ဝက်ခြံပြဿနာ အဖြေရှာ ဝက်ခြံထွက်ရတဲ့အကြောင်းရင်းကို သိပြီးတဲ့နောက်မှာတော့ ဝက်ခြံကိုဘယ်လိုကုရမလဲဆိုတာသိဖို့ လိုလာပါပြီ။ အဲဒီတော့ ဘာသုံးကြမလဲပေါ့။ ဝက်ခြံသမားတွေအတွက် အရေးအကြီးဆုံး ရှောင်ရန်ကို ပြောရရင်တော့ အဆီပါပဲ။ အဆီကြိုက်တဲ့ ဝက်ခြံပိုးက အဆီများတဲ့ Skincare သုံးလေ ပိုပွားလေပါပဲ။ နောက်တစ်ချက်ကတော့ Cleansing လုပ်တဲ့အခါ Cream type လိုမျိုး ရှောင်ဖို့လိုပါတယ်။ Alcohol ပါပြီး အရေပြားကို ခြောက်သွေ့သွားစေနိုင်တဲ့ ပစ္စည်းတွေ အတတ်နိုင်ဆုံးရှောင်ပါ။ ရောင်ရမ်းနေတဲ့အဖုကို တတ်နိုင်သမျှ ပွန်းတိုက်မှုကြောင့် ဒဏ်ရာမဖြစ်စေဖို့ Scrub ကြမ်းကြမ်းလုပ်တာမျိုး အတတ်နိုင်ဆုံးရှောင်ပါ။ လုံးဝ လုံးဝ မညှစ်ပါနဲ့။ ဝက်ခြံ ဒဏ်ရာကနေ အမည်းစက် အမာရွတ် တင်းတိပ်အထိ ကူးပြောင်းသွားနိုင်ပါတယ်။ အနံ့အသက်ပါဝင်တဲ့ ပစ္စည်းတွေ အတတ်နိုင်ဆုံးရှောင်ပါ။ ဝက်ခြံသမားအယောက်အတွက် အရေးအကြီးဆုံး skincare ကိုပြောရရင် Cleansing နဲ့ Washing အဆင့်ပါပဲ။ တစ်နေ့တာလုံးကပ်ငြိနေတဲ့ ဖုန်မှုန့်၊ မိတ်ကပ်၊ အဆီပိုတွေကို ချွေးပေါက်ထဲအထိ စိမ့်ဝင်ဖယ်ရှားသန့်စင်နိုင်ဖို့အတွက် Cleansing မဖြစ်မနေလုပ်ဖို့လိုပါတယ်။ မျက်နှာကိုလည်း သေသေချာချာသန့်စင်ပေးပါ။ Lotion, S
Posts
- Get link
- X
- Other Apps
ဝက်ခြံထွက်လိုသူတိုင်းအတွက် နည်းလမ်း ၅ သွယ် ဝက်ခြံအမျိုးအစားတွေအကြောင်း ပြောပြပြီးကတည်းက စာကမရေးဖြစ်တာကြာပြီဆိုတော့ ဝက်ခြံထွက်စေတဲ့အပြုအမူတွေ၊ အနေအထိုင်၊ အမူအကျင့်တွေ ဆက်ပြီး ပြောပြပေးမယ်နော်။ ဝက်ခြံထွက်ချင်ရင် ဒီလိုမျိုးလေးတွေ ပြုမူလို့ရအောင်။ သတိထားကြည့်မိသလောက် လူအများစုက ဝက်ခြံထွက်လာတဲ့အခါ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့ကြိုးစားတာထက် လတ်တလော ဝက်ခြံထွက်တဲ့အပေါ် ဖြေရှင်းဖို့ပဲ အာရုံစိုက်နေတာ ပိုများပါတယ်။ ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ ဘယ်အချက်တွေက ဝက်ခြံထွက်စေသလဲ ဆက်ပြီး လေ့လာကြည့်ရအောင်... ဆံပင် ဆံပင်ကြောင့် ဝက်ခြံ၊ အဆီဖုထွက်တဲ့သူဆို ပါးရိုးနဲ့ နှာဖူးမှာ အထွက်များပါတယ်။ အထူးသဖြင့် ခေါင်းကထွက်တဲ့ အဆီနဲ့ ဖုန်တွေသဲတွေပေါင်းစပ်ပြီး အရေပြားကို