တနင်္ဂနွေစိတ်ကူး

ပက်လက်ကုလားထိုင်လေးမှာ 
အဖေကထိုင်

အဖေ့ခြေရင်းနားမှာ 
သမီးကလဲလျောင်းလို့
ကဗျာတွေအကြောင်း ပြောကြမယ်

အဖေက ဒဂုန်တာရာကို ညွှန်းတဲ့အခါ
သမီးက အောင်ချိမ့်ကို ကြွားမယ်
သေချာတာက အဖေရော သမီးရော
ဇော်ဂျီရဲ့ဗေဒါကို ချစ်ခဲ့ကြ

ခြံထဲမှာပန်းပင်သစ်တွေ ထပ်ထည့်မယ်
ပန်းတွေစုံ‌တော့ သိပ်လှမှာပဲလို့ သမီးပြောတော့
သစ်ရွက်တွေကို ပိုချစ်တယ်လို့ အဖေပြောတယ်

ရွက်လှအသစ်တွေ ထပ်စိုက်ကြတာပေါ့
စံပယ်တွေပွင့်ရင် အဖေ ခူးပေးမယ်
သမီး ဘုရားမှာလှူပါ

မိုးတဖြောက်ဖြောက်ဆို 
အဖေက "မိုးစက်တင်လေ" နဲ့
သမီးက "မိုးလေးဖွဲတုန်း" နဲ့
ဝေးလွင့်သွားသူတွေ ကိုယ်စီရှိဖူးတာ တူတယ်

အဖေ ယုံကြည်ရာတွေပြောတယ်
"ကမ္ဘာဟာ လေးထောင့်စက်စက်" တဲ့
သမီး ယုံကြည်ရာတွေပြောတယ်
"ကမ္ဘာဟာ မွှတ်မွှတ်ထလည်တဲ့အထိ လုံးဝန်းတယ်"

အဖေ့ပြတင်းပေါက်က 
လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်မှာ ကျန်ခဲ့ပြီ
သမီးပြတင်းပေါက်က 
နှစ်ဆယ့်လေးနာရီ လည်နေတဲ့နာရီ

အဖေက 
ရေဒီယိုက လာတဲ့အသံနဲ့ စကားပြောတယ်
သမီးက 
ယူကျုကနေ ဖမ်းယူနားဆင်တယ်

အပြောင်းအလဲဟာ ထူးဆန်းတယ်ဆိုပေမဲ့
မနက်ဖြန်ကိုတော့ 
အဖေရော သမီးရော အပိုင်မရနိုင်သေး 

အဖေက သူ့ခေတ်မှာ 
မအောင်မြင်တဲ့ ဆံပင်ရှည်တစ်ယောက်
အဖေ့မှာ ‌အဆင်မပြေမှုရှပ်ကော်လံကြီးနဲ့ 
ဆိုရှယ်လစ်စနစ်နဲ့
မိသားစုဆိုင်းဝိုင်းကြီးနဲ့ တဲ့
သမီးမော့ကြည့်လိုက်တော့ 
သူရဲကောင်းကြီးနဲ့တူတယ်

သမီးက သမီးခေတ်မှာ ​
အဆင်မပြေတိုင်း ဆံပင်ရှည်တွေညှပ်ပစ်တယ် 
သမီးမှာ အာဏာရှင်​ခေတ်နဲ့ 
အဝိုင်းလည်နေတဲ့ ဆက်သွယ်ရေးစနစ်နဲ့  
ကျောမှာ အထုပ်အထည်တွေနဲ့ 
အဖေငုံ့ကြည့်တော့ သူ့သမီးနဲ့တူတယ်တဲ့ 

အဖေ့ တစ်ကိုယ်လုံးမှာ 
အလေးလံဆုံးက ခြေဖနောင့်
သမီးတစ်ကိုယ်လုံးမှာ 
အလေးလံဆုံးက နှလုံးသား

အဖေ ဖိခြေပေးနေရတဲ့ 
အစိုင်အခဲတွေများတော့
ခြေဖနောင့်တွေတောင် ကွဲအက်နေပြီ

သမီး နှလုံးသားက 
အခုထိ မကျန်းမမာဖြစ်နေတုန်း
သားအဖဆိုတာ အဲဒီလိုပဲတဲ့
အသားမာတွေကိုခွာရင်း ပြောတယ်

