ကြိုးလေးတစ်ထုံးဖြစ်ချင်တယ် 

ပုဂံဟာ ပျက်နှင့်နေလည်း
ငါတို့ ဆက်ရွေ့တာပဲ
ချစ်တာကိုး။ 

တစ်နေ့ တစ်လံ 
နှစ်နေ့ နှစ်လံ 

ခေတ်ကြီးရဲ့ တောင်းဆိုချက်အရ
အပေးအယူမဆန်စွာ ငါတို့ရောက်လာတယ် 

လမ်းဆုံးအောင်လျှောက်မယ့်ခြေထောက်
ရှိတယ်မဟုတ်လား 
အတူသွားရအောင်။ 

ကြိုးပြတ်စတွေ အချင်းချင်း 
မျိုးတူရာ လိုက်ချိတ်ဆက်ကြတော့ 
ကျွန်တော်လည်း 
ကြိုးလေးတစ်ထုံးဖြစ်ချင်တာပေါ့။ 

ဒို့လမ်းက စည်းကမ်းနဲ့ကွယ်
ကျွန်တော်ဟာ 
သေဖို့အသက်မပြည့်သေးဘူးတဲ့
တောင်းပန်ပါတယ်။ 

ဒီတော်လှန်ရေးမှာ 
ကျွန်တော်ဟာ ဆင်းရဲသားပါ 
အိမ်မပိုင်တဲ့ကောင်
အလင်းရောင်မှုန်ပျပျနဲ့ကောင်လေ
နှောင်ကြိုးဖြတ်မယ့်အင်အားဟာ ချိနဲ့နဲ့ပေါ့။ 

ပိုင်ဆိုင်တာဆိုလို့ 
မရပ်တန့်မယ့်ခြေလှမ်းပဲရှိတယ်
ပြောရမှာတော့ အားနာပါတယ်
လိုက်ခဲ့မယ်
သွားနှင့်ကြ။ 

ပုဂံဟာ စောင့်နေတယ်
ပုဂံဟာ ပျက်ရင်းနဲ့စောင့်နေတယ်။ 

ကိုဟိန်း

Comments

  1. "ပိုင်ဆိုင်တာဆိုလို့
    မရပ်တန့်မယ့် ခြေလှမ်းပဲရှိတယ်.."🤜🤛

    ReplyDelete
  2. kyalkalay(😁😁😁)October 20, 2022 at 3:09 AM

    ပုဂံဟာ စောင့်နေတယ်
    ပုဂံဟာ ပျက်ရင်းနဲ့စောင့်နေတယ်💔

    ReplyDelete
    Replies
    1. ပိုင်ဆိုင်တာဆိုလို့ မရပ်တန့်မယ့် ခြေလှမ်းပဲရှိတယ်.."February 22, 2023 at 6:44 PM

      🤝🤝

      Delete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. "လမ်းဆုံးအောင်လျှောက်မယ့်ခြေထောက် ရှိတယ်မဟုတ်လား
    အတူသွားရအောင်။" 💪

    ReplyDelete
  5. အသည်းကွဲပြီးတည်းက
    ဘာကိုမှ မကြောက်တော့ဘူး

    မောင်လှမျိုး

    ReplyDelete
  6. 🙂 ငြိမ်းချမ်းရေး ...

    @ လူသားအားလုံးကို ...
    ဘယ်အရာ"အလိုချင်ဆုံး"လဲလို့
    မေးကြည့်မယ်ဆိုရင် !!!
    လူသားအားလုံးက ...
    အလုံးစုံ"ငြိမ်းချမ်းရေး"လို့
    ‌ ဖြေကြပါလိမ့်မယ်
    ဒါပေမယ့် ...
    လူအများစုက
    ထိုင်မျှော်နေကြပြီး
    လူသားဆန်သူတွေကသာ ...
    အသက်စွန့်အလုပ်လုပ်ကြပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ သီအိုရီ

    ReplyDelete
  7. 🙂 ၇၅ကြိမ်မြောက်
    မြန်မာ့လွပ်လပ်ရေးနေ့ ...

    @ ၇၅ကြိမ်မြောက် ...
    မြန်မာ့လွပ်လပ်ရေးနေ့မိန့်ခွန်း။
    ၁.အမှားလုပ်ထားတဲ့သူများမှဝန်ချတောင်း
    ပန်၍ပြည်သူ့အာဏာအား"ပြည်သူ့"ထံသို့
    ပြန်လည်အပ်နှင်းရန်၊
    ၂.ပြည်သူပြည်သားများ၊အာဏာရှင်စံနစ်
    မကျဆုံးသေးသ၍တတ်နိုင်သည့်ဘက်မှ
    ပါဝင်ကူညီတိုက်ထုတ်ရန်၊
    ၃.နွေဦးတော်လှန်ရေးတွင်ပါဝင်ကူညီဆောင်
    ရွက်နေသူအားလုံး၊မည်သည့်အကြောင်း
    အရာနှင့်မျှသွေးမကွဲရန်၊
    ၄."တော်လှန်ရေးကာလ"ဖြစ်သည့်အတွက်
    ဦးဆောင်နေရသူအားလုံး၊ပါဝါအာဏာ
    စွန့်လွှတ်ပြီး၊တော်လှန်ရေးကိုသာဦးစား
    ပေး၊ဦးတည်ဆောင်ရွက်ရန်၊
    ၅.မည်သည့်လုပ်ငန်းမဆို"မှန်မှန်ကန်ကန်နှင့်
    မြန်မြန်ဆန်ဆန်"ဆောင်ရွက်ရန်၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  8. ပိုင်ဆိုင်တာဆိုလို့
    မရပ်တန့်မယ်ခြေလှမ်းပဲရှိတယ်
    ပြောရမှာတော့ အားနာပါတယ်
    လိုက်ခဲ့မယ်
    သွားနှင့်ကြ။

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  11. ပိုင်ဆိုင်တာဆိုလို့
    မရပ်တန့်မယ့်ခြေလှမ်းပဲရှိတယ် 🚶🏼‍♀️🚶🏼‍♀️🚶🏼‍♀️

    ReplyDelete
  12. ❤️❤️❤️

    ReplyDelete
  13. ကြိုးပြတ်စတွေ အချင်းချင်း
    မျိုးတူရာ လိုက်ချိတ်ကြတော့
    ကျွန်တော်လည်း
    ကြိုးထုံးလေး တထုံး
    ဖြစ်ချင်တာပေါ့။

    ReplyDelete

Post a Comment

Popular posts from this blog