့်

      Delete
  5. မဆုံနိုင်းမှန်းသိတဲ့အခါ
    လိမ်ညာပြောလိုက်မိတယ်
    အနာအကျင်များနဲနဲသက်သာမလားပေါ့

    ReplyDelete
  6. အချိန်မတန်သေးပဲ နှုတ်ဆက်ခွဲခွာရတဲ့ Sad endingတွေကို မုန်းတယ်😔

    ReplyDelete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. We will never give up. We will fight to the end

    ReplyDelete
  10. တချို့က ပြုံးပြနှုတ်ဆက်
    တချို့က လုံးဝနှုတ်မဆက်
    တချို့က အမှတ်တမဲ့
    တချို့က အမှတ်တရနဲ့
    ခဏတာ ဆုံကြရတဲ့
    သံသရာ ခရီးသည်များ
    တ​လှေတည်း​ပေါ်မှာ ခဏတာ။

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. အချိန်မတန်ခင်ခွဲခဲ့ရပြီ

    ReplyDelete
    Replies
    1. ဘယ်ခါ အချိန်တန်မလဲကွယ်
      အချိန်ကြာလာတာနဲ့ အမျှ
      ငါတို့လူ​တွေ ​လျော့လာပြီ 😔

      Delete
    2. အမြန်ဆုံးပြီးဆုံးစေချင်ပါပြီ

      Delete
  13. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🥷 လိပ်ပြာလုံပါစေ ...

    @ နီးနေပြီ ...
    လာချင်ရင်ပေါ့
    ‌ ဝေးနေတယ် ...
    ဆင်ခြေဆင်လက်ပေါ့
    မလုံခြုံဘူး ...
    ကြောက်နေရင်တော့
    မထူးပါဘူး ...
    အရူးချီပန်းပေါ့တော့တော့
    ဒါပေမယ့် ...
    ပြန်ဆုံတဲ့တစ်နေ့
    မင်းလိပ်ပြာလုံပါစေ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. 🥷 Love Song 2.

    ReplyDelete
  16. ကမ္ဘာမြေဟာ လည်ပတ်နေဦးမှာ။

    ReplyDelete
  17. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. ကမ္ဘာကြီးကလည်နေပေမယ့် ငါတို့တွေကလည်းရပ်နားရမယ့်အချိန်မရောက်သေးဘူးဆိုတာ......

    ReplyDelete
  19. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. Wheel............dope.🏹🏹🏹

    ReplyDelete
  22. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  23. နှုတ်ဆက်စကားတွေကို
    အမုန်းဆုံးပဲ
    ကျ​နော်ဟာ ခွဲခွာခြင်းနဲ့ ​နေသားမကျ​သေးပါ

    ReplyDelete
  24. ကျနော်
    Fighting
    I like this poem.

    ReplyDelete
  25. ငါကတော့ လုလုအောင်ကို ချစ်တယ်
    မြတ်နိုးတယ်
    ဘာလို့လဲဆိုတော့ တချို့ သော ဝဲစားများက လုလုအောင်ကိုတိုက်ခိုက်လို့
    သူ့ဘဝနဲ့သူ့ရပ်တည်ချက်က သူ့လူမျိုးတွေကို ဂုဏ်တက်စေတယ် ဆိုတာ ဘုရား ရယ် သူ့ပြုစုထားတဲ့ ပန်းတွေပဲသိတာ
    လိင်၁က်ဆံရင် အာသာမပြေတဲ့ လူတန်းစာများကတော့ သူမကိုတိုက်ခိုက်လို့

    ReplyDelete
  26. ကမ္ဘာကို အမြင်မျိုးမျိုးနဲ့ဆွေးနွေးကြတယ်

    ReplyDelete
  27. အချိန်တွေဟာ
    အမြဲ လည်ပတ်နေတယ်။

    ReplyDelete

Post a Comment

Popular posts from this blog