ထိမိရင်းက ချွေးပေါက်တွေပိတ်စေပြီး ဝက်ခြံထွက်လာတာမျိုးပါ။ အဲဒါကြောင့် ပုံမှန်ခေါင်းလျှော်ပေးဖို့ လိုတာပေါ့။ ခေါင်းအုံး ဆံပင်နဲ့တစ်ဆက်တည်းပြောချင်တာကတော့ ခေါင်းအုံးပါ။ ဆံပင်ကအဆီက ခေါင်းအုံးမှာကပ်။ ညဘက်အိပ်တဲ့အခါ ခေါင်းအုံးမှာ စုနေတဲ့ အဆီတွေ၊ dead cells တွေက မျက်နှာမှာ လာကပ်ပြီး ချွေးပေါက်ပိတ် ဝက်ခြံထွက်လာစေပါတော့တယ်။ အဲဒါကြောင့် ခေါင်းအုံးစွပ်ကိ
- Get link
- X
- Other Apps
တနင်္ဂနွေစိတ်ကူး ပက်လက်ကုလားထိုင်လေးမှာ အဖေကထိုင် အဖေ့ခြေရင်းနားမှာ သမီးကလဲလျောင်းလို့ ကဗျာတွေအကြောင်း ပြောကြမယ် အဖေက ဒဂုန်တာရာကို ညွှန်းတဲ့အခါ သမီးက အောင်ချိမ့်ကို ကြွားမယ် သေချာတာက အဖေရော သမီးရော ဇော်ဂျီရဲ့ဗေဒါကို ချစ်ခဲ့ကြ ခြံထဲမှာပန်းပင်သစ်တွေ ထပ်ထည့်မယ် ပန်းတွေစုံတော့ သိပ်လှမှာပဲလို့ သမီးပြောတော့ သစ်ရွက်တွေကို ပိုချစ်တယ်လို့ အဖေပြောတယ် ရွက်လှအသစ်တွေ ထပ်စိုက်ကြတာပေါ့ စံပယ်တွေပွင့်ရင် အဖေ ခူးပေးမယ် သမီး ဘုရားမှာလှူပါ မိုးတဖြောက်ဖြောက်ဆို အဖေက "မိုးစက်တင်လေ" နဲ့ သမီးက "မိုးလေးဖွဲတုန်း" နဲ့ ဝေးလွင့်သွားသူတွေ ကိုယ်စီရှိဖူးတာ တူတယ် အဖေ ယုံကြည်ရာတွေပြောတယ် "ကမ္ဘာဟာ လေးထောင့်စက်စက်" တဲ့ သမီး ယုံကြည်ရာတွေပြောတယ် "ကမ္ဘာဟာ မွှတ်မွှတ်ထလည်တဲ့အထိ လုံးဝန်းတယ်" အဖေ့ပြတင်းပေါက်က လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်မှာ ကျန်ခဲ့ပြီ သမီးပြတင်းပေါက်က နှစ်ဆယ့်လေးနာရီ လည်နေတဲ့နာရီ အဖေက ရေဒီယိုက လာတဲ့အသံနဲ့ စကားပြောတယ် သမီးက ယူကျုကနေ ဖမ်းယူနားဆင်တယ် အပြောင်းအလဲဟာ ထူးဆန်းတယ်ဆိုပေမဲ့ မနက်ဖြန်ကိုတော့ အဖေရော သမီးရော အပိုင်မရနိုင်သေး အဖေက သူ့ခေတ်မှာ မအောင်မြင်တဲ့ ဆံပင်
- Get link
- X
- Other Apps
ဝေမြဲနှင်းဆီ ဟိုတုန်းက ပြပွဲတွေမှာ နှင်းဆီတစ်ပွင့်ပုံ တင်ချိတ်ရုံနဲ့ ပန်းချီကားလည်း အဖြုတ်ခံရ ရေးဆွဲသူလည်း အစစ်ခံရတယ် မိခင်က ရင်သွေးကို နို့ချိုကျွေးမယ် ဘာအဓိပ္ပာယ်လဲ မေးစရာလား မိခင်က ရင်သွေးကို အသက်ကယ်ပေးမယ် ဘာရည်ရွယ်လဲ မေးစရာလား ပုဆိန်ရိုး...တဲ့ ချိုးဖဲ့တိုင်း ကြွေရရင် ဝေပြစရာတောင် ကျန်မှာမဟုတ်၊ ခုတော့ ပုံတူကိုယ်ပွားတွေ တောလုံးဝေပြီ၊ အို...