မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ဦး - ၇

ကံကြမ္မာက တော်တော်အချိုးမပြေတဲ့ကောင်
ကိုယ်က "အားလုံးကလွဲရင်
မင်းရဲ့အချစ်ကို ရချင်တာပါ" ဆိုမှ
မင်းက "အချစ်ကလွဲရင် 
အားလုံးပေးနိုင်တယ်" တဲ့ ဟူး...။

ကိုယ်က နောက်လုပ်မယ့်အရာကိုပဲ
ပြင်းပြင်းထန်ထန် အာရုံစိုက်လိုက်မိရင်
အရှေ့က တစ်ခုကိုမေ့သွားတတ်တယ်
အခုလည်း ကြည့်
မင်းက ခေါင်းရမ်းထားတာကိုမေ့ပြီး
နောက်တစ်ကြိမ် ဖွင့်ပြောပြန်ပြီ။

ဒါပေမဲ့ ကိုယ်မပြုပြင်ဘူး
မင်းငြင်းရင် ထပ်ဖွင့်ပြောမယ်
မင်းထပ်ငြင်းရင် ထပ်ဖွင့်ပြောမယ်
မင်းရဲ့မေတ္တာတရားတွေ 
ကိုယ့်ရင်ထဲ ဖြစ်တည်လာတဲ့အချိန်ထိ
ကိုယ်အမြဲမင်းကိုဖွင့်ပြောနေမယ်။

ကိုယ်က 'ဇွဲ'ကောင်းတဲ့ကောင်ပါ
ကိုယ်က အရစ်ရှည်ပြီးခေါင်းမာတဲ့ကောင်ပါ
လောလောဆယ်တော့ 
မင်းကို မတွေ့ရတာ၂ပတ်ရှိပြီ
မင်းနဲ့တွေ့ချင်မိတယ် 
နောက်ကျောကနေ 
အတောင်ပံတွေ ပေါက်လာချင်မိတယ်
ဒါမှမဟုတ် လေယာဥ်ပျံသာဖြစ်ချင်မိတယ်။

ကျွန်တော်

Comments


  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ကြိုးစားထား ဖိုက်တင်း🔥

    ReplyDelete
  3. ကဲကဲ ကျနော်အချစ်အားလုံးပေးန်ုင်တယ် ကလစ်တာတွေဆိုရင်😁

    ReplyDelete
  4. ဖိုက်တင်းပါ ကျွန်တော်ရေ
    အားပေးနေပါတယ်

    ReplyDelete
  5. ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများရင် လှုပ်လာသေးတာပဲ
    နှလုံးသားက ကျောက်ရုပ်မဟုတ်ဘူးလေ(သီချင်းစာသား)...

    ဒါကြောင့်
    ကြိုးစားထား ကျွန်တော်!!!😁

    ReplyDelete
  6. မိန်းကလေး မဆန်သောမိန်းကလေးက ပိုချစ်ဖို့ကောင်းနေတာပါ။

    ReplyDelete
  7. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  8. ကြိုးစားထားပါ။ ကျွန်တော်

    ReplyDelete
  9. ကျနော်လိုလူမျိူးလား🤣March 29, 2023 at 8:31 PM

    မိန်းမမဆန်တတ်ဘူး😂

    ReplyDelete
  10. ''နောက်တစ်ကြိမ်တစ်ခါ
    သို့မဟုတ် အကြိမ်ကြိမ်အခါခါ
    ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်၊

    သို့သော်.....မင်းကိုငါချစ်တယ်''

    အောင်ချိမ့်

    ReplyDelete
  11. မိန်းမကလေးမဆန်တဲ့မိန်းခလေးပါ

    ReplyDelete
  12. ဖိုက်တင်း ကျနော်။

    ReplyDelete
  13. ကိုယ်က 'ဇွဲ'ကောင်းတဲ့ကောင်ပါ

    ReplyDelete
  14. Fighting
    Click,click,click...........

    ReplyDelete
  15. အတောင်ကရှေ့မှာပေါက်တတ်လို့လား🙄🤪

    ReplyDelete

Post a Comment

Popular posts from this blog