လွမ်းမိတဲ့ အမေ့လက်ရာ (၅)
ငါးဖယ်ရေချိုချက်
ဒီတစ်ပတ်ကတော့ အညာရောက် ဧရာ၀တီတိုင်းသားလေးရဲ့ သူ့အမေချက်တဲ့ လွမ်းမိတဲ့ လက်ရာလေးကို ပြောပြပေးသွားမှာပါ။ ဧရာ၀တီတိုင်းသားတိုင်း သွေးမအေးဘူးဆိုတာ သိစေချင်လို့ သူ့အလှည့်ပေးပါလို့ တောင်းဆိုထားတာဆိုတော့...။
ဒီဧရာ၀တီတိုင်းသားလေးဆိုလျှင် စစ်တပ်ကို တော်လှန်ချင်လွန်းလို့ ဧရာ၀တီတိုင်းကနေ အညာထိကို အန္တရာယ်ကြားကနေ စွန့်စားပြီးလာခဲ့ရတာပါ။ ဧရာ၀တီတိုင်းလို ငါး၊ပုဇွန်နဲ့ ပင်လယ်စာတွေ ပေါတဲ့နေရာကနေ အညာလိုနေရာမှာ စားရသောက်ရတာဟာ သူ့အတွက် အရမ်းမလွယ်လှပါဘူး။ ကျွန်တော်တို့ကမှ ရွာတွေဆီရောက်ရင် ရွာကလူတွေ စေတနာအပြည့်နဲ့ ချကျွေးကြတဲ့ ထမင်းဝိုင်းတွေမှာ ကိုယ်ကြိုက်တတ်တဲ့ အညာစာဟင်းပွဲလေးတွေ ပါတတ်ပေမယ့် သူကြိုက်တဲ့ သူ့ဒေသစာ ဟင်းပွဲမျိုးကတော့ မပါဖို့က သေချာသလောက်ပါပဲ။
တချို့ဟင်းလေးတွေဆို သူ့အပြောနဲ့တင် စားချင်စရာကိုကောင်းနေတာ။ ဥပမာ အိုင်ပက်လို့ရလာတဲ့ ငါးလေး၊ ပုဇွန်လေးအစုံကို အိုးကပ်လေးချက်ပြီး ချဥ်ပေါင်ကျိုပျစ်ပျစ်လေးရယ်၊ ဧရာ၀တီတိုင်းထွက် ငါးပိရည်ကောင်းကောင်းနဲ့ တို့စရာစုံစုံလေးပါတဲ့ မိသားစုထမင်းပွဲမျိုးတွေလို၊ ငါးပြေမလို၊ ငါးရံ့လိုငါးတွေပါရင် ငါးကိုအကောင်လိုက်ရွှံ့နဲ့မံပြီး မီးဖုတ်။ ကျက်ပြီဆိုရင် ရွှံ့လုံးကိုခွာလိုက်တာနဲ့ ငါးရဲ့အကြေးခွံနဲ့အရေခွံက ရွှံ့မှာပါသွားပြီး အသားမြှောင်းဖွေးဖွေးနဲ့ မြေနံ့သင်းပြီးအရမ်းမွှေးတဲ့ ငါးမီးဖုတ်လို၊ ငါးသလောက်ကို အကြေးခွံမထိုးပဲ ကျောဘက်ကနေခွဲပြီး အပူရှိန်မြင့်နေအောင်ပေးထားတဲ့ ဒယ်အိုးမှာ ကျောတစ်ချက်ရင်တစ်ချက် ကပ်လိုက်ပြီး စားရတဲ့ ငါးသလောက်မှောက်လို အစုံအစုံပေါ့ဗျာ။
