"ချစ်​​သောရန်ကုန်"

ရန်ကုန်ဟာ ဂုဏ်မဆာ
နုံချာချာ မဟုတ်ဘူး။

ရန်ကုန်ဟာ ​ခေါင်းမငုံ့
​ဉာဏ်နုံ့တဲ့ထဲ မပါဘူး။

ရန်ကုန်ဟာ တိတ်ဆိတ်
ကြိတ်မှိတ်ပြီး ​တော်လှန်​နေတာ
အ​ပျော်ကြံသူ​တွေ လက်ထဲ
နည်းနည်းမှ ​နောက်မတွန့်ဘူး။

ရန်ကုန်ဟာ 
စည်းချက်ကျကျ နည်းလှလှနဲ့
စည်ကားပြလိုက် နားပြလိုက်
​ဖော်​ရွေပြလိုက် ​ချေပြလိုက်
မုန်တိုင်းကျလိုက် ​​နေသာလိုက်နဲ့
ကဗျာလွတ်​တော့ မကဘူး။

ဆာကူရာ

Comments

  1. လေးစားပါတယ် ဆာကူရာရေ
    ကဗျာရေးတတ်တဲ့သူတွေကို ပိုပိုပြီးအားကျလာပြီ 🥰

    ReplyDelete
    Replies
    1. တကယ်အားကျတယ်
      ဒီမှာတော့ ကဗျာမပြောနဲ့ ဒီတိုင်းစာစီရင်တောင် တိုင်ပတ်နေလို့

      Delete
    2. မီးတူမမ😂

      Delete
  2. လူတိုင်းက မင်းကိုချစ်တော့ချစ်ကြမယ်
    ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်
    မင်းအပြစ်မဟုတ်ခဲ့တာ ငါတို့နားလည်
    ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့

    ReplyDelete
  3. ချစ်သောရန်ကုန်...❤ငါတို့အောင်ပွဲနေ့ရောက်တဲ့ထိဆက်သွားကြမယ်..အားတင်းထား💪

    ReplyDelete
  4. ချစ်သောရန်ကုန် 💙💙

    ReplyDelete
  5. ဆာကူရာက ကောင်မလေးလားရင်

    ReplyDelete
    Replies
    1. ကောင်မကြီး🤭
      ကန်တော့ကိုဆာ

      Delete
    2. ကိုဆာလည်းပြောတယ် 🌝မမလင်းနော် မရှင်းမရှင်း🌝

      Delete

  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. အားလုံးပဲ ​ကျေးဇူးပါ 💛❤
    ရန်ကုန်အတွက် ရင်ခုန်ရင်း click ​နေပါတယ်။

    ReplyDelete
  8. ချစ်သောရန်ကုန် ✊✊✊

    ReplyDelete
  9. Fightingပါ ရန်ကုန်သူ/သားတို့!

    ReplyDelete
  10. ချစ်​​သောရန်ကုန်

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  11. စားဝတ်နေရေးအတွက် စည်ကားချင်ယောင်ဆောင်သောရန်ကုန်။ အရေးကြီးရင်သွေးနီးကြောင်းထပ်ပြလိုက်ပြန်ပြီ။ကျေးဇူးပါ။

    ReplyDelete
  12. "ချစ်သော ရန်ကုန်"

    ရန်ကုန်သူ မဟုတ်ပေမယ့် ရန်ကုန်ကို ချစ်သော...♡

    ReplyDelete
    Replies
    1. မီးတူ မမ 😁
      မမတစ်ယောက်အမြန်ဆုံးသက်သာပီးပြန်လာန်ုင်ပါစေကောင်မလေးရေ🥺
      ဟိုမမလည်းတိတ်ကဲယားနော်

      Delete
    2. မြို့တင်မက မြို့သူ/သားတွေကိုပါ ချစ်လို့ရပါတယ်နော် 😊



      FYI ✌️

      Delete
    3. မြို့သူဖြစ်ရမယ် 🤔🥰

      Delete
    4. 😁
      သိသာသွားတယ် 🤭🥰

      Delete
    5. ကျတော်ရန်ကုန်သားပါ😁

      မြို့ထဲတော့လည်လည်ဝယ်ဝယ်မသွားတတ်ဘူး🤣

      Delete
    6. မြို့သူ မြို့သားတွေကိုလည်း ချစ်ပါတယ် ♡♡ 😁

      Delete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. မိုးအမြဲရွာပါ​သော စားစရာ​တွေ ​ပေါပါ​သော ရန်ကုန်
    ချစ်ရတယ် လွမ်းရပါတယ်

    ReplyDelete
  15. တစ်ချိန်ကရန်ကုန်

    ReplyDelete

Post a Comment

Popular posts from this blog