နှင်းဆီ... ရန်လိုတိုက်ခိုက်သူများအတွက် ဘယ်လို ရင့်ကျက် ရက်စက်ရိုင်းစိုင်းမှုများကို ဘယ်လို ဖြတ်ကျော် သူ့ကျင့်စဉ်အလှ ကမ္ဘာမြေရဲ့ သင်ရိုးအဖြစ် ပြဌာန်းရပြီ။ ဝေမြဲနှင်းဆီ... ဣန္ဒြေဖြင့် ရှေ့ကိုပဲကြည့်နေသည်။ ။ မင်းကိုနိုင် (၁၉/ဇွန်/၂၀၁၆) Respect & Credit to Saya Ko Min Ko Naing
- Get link
- X
- Other Apps
အမည်မသိ ဘူတာ (၁) ကျွန်တော် သေချင်သေပါစေ... ကျွန်တော့်ပိုက်ဆံကို ရအောင်ကယ်ပါ...ဒေါက်တာ ဒီနေ့ခေတ်ရဲ့ နာကျင်နေတဲ့ အသံက ပြောတယ်...။ (၂) ပြောပါ ငါတို့ ခေတ်ဟာ ဘယ်လိုခေတ်မျိုးလဲ၊ အသေအချာကြီး လေးနက်ရမှာလား...? ဘာကိုမှ စောက်ဂရုမစိုက်ဘဲ နေရမှာလား...? (၃) အသက်ရှင်ချိန်ဟာ တိုတောင်းလွန်းတော့ ငါတို့ချင်း ခင်တွယ်ရတာက တစ်ယောက်ရဲ့ အကျိုးအပဲ့ကို တစ်ယောက်က စာနာပေးဖို့ပဲ...။ (၄) ပိုးဖလံတွေ မီးကိုတိုးတာက ဘာဟုတ်သေးလို့လဲ ငါတို့ လူငယ်တွေဟာ ဟောဒီခေတ်ကြီးကို တိုးခဲ့တယ်...။ (၅) သံလမ်းဟောင်းတွေပေါ်ကိုတော့ ခေတ်က ရထားလို ခုတ်မောင်းသွားခဲ့ပြီ...၊ ငါတို့ရဲ့ ကလေးတွေ ဘယ်ဘူတာမှာ ဆင်းကြမလဲ...။ ။ မင်းခိုက်စိုးစန် (၂၀၂၀) Respect & Credit to Poet Min Khite Soe San
- Get link
- X
- Other Apps
၄၄ လမ်း Hero တွေက ဝတ်ရုံမပါဘူး မျက်နှာဖုံးမတပ် အပေါ်ရုံမခြုံဘဲ အလွတ်ကြီးကို ခုန်ချသွားတာ အလွတ်ကြီးကို ခုန်ချသွားတာ အသက်လည်းအပိုမပါဘူး ရုပ်ရှင်တွေထဲကလို cut လို့အော်ပြီး ပြန်မရှင်လာဘူး အလွတ်ကြီးကို ခုန်ချသွားတာ အလွတ်ကြီးကို ခုန်ချသွားတာကွ။ ဟာ ! ဟင် ! အို ! ဖြစ်ရလေကွာ...၊ စုတ်တသပ်သပ်နဲ့ မျက်ရည်ဝဲနေတဲ့ကောင်တွေ ခင်ဗျားတို့ပဲ ကမ္ဘာမြေမှာကျန်ခဲ့ကြ လူယုတ်မာတွေကြား နေခဲ့ကြ ကောင်းကင်နိုင်ငံမှာ ကဗျာဆရာတွေစုံနေပြီ နာဂတောင်တန်းအကြောင်း နားထောင်လို့လည်းရတယ် ငါတို့ခေတ်က ရေမွန် ဟိုဘက်ခေတ်ကဆို ထူးအိမ်သင်လည်းရှိတယ် ဟားဟားဟား !!! အလွတ်ကြီး ခုန်ချခဲ့တာကွ အလွတ်ကြီးကို ခုန်ချခဲ့တာနော်။ မငိုနဲ့ ငါတို့က ကောင်းကင်နိုင်ငံတော်မှာ အလွတ်ကြီးခုန်ချပြီး လွတ်မြောက်သွားပြီ ကမ္ဘာမြေကို ပြန်ကြည့်ရင်း စုတ်တသပ်သပ်.........။ ။ ခင်ခင် Respect & Credit to Poet Khin Khin & Photo