သူပြောတာလည်း တစ်ခုရှိသေးတယ်။ တချို့တွေက ငါးသလောက်လို အရိုးများတဲ့ငါးကို အရိုးနူးအောင် ပေါင်းထားမှ စားကြပေမဲ့ ဒီတိုင်း မန်ကျည်းမှည့်ရည်လေးနဲ့ ဆီလည်ရေလည်ချက်တာမျိုးကျတော့ အရိုးများလို့ မစားကြဘူး။ စားပြန်ရင်လည်း အရိုးအများဆုံး ဂုတ်သားလိုနေရာကို မစားရဲကြဘူးတဲ့။
ဧရာ၀တီတိုင်းသားစစ်ရင်တော့ ဂုတ်သားလို အရိုးများတဲ့နေရာကိုမှ ရွေးစားတာတဲ့။ အဆီနဲ့အသားမျှပြီး အကောင်းဆုံးလို့ပြောရမယ့်အထဲ ငါးသလောက်ဂုတ်သားလည်း ပါတယ်ဆိုပဲ။
လက်ရှိ သူလွမ်းမိနေတဲ့ သူ့အမေလက်ရာလေးကတော့ ငါးဖယ်ရေချိုချက်ပါတဲ့။ ငါးဖယ်အကောင်လိုက်ကို သေချာအကြေးခွံထိုး (ငါးဖယ်ရဲ့အကြေးခွံဟာ သေးပြီးကပ်လွန်းတာကြောင့် တခြားငါးတွေလို အကြေးထိုးရမလွယ်ဘဲ ငါးဖယ်ရဲ့သွားနဲ့ ထိုးမှသာ လွယ်ပြီးမြန်ပါတယ်တဲ့) ပြီးရင် အရေခွံပေါက်မထွက်အောင် ငါးဖယ်တစ်ကောင်လုံးကို စိတ်ရှည်လက်ရှည်နဲ့ နေရာလပ်မကျန်အောင်ဓားနှောင့်နဲ့သေချာထုလိုက်။
ပြီးရင် ခဏထားလိုက် ပြန်ထုလိုက်နဲ့ သုံးလေးခါလုပ်ပေးရပါတယ်တဲ့။ အဲ့ဒါမှ ချက်ပြီးရင် ငါးဖယ်အသားက မာပြီးထုတ်ထုတ်လေးနဲ့ အရမ်းစားကောင်းတာပါ။
သူ့အမေက သူ့ကိုဆုံးမရခက်ပြီး ပြောမရတဲ့အခါမျိုးမှာထုလေမာလေ ငါးဖယ်ကောင်ရေလို့ ပြောတတ်ပါတယ်တဲ့။ (ငါးဖယ်အသားကို ထုထောင်းလေလေ မာလေမို့ ဆုံးမလေလေ၊ပိုဆိုးလေလေလို့ ပြောချင်တာပါ)။ ငါးဖယ်ကြီးလွန်းရင်လည်း အရိုးမာပြီးစားမကောင်းသလို သေးလွန်းရင်လည်း အရိုးချည်းပဲမို့လို့ တစ်ကောင်ကို နှစ်ဆယ်သား၊ အစိတ်သားလောက်ကောင်ကမှ အနေတော်ပါတဲ့။
ပြီးတော့ အခုလိုချက်မယ်ဆိုရင် ငါးကအရမ်းလတ်ဆတ်နေရင်လည်း ငါးဖယ်အသားက မာမလာတာမို့ မနက်ဖမ်းမိတဲ့ငါးကို နေ့လည်လောက်ချက်မှ အဆင်ပြေပြန်ပါရောသတဲ့။
