သူငယ်ချင်းထံပေးစာ (၁၃)

ဟင့်အင်း
ပန်းတွေ မကြွေပါဘူး၊

ဟင့်အင်း
ပန်းတွေ မကြွေပါဘူး၊

ဟင့်အင်း
ပန်းတွေ မကြွေပါဘူး....

ပန်းတွေကတော့ မကြွေခဲ့ပါဘူး
ကိုယ်တွေက အာရုံငါးပါး
ခမ်းခြောက်သွားခဲ့တာ၊

ဥပမာ...
ကိုယ်က တခုလပ်ဖြစ်သွားပြီး
ကိုယ့်မယားက မုဆိုးမ ဖြစ်သွားတာမျိုး၊

ဒီကဗျာမှာ ဝမ်းသာစရာ
မရှိသား ရှားပါးလွန်းတယ်။       ။

ရင်သွေး

Comments

  1. လိုက်မမှီ

    ReplyDelete
  2. ကြွေပေမယ့် ဝေနေဆဲ ဝေနေမြဲပေါ့

    ReplyDelete
  3. ထာဝရပန်း❤️

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
    Replies
    1. သတိတရပါပဲ
      မိမိရရ ဖမ်းမဆုပ်နိုင်ခဲ့တွေနေ့တွေလေ
      တစ်နေ့ မေ့နိုးနိုး.....
      တစ်နေ့ တွေ့နိုးနိုး.....
      ဟိုး...တစ်နေ့က အချိန်တွေကို
      နာနာကျင်ကျင်ရေတွက်ရင်း မိုးလင်းခဲ့ပေါင်းများပြီ

      -ထွန်းဟိန်းယံ

      Delete
    2. လှိုင်းတံပိုးတေက ဘဝရဲ့ သံစဉ်တွေလား...
      ငါကဒူးထောက်အရှုံးပေးရင်း လေးဘက်ထောက်ဆက်လျှောက်နေသူပါ...
      ထွက်ပေါက်ကို အရက်တစ်ခွက်နဲ့စောင့်ကြည့်ရင်း ...
      သွန်သင်ဆုံးမလို့မရတဲ့သတိရခြင်းနဲ့...
      ခါးသက်သက်အတိတ်တေကို ရေခဲနဲ့ရောရင်း
      မျက်လုံးဆုံမှိတ်မော့ချလိုက်တယ်...
      အား........ ကောင်းလိုက်တဲ့အလွမ်းတစ်ခွက်...

      Delete
  5. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. အာရုံငါးပါးခန်းခြောက်သွားရုံပါ

    ReplyDelete
  8. ဟင့်အင်း😔

    ReplyDelete
  9. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  10. လေးစားထိုက်သူတွေ အားလုံးကို
    လေးစားမှုနဲ့အတူ ဂုဏ်ယူပါသည်။

    ReplyDelete
  11. ဝမ်းသာစရာလား....
    😔😔😔

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. ဘယ်တော့မှ မမေ့ဘူး။
    အမြဲတမ်း အမှတ်ရ
    နေတယ်လို့ ပြောတာဖြစ်ပါ၏။

    ReplyDelete
  14. Fighting
    Click,click,click............

    ReplyDelete
  15. Wheel............dope.🏹🏹🏹

    ReplyDelete
  16. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  17. ပန်းတွေ မကြွေပါဘူး 🥺

    ReplyDelete

Post a Comment

Popular posts from this blog