အစိမ်းရောင်နာဇီစကြာပုံဆေးမင်ကြောင်

သတိရတဲ့အကြောင်းတွေ 
လွမ်းတဲ့အကြောင်းတွေကို
ဟစ်တလာကို ရင်ဖွင့်တော့ 
သူဘာမှပြန်မပြောဘူး

Heil Hitler ဆိုပြီး 
နာဇီလို လက်တစ်ဖက်မြှောက်ပြမှ 
စကားပြန်ပြောတယ်

သူ ဘာတွေပြောနေလဲ
ငါလည်းမသိဘူး
ငါ့ဆီက သတိရတဲ့စိတ်တွေကို 
သူ ရှူမိသွားတာတော့ သတိထားမိတယ် 

ခဏနေတော့ 
သူ အသက်ရှူကြပ်လာတယ်
ဂျူးခြောက်သန်းလို။

ကိုဟိန်း

Comments


  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. သတိရတဲ့စိတ်တွေ
    ခုချိန် လူသားတိုင်းမှာ
    ရှိနေပါပကောလား

    ReplyDelete
    Replies
    1. 😔😔မီးက အမြဲတတိရတတ်တဲ့သူ တစ်ယောက်ယောက်မတွေ့ရင်ကို အမြဲစိတ်ပူပီးမေးတတ်သူပါ မီးကိုသာမမေးကြတာ

      Delete
    2. မဟုတ်တာ
      မတွေ့ရင် သတိတရနဲ့ မေးနေကြတာကို

      Delete
    3. ခုလည်း ဘယ်ပျောက်နေလဲမသိ မီးပေါက်

      Delete
    4. လူချင်းမတွေ့ဘူးကြပေမယ့် ကလစ်ကာအားလုံးကို ကျန်းမာ ဘေးရန်ကင်းစေဖို့ အမြဲ ဆုတောင်းပေးဖြစ်ပါတယ် လေးလဲလေးစားပါတယ် 🥰

      Delete
  3. အော်..........ဘဝတွေ ဘဝတွေ။

    ReplyDelete
  4. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  5. သတိရတဲ့အကြောင်းတွေ
    လွမ်းတဲ့အကြောင်းတွေ ...

    ReplyDelete
    Replies
    1. ဟစ်တလာကို ရင်ဖွင့်တော့
      သူဘာမှပြန်မပြောဘူး

      Delete
    2. ဟစ်တလာကို ဘယ်သူ့အကြောင်းသွားပြီး ရင်ဖွင့်တာလဲ ဆန်းမီလေး

      Delete
    3. ခရက်ရှ်အ​ကြောင်း 😁
      မဖြစ်နိုင်တာ သွား​ပြော​တော့ သူလဲ ဆွံ့အသွားတာ​ပေါ့ အမရယ် 😄

      Delete
  6. ဂျူးခြောက်သန်းလို

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. Fighting
    Click,click,click.......

    ReplyDelete

Post a Comment

Popular posts from this blog