သေချာစိတ်ကြိုက်ထုထားပြီးတော့မှ ငါးကို သုံးပိုင်းလောက် အပိုင်းကြီးပိုင်း၊ ပုဇွန်ငံပြာရေကောင်းကောင်းနဲ့နယ်ပြီး ခဏနှပ်ထား။ ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်ဖြူ/နီနဲ့ ငရုတ်ကောင်းနည်းနည်းရောထောင်းထားတာကို ဆီသတ်၊ စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုမှ ငါးဖယ်တွေထည့်ပြီး အတုံးမပျက်အောင် အသေအချာမွှေ၊ အထက်အောင်လှန်ပေး။
ရေနွေးအဖြူထည့်ပြီး ငါးကျက်အောင်တည်။ ငါးလည်းကျက်ပြီ၊ အပေါ့အငံလည်းစိတ်ကြိုက်ရပြီ၊ ဟင်းကလည်း ဆီလည်ရေလည်လေးဖြစ်လာပြီဆိုရင် အသင့်ဆေးပြီး လှီးထားတဲ့ ရှမ်းနံနံလေးအုပ်လိုက်ရင် သူအရမ်းကြိုက်တဲ့ ငါးဖယ်ရေချိုချက် တစ်ပွဲရပါပြီတဲ့လေ။ သေချာထုပြီးမှ ချက်တာမို့ ငါးဖယ်အသားက မာမာထုတ်ထုတ်လေးနဲ့ အရမ်းစားကောင်းပါတယ်တဲ့။
ကျောကုန်းဘက်မှာပါတဲ့ အရိုးပျော့ပျော့လေးတွေကို ညက်အောင်၀ါးစားမယ်ဆို ဗိုက်ဘက်ကအရိုးက ထွင်ရလွယ်တာမို့ စားနေကျလူတွေအတွက်တော့ ထမင်းပိုချက်ရမယ့် ဟင်းပါပဲတဲ့။ အရံဟင်းကိုတော့ လယ်ကန်ဇွန်းရိုးနီနဲ့ချဥ်ပေါင်ရွက်ကို ပုဇွန်ဆိတ်ဟင်းခပ်ထည့်ထားတဲ့ လှော်ဟင်းရယ်၊ ဘူးသီးဟင်းခါး ပူပူလေးရယ်၊ ဧရာ၀တီတိုင်းက ထမင်း၀ိုင်းတွေမှာ မပါမဖြစ် ငါးပိရည်ကောင်းကောင်းနဲ့ တို့စရာအစုံရယ်ပေါ့ဗျာ။
သူ့အမေက ငါးဖယ်ရတိုင်းမှာ ငါးဆုပ်ထက် သူသားအရမ်းကြိုက်မှန်းသိတဲ့ ငါးဖယ်ရေချိုချက်ကိုသာ ချက်ကျွေးလေ့ရှိတာကြောင့် ကျန်တဲ့မောင်နှမတွေက မျက်နှာလိုက်လွန်းတယ်တောင် စကားနာထိုးခံရတာပါတဲ့။
တော်လှန်ရေးပြီးလို့ သူအိမ်ပြန်လာတော့မယ့်ရက်သာ ကြိုဖုန်းဆက်ထားမယ်ဆိုရင် သူ့အမေက သူ့အတွက် ငါးဖယ်ရေချိုချက်ဟင်းလေးချက်ပြီး စောင့်နေမှာ အသေအချာပဲလို့လည်း ခဏခဏပြောတက်သေးတယ်။ အညာသား ကျွန်တော်တို့ကို သူပြန်တဲ့အခါ သူတို့ဧရာ၀တီတိုင်းကို လိုက်လည်ဖို့လည်း အကြိမ်ကြိမ်ခေါ်သေးတာပါ။
“ငါတို့ဘက်က ဟင်းပွဲတွေလိုက်စားကြည့်ကြပါ။ ငါ့အမေလက်ရာကိုသာစားပြီးရင် မင်းတို့မပြန်နိုင်ပဲ ဖြစ်နေမှာ” လို့လည်း သူ့အမေလက်ရာကို အမွှန်းတင်ပြီး ကြွားတတ်သေးတာပါ။
