အီလျာအာရင်ဘတ်ထံ ပေးစာ 

မျက်ရည်ကျတာဟာ
ရာဇဝတ်မှုဆိုရင် 

သွေးမြေကျတာကရော
တရားမျှတမှုလား 

သွေးရော
မျက်ရည်ရော
တပြိုင်နက်တည်းကျပါတယ် 

စိတ်ဓာတ်တော့
မကျဘူး ။ 

ကြည်ဇော်အေး

Respect & Credit to Poet Kyi Zaw Aye


Comments

  1. To our victory…

    ReplyDelete
  2. ဘယ်တော့မှ အရှုံးမပေးဘူး

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. Replies
    1. ဘယ်လောက်ပဲ ရင်နာရပါစေ စိတ်ဓါတ်တော့ မကျပါဘူးဆရာ


      အမြဲ ခွန်အားဖြစ်ရပါတယ် 💙

      Delete
  5. စစ်ကြီးပြီးရင်
    ခန်းစီးအသစ်တွေလဲကြမယ်

    -ပျော်စရာကောင်းတဲ့
    ဖျော်ရည်တွေသောက်ကြမယ်

    -ဘုရားစင်ပေါ်မှာ
    အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်

    -တောင်းရမယ့်ဆုက
    ချစ်သူများသာ အဓွန့်ရှည်ပါစေ။

    -ကြည်ဇော်အေး

    ReplyDelete
  6. "စိတ်ဓာတ်တော့
    မကျဘူး ...!!"

    ငြိမ်းချမ်းပါ‌စေ....

    ReplyDelete
  7. ဆရာရဲ့ တော်လှန်ရေးကဗျာတွေက အရမ်းကောင်းတယ်။ ဆရာ့ကို ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်ရတယ်။ ဆရာ့ရဲ့တော်လှန်ရေးကဗျာတွေကတော့တော်လှန်ရေးမှာ ပါဝင်နေတဲ့လူတွေကို အမြဲခွန်အားပေးနေမှာပါ။

    ReplyDelete
  8. တနေ့တော့ ရောက်ရမယ်💪🏻💪🏻💪🏻

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. စိတ်ဓာတ်တော့မကျဘူး💯

    ReplyDelete
  11. ပရိတ်သတ်​တွေကို
    စိတ်ဓါတ် ခွန်အား​ပေးတဲ့ ဆရာ
    ကဗျာ ​လေးက ဟတ်ထိတယ်
    ကမ္ဘာ​မြေအတွက် ​ပေးခဲ့တဲ့လက်​ဆောင်
    ​အသက်​လောက်​တောင်
    တန်ဖိုးကြီးလှပါတယ်။

    ReplyDelete
  12. စိတ်ဓါတ်​တော့ မကျပါ

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog