တစ်ထောင့်နဲ့ ငါးရာ

အနားလည်နိုင်ဆုံး 
ဘာသာစကားနဲ့ ရှင်းပြရမယ်ဆိုရင်

မင်း ရေချိုးမှားသွားတဲ့အခါ 
ကိုယ်က အအေးပတ်မယ် 

ကိုယ်က အိပ်ရေးမဝတဲ့အခါ 
မင်းက မျက်တွင်းကျနေမယ်
 
မင်းက လူတစ်ယောက်ကို မုန်းလိုက်တဲ့အခါ
ကိုယ့်မှာ ချစ်ခြင်းမေတ္တာဆိုတာ မရှိတော့ဘူး
 
ဒီလိုပဲကွ 
ဒီလိုပဲ 
ကိန်းဂဏန်းတစ်လုံးက 
အကြိမ်တစ်ထောင်အထက်မှာ ရှိနေတဲ့အခါ။         ။ 

ဗာဂို

Respect & Credit to Poet Va Goh 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ကိုယ်တော်တော်ညံ့တယ်
    နားမလည်ဘူး
    ☺️☺️☺️

    ReplyDelete
    Replies
    1. နှစ်ယောက်တအိမ်မက် လို့တော့ထင်တာပဲ ဗျာ

      Delete
    2. ဟုတ်ကဲ့
      ကျေးဇူးပါ

      Delete
  3. This comment has been removed by the author.

    ReplyDelete
  4. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. မင်းမကျန်းမာတဲ့အခါ
      ကိုယ်ကနွမ်းလျနေမယ်။

      Delete
    2. ဆက်ပြောလေ🙄
      ငပေါ🤣🤣

      Delete
  6. 🙂 ဆန္ဒနဲ့ဘဝ ...

    @ ဆန္ဒ ...
    ၁.စစ်ကျွန်ဘဝက အမြန်လွတ်ချင်တယ်
    ၂.ပြည်သူ့အစိုးရ အမြန်အုပ်ချုပ်စေချင်
    ၃.ပြည်သူများ အေးချမ်းသာယာစေချင်
    ၄.တိုင်းရင်းသားညီအကိုမောင်နှမများနဲ့
    ဖက်ဒရယ်ညီအကိုမောင်ဖွားဖြစ်ချင်မိ
    ၅.ပြည်သူများ တန်းတူညီတူအခွင့်အရေး
    ရစေချင် ...အများကြီးပေါ့။

    @ ဘဝ ...
    ၁.စစ်ကျွန်ဘဝက အမြန်လွတ်အောင်ကြိုး
    စားနေရ
    ၂.ကိုလိုနီခေတ်ကလို အလိုတော်ရိ၊သာကူး
    သာပေါင်းများကို ကြောက်နေရ
    ၃.နေသာသလိုနေသူတွေလည်း များလာ
    ၄.တစ်ချို့ ...တော်လှန်ရေးအဓိကဖြစ်ပေမယ့်
    အာဏာရူး၊ပါဝါရူးတွေဖြစ်ထွန်းလာ
    ၅.တစ်ချို့ ...မညီညွတ်၊အကွဲကွဲအပြားပြား
    သူတလူငါတမင်းလုပ်နေကြ။

    # စဉ်းစားကြည့်ကြ ...
    စည်းလုံးကျော်လွှားမှ ဖြစ်မှာဗျ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  7. ဟင်းချက်​နေရင်း
    လက် ဓါးရှသွားတဲ့အခါ
    မင်းတစ်ခုခုဖြစ်​နေမလားလို့ စိုးရမ်တယ်
    တခါတ​လေ ...
    သဘာဝလွန်ဖြစ်ရပ်​တွေကို ကိုယ်ယုံတယ်။ ။
    #ဖ​ရော်ဆန်

    ReplyDelete
  8. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  9. မင်း ကိုယ်ဝန်ရှိတဲ့ခါ
    ကိုယ် ဗိုက်ကြီးမယ်
    မင်း အင်အင်းပါတဲ့ခါ
    ကိုယ် ညှစ်​ပေးမယ်​ပေါ့
    မဆိုးဘူး.. သူ ချစ်တတ်တယ်
    တကယ်။

    ReplyDelete
  10. မင်းက လူတစ်ယောက်ကို မုန်းလိုက်တဲ့အခါ
    ကိုယ့်မှာ ချစ်ခြင်းမေတ္တာဆိုတာ မရှိတော့ဘူး

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. Fighting
    Click,click,click........

    ReplyDelete

Post a Comment

Popular posts from this blog