အညာရောက် ဧရာ၀တီတိုင်းသား အမေချစ်သားလေးလည်း တိုက်ပွဲတွေမှာ ခလုတ်မထိ၊ဆူးမငြိဘဲ သူ့ကိုမျှော်နေမယ့် သူ့အမေဆီမြန်မြန်ပြန်နိုင်ဖို့၊ အညာမှာနေပြီးအညာကိုပြန်လွမ်းနေရတဲ့ ကျနော်တို့လည်း အိမ်အမြန်ပြန်နိုင်ဖို့၊ အညာမှာလာရောက် တော်လှန်နေကြတဲ့ တခြားတိုင်းနဲ့ပြည်နယ်က တော်လှန်ရေးရဲဘော်တွေလည်း သူတို့ကိုမျှော်နေမယ့် မိသားစုဆီ အမြန်ပြန်နိုင်ဖို့၊ အားလုံးရဲ့ အနာဂတ်တွေကို လွတ်လွတ်လပ်လပ်နဲ့ ပုံဖေါ်နိုင်ကြဖို့၊ တောင်တန်းပြည်မ ချစ်ကြည်ရင်းနှီးစွာနဲ့ ငြိမ်းချမ်းတိုးတက်ဖို့အတွက်ဆို မင်းအောင်လှိုင်ရဲ့အာဏာသိမ်းစစ်တပ်ကို မြန်မြန်အမြစ်ဖြတ်နိုင်မှ ဖြစ်မှာပါ။
အခုပဲ ကြည့်လေ...အာဏာသိမ်းတာ (၂) နှစ်ပြည့်ခဲ့ပြီးတာတောင် အာဏာသိမ်းစစ်တပ်ကို အမြစ်ဖြတ်ကိုဖြတ်မှဖြစ်မယ်ဆိုတာ အာဏာသိမ်းခံရတဲ့ (၂)နှစ်ပြည့်မှာ ပြုလုပ်တဲ့ Silent Strike မှာတညီတညွတ်တည်း လက်တွေ့ထပ်ပြခဲ့ကြပြီးပါပြီ။ တချို့တွေကလည်း စွန့်လွှတ်ခြင်းများစွာနဲ့ ရှိသမျှ၊ ပိုင်ဆိုင်သမျှကို လွှတ်ချခဲ့ပြီး ရှေ့တန်းမှာ ပါဝင်နေကြတယ်။
ရာထူး၊ အသက်မွေးဝမ်းကြောင်းတွေကို စွန့်လွှတ်ပြီး CDM အနေနဲ့ ပါ၀င်နေကြတယ်။ အစစအရာရာ မိုးပျံအောင်စျေးကြီးနေတဲ့ကြားမှာ ပိုလျှံလို့ ထောက်ပံ့နေကြတာ မဟုတ်ဘဲ စစ်တပ်ကို အမြစ်ဖြတ်ကိုဖြတ်ပစ်မှ ဖြစ်မယ်ဆိုတဲ့အသိတရားနဲ့ အရာရာကို ချိုးခြံချွေတာပြီး အသားနဲ့နှစ်နပ်စားနေကြလူတွေဟာ လက်ဖက်လေးနဲ့၊ ကြက်ဥကြော်လေးနဲ့၊ ကန်းဇွန်းရွက်ကြော်လေးတစ်ပွဲနဲ့ ချွေတာစား ပိုနိုင်သမျှပိုအောင်ဖယ်ပြီး လှူနေကြသလို ပြည်ပကအလှူရှင်တွေထဲမှာလည်း အဝေးမှာ ပင်ပင်ပန်းပန်းနဲ့ ရှာလို့ရသမျှ လစာထဲက ချွေတာသုံးပြီး ပိုသမျှကို ထောက်ပံ့ပေးနေကြတာလည်း မျက်မြင်ကိုယ်တွေ့ပါပဲ။
