ဝက်ခြံထွက်လိုသူတိုင်းအတွက် နည်းလမ်း ၅ သွယ် 

ဝက်ခြံအမျိုးအစားတွေအကြောင်း ပြောပြပြီးကတည်းက စာကမရေးဖြစ်တာကြာပြီဆိုတော့ ဝက်ခြံထွက်စေတဲ့အပြုအမူတွေ၊ အနေအထိုင်၊ အမူအကျင့်တွေ ဆက်ပြီး ပြောပြပေးမယ်နော်။ ဝက်ခြံထွက်ချင်ရင် ဒီလိုမျိုးလေးတွေ ပြုမူလို့ရအောင်။


သတိထားကြည့်မိသလောက် လူအများစုက ဝက်ခြံထွက်လာတဲ့အခါ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့ကြိုးစားတာထက် လတ်တလော ဝက်ခြံထွက်တဲ့အပေါ်  ဖြေရှင်းဖို့ပဲ အာရုံစိုက်နေတာ ပိုများပါတယ်။  ဟုတ်တယ်မဟုတ်လား။ 

အဲဒီတော့ ဘယ်အချက်တွေက ဝက်ခြံထွက်စေသလဲ ဆက်ပြီး လေ့လာကြည့်ရအောင်...

ဆံပင်

ဆံပင်ကြောင့် ဝက်ခြံ၊ အဆီဖုထွက်တဲ့သူဆို ပါးရိုးနဲ့ နှာဖူးမှာ အထွက်များပါတယ်။ အထူးသဖြင့် ခေါင်းကထွက်တဲ့ အဆီနဲ့ ဖုန်တွေသဲတွေပေါင်းစပ်ပြီး အရေပြားကို ထိမိရင်းက ချွေးပေါက်တွေပိတ်စေပြီး ဝက်ခြံထွက်လာတာမျိုးပါ။  အဲဒါကြောင့် ပုံမှန်ခေါင်းလျှော်ပေးဖို့ လိုတာပေါ့။

ခေါင်းအုံး

ဆံပင်နဲ့တစ်ဆက်တည်းပြောချင်တာကတော့ ခေါင်းအုံးပါ။  ဆံပင်ကအဆီက ခေါင်းအုံးမှာကပ်။ ညဘက်အိပ်တဲ့အခါ ခေါင်းအုံးမှာ စုနေတဲ့ အဆီတွေ၊ dead cells တွေက မျက်နှာမှာ လာကပ်ပြီး ချွေးပေါက်ပိတ် ဝက်ခြံထွက်လာစေပါတော့တယ်။ အဲဒါကြောင့် ခေါင်းအုံးစွပ်ကို အမြဲတမ်းလဲတာမျိုး၊ သန့်စင်ပေးတာမျိုး လုပ်ဖို့လည်း မမေ့ပါနဲ့။

သဘက်

ခေါင်းအုံးနဲ့ တစ်ဆက်တည်းပြောရမယ့် အသုံးအဆောင်ကတော့ သဘက်ပါ။ မနက်ရေသုတ်၊ ညရေသုတ် မစိုမခြောက်နဲ့ သဘက်ဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ နေရာကောင်းတစ်ခုပါပဲ။ ဒီ ဘက်တီးရီးယားတွေ ရှင်သန်ပွားများနေတဲ့ သဘက်နဲ့ မျက်နှာကို သုတ်ပေးမှတော့ ဝက်ခြံဆိုတာ မထွက်ဘဲနေပါတော့မလား။ 

ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာ

ကျွန်တော် ကျွန်မတော့ အမြဲတမ်း သန့်ရှင်းရေးလုပ်တယ်၊ ဒါပေမဲ့ ဝက်ခြံက ထွက်ထွက်နေတုန်းပဲဆို လက်ရှိသုံးနေတဲ့ shampoo၊ facial cleanser ကို ပြန်ပြီး စစ်ဆေးဖို့ လိုလာပါပြီ။ ဓာတ်မတည့်တဲ့ ခေါင်းလျှော်ရည်ကြောင့်၊ မျက်နှာသစ်