အဖေ ပေါ့ပေါ့ပါးပါးလွင့်ပါစေ
သမီးလည်း ရေတံခွန်လို စီးပါစေ။

မြကျေး

Respect & Credit to Poet Mya Kyay

Comments

  1. တနင်္ဂနွေစိတ်ကူး
    အဖေ့ပြတင်းပေါက်က
    လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်မှာ ကျန်ခဲ့ပြီ
    သမီးပြတင်းပေါက်က
    နှစ်ဆယ့်လေးနာရီ လည်နေတဲ့နာရီ

    ReplyDelete
    Replies

    1. အဖေ ပေါ့ပေါ့ပါးပါးလွင့်ပါစေ
      သမီးလည်း ရေတံခွန်လို စီးပါစေ။

      Delete
  2. အဖေ့ တစ်ကိုယ်လုံးမှာ
    အလေးလံဆုံးက ခြေဖနောင့်
    သမီးတစ်ကိုယ်လုံးမှာ
    အလေးလံဆုံးက နှလုံးသား

    ReplyDelete

  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. သမီးက သမီးခေတ်မှာ
    အဆင်မပြေတိုင်း ဆံပင်ရှည်တွေညှပ်ပစ်တယ်
    သမီးမှာ အာဏာရှင်ခေတ်နဲ့
    အဝိုင်းလည်နေတဲ့ ဆက်သွယ်ရေးစနစ်နဲ့
    ကျောမှာ အထုပ်အထည်တွေနဲ့
    အဖေငုံ့ကြည့်တော့ သူ့သမီးနဲ့တူတယ်တဲ့

    ReplyDelete
  5. အ​ဖေ ​ပေါ့​ပေါ့ပါးပါးလွင့်ပါ​စေ
    သမီးလည်း ​ရေတံခွန်လို စီးပါ​စေ။

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  6. "သမီးက သမီးခေတ်မှာ ​
    အဆင်မပြေတိုင်း ဆံပင်ရှည်တွေညှပ်ပစ်တယ်"🖤

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. တနဂ်နွေ စိတ်ကူးတဲ့
    I like this poem.

    ReplyDelete
  9. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  10. အဖေ ဖိခြေပေးနေရတဲ့
    အစိုင်အခဲတွေများတော့
    ခြေဖနောင့်တွေတောင် ကွဲအက်နေပြီ

    ReplyDelete
  11. လိုချင်တာ ဒီလိုသားအဖဆက်ဆံရေးမျိုးလေး☺️

    တချို့အရာတွေကမျှော်လင့်ချက်သက်သက်ပါ တကယ်ဖြစ်မလာနိုင်ဘူး😔

    ReplyDelete
  12. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  13. တလရကြီး ပြီးသွားရင် တစ်ပတ်လုံးက စိတ်ကူး​တွေနဲ့သာမက လက်​တွေ့နဲ့ပါ ​ပျော်စရာ​ကောင်း​နေမှာ

    ReplyDelete
  14. 💅💅💅💅💅💅

    ReplyDelete
  15. Fighting
    Click,click,click.......

    ReplyDelete
  16. အဖေ ပေါ့ပေါ့ပါးပါးလွင့်ပါစေ
    သမီးလည်း ရေတံခွန်လို စီးပါစေ။

    ReplyDelete
  17. အဖေကလည်း
    လေးစားထိုက်သူတဦး။
    သမီးကလည်း
    လေးစားထိုက်သူတယောက်။

    ReplyDelete
  18. Fighting
    Click,click,click.........

    ReplyDelete
  19. လက်ညှိုး ထိပ်ကလေး
    အသားမာ တက်နေသည် အထိ
    ကလစ်ပါ၏။

    ReplyDelete
  20. ယုံကြည်မှု အပြည့်ဖြင့်.....။

    ReplyDelete
  21. ကလစ်ခြင်းဖြင့် အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  22. တွဲလက်တွေ မြဲခိုင်ကြစေ။

    ReplyDelete
  23. 🎉🎉🎉🎉🎉🎉🎉

    ReplyDelete
  24. ငိုချင်သွားတယ်

    ReplyDelete
    Replies
    1. စိတ်ဓာတ်ခွန်အားတွေ
      ပြည့်ဝပါစေ။

      Delete

Post a Comment

Popular posts from this blog