ကလစ်ကာတွေဟာဆိုရင်လည်း အားမှ Click တယ်ဆိုတာထက် Click ဖို့ အချိန်သီးသန့်ကို ဖယ်ထားရင်းနဲ့ ဝါသနာပါရာ ရုပ်ရှင်၊ဂီတ၊စာပေနဲ့ တခြားဝါသနာပါရာ အလုပ်လေးတွေနဲ့ အပန်းမဖြေဘဲနဲ့ကို ကလစ်ကိုသာ အားစိုက်နေကြတာပါ။
ဒါပေမယ့် တစ်ခါတလေတော့လည်း ကလပ်သွား၊ဘားတက်ပြီး ပျော်နေကြတဲ့သူတွေ ရသမျှသောက်စားပျော်ပါးနေကြတဲ့သူတွေကို မြင်မိတွေ့မိရင် အပြစ်တင်ပြီးပြောတတ်တဲ့သူ မဟုတ်ပေမယ့် စိတ်မကောင်းတော့ဖြစ်မိသားပေါ့။
တော်လှန်ရေးကို အားလုံးစုစုစည်းစည်းနဲ့သာ အားစိုက်ပြီး ပါကြမယ်ဆိုရင် တော်လှန်ရေးဟာ မြန်မြန်ပြီးမှာမို့ပါ။ ပျော်ကြ၊ပါးကြတဲ့ကိစ္စလေးတွေ စာနာမှု၊လူသားဆန်မှုတွေနဲ့ ဆင်ခြင်တုံတရားထားပြီး လိုင်းပေါ်မတင်ကြရင် ကောင်းမှာပဲလို့တော့ မကြာခဏတွေးမိပါတယ်။
တော်လှန်ရေးအတွက် ရှေ့တန်းမှာ အသက်ပေးပြီး တိုက်ပွဲ၀င်နေကြတဲ့ လူငယ်တွေဟာ သူတို့ရဲ့အနာဂတ်တွေအတွက်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးရဲ့ အနာဂတ်အတွက် သူတို့အသက်တွေ ချရင်းထားကြတာပါ။ ဒီနိုင်ငံဟာ မင်းအောင်လှိုင်ရဲ့ အာဏာရူးစစ်တပ်ကနေ လွတ်မြောက်မှုရဖို့ အချိန်ကြာလေလေ လူမဆန်စွာ လူသတ်၊ မီးရှို့တဲ့ ကိစ္စမျိုးတွေဟာ အပျော်ကြူးနေတဲ့သူတွေဆီ ရောက်ဖို့မြန်လေလေဆိုတာကိုလည်း သတိချပ်ထားသင့်ပါတယ်။ တော်လှန်ရေးကြီး အမြန်ပြီးဆုံးမှသာ အားလုံးရဲ့ အနာဂတ်တွေ ပြန်လည်တောက်ပလာခွင့်၊ ကြိုးစားတိုင်း အရာထင်ခွင့်တွေ ရရှိလာမယ်ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။
အဲဒါဆို ငါးဖယ်ရေချိုချက်လေး ဖတ်ပြီးသွားရင်တော့ နောက်နေ့ချက်စားဖို့ စျေးဝယ်စာရင်းလေးလုပ်ပြီးသွားရင် သက်ဆိုင်ရာ Appတွေ Webတွေမှာ ဆက်ပြီးကလစ်ပေးကြပါဦးလို့ တောင်းဆိုရင်း...။
Linn Khant Maw
💙
ReplyDeleteစားချင်လိုက်တာ😩😩
ReplyDelete🤣🤣
DeleteMe too.
Deleteမီးလည်း မေမေ့လက်ရာ တအားလွမ်းနေပီ အောင်ပွဲများနဲ့အတူ အမေလက်ရာတွေ စားကြမယ်ဗျ အားလုံးဖိုက်တိုးပါဗျ
ReplyDeleteအားကျလိုက်တာ ။ ဒို့တော့ ပြန်စရာ မေမေ့အိမ်တောင် မရှိတော့ပါဘူးကွယ် ။
Deleteမီးရော တီချယ်ရော ဖိုက်တင်းပါနော် အမြဲလေးစားလျက်ပါ။
Delete🕊️💪🙏🥰
Deleteအားလုံး ဖိုက်တိုးပါဗျ 😚
Deleteမီးမေမေကလည်း ချယ်မေမေပါနော်😁
✊💪❤️
Deleteငါးဖယ်တော့ရေချိုချက်မစားဖူးဘူး
ReplyDeleteငါးရံ့တို့ ငါးဘတ်တို့တော့ ရေချိုချက်စားတယ် ရှမ်းနံနံလေးနဲ့ ငရုတ်သီးစိမ်းတောင့်ထက်ခြမ်းခွဲထည့် ကျက်ခါနီး မုန်လာဥလေးထည့် အရမ်းကောင်းတယ် ပြောရင်းစားချင်လာပြီ 😁
သရေနဲ့မန့်ခဲ့တယ်မမ😹😹
Delete🤤😄
Delete🥰
Delete@ ML Sun ငါးသောက်ဆမ်းလေး သတိယသွားတယ်ဗျာ။
Deleteဟုတ် အစားသောက်မှန်သမျှ
Deleteသရေကျတဲ့ အဖွဲ့ကပါ 😁
🤎
ReplyDeleteကိုယ်တော့ ငါးဖယ် သိပ်မကြိုက်တတ်ဘူး။ ငါးသလောက်တော့ တပါတ် တခါချက်စားဖြစ်တယ်, တအားကြိုက်။
ReplyDeleteChyeju Kaba sai 🥰🕊️🥰
ReplyDelete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
ကိုယ့်အကြိုက်ဟင်းလေးတွေ
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteဝှီး..........ဒုတ်။
Deleteကိုဝှီး.....ဒုတ်၊အသဲကလည်း မဲမဲကြီးရှင်။
Deleteဟယ်တော်😂
DeleteWas
ReplyDeleteငါးဖယ်အသားကို ခြစ်ထုတ်ပြီး ချင်း စပါးလင် ကြက်သွန်နီ/ဖြူ ကော်မှုန့် ကြက်ဉတို့နဲ့ရောပြီး အလုံးလေးတွေလုံးပြီး ငါးဆုပ်ဟင်းပဲ ချက်စားဖြစ်တယ်။ ငါးဖယ်အကောင်လိုက် ရေချိုဟင်းတော့ မစားဖူးဘူး။ စမ်းကြည့်ဉီးမှ။ ငါးသလောက်ဆိုလည်း အရိုးနူးငါးသလောက်ပေါင်းပဲ စားဖြစ်တာများတယ်။ ငါးသလောက်ဟင်းက အရိုးဖယ်ရ များလွန်းလို့ ထမင်းစားချင်စိတ် ပျောက်သွားတတ်လို့။😁
ReplyDeleteအာ့တော့မစားဖူးသေးဘူး စားချင်မိ 🤤
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
အပြည့်အဝလွတ်လပ်သွားတဲ့နေ့ကြရင် YT - C4K နှင့် C4Tni က တင်ထားသမျှ စားစရာတွေ အကုန်လုပ်စားပစ်မယ်။ လောလောဆယ်တော့ ဖုံးနှင့်မျက်နှာ မခွာနိုင်သေးဘူး။
ReplyDelete👍😍
DeleteAppreciate.
ReplyDeleteကျေးဇူးပါ ခင်ဗျာ ♡
ReplyDeleteကိုယ်က အစားတလိုင်းသမားဟုတ်တော့ဟုတ်နေပြီ။
ReplyDeleteDone ✅
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteစားချင်လိုက်တာ 🤤
ReplyDeleteDone 💙🍀
ReplyDeleteစားချင်လိုက်တာ
ReplyDeleteFighting
ReplyDeleteClick,click,click............
နေစဉ်မပျက်ကလစ်လျက်ပါ
ReplyDeleteThis comment has been removed by the author.
ReplyDeleteအမေ့လက်ရာ။
ReplyDeleteYummy
ReplyDeleteစားချင်လိုက်တာ
ReplyDeleteFighting
ReplyDeleteClick,click,click...........
Wheel............dope.🏹🏹🏹
ReplyDelete🌧🌳
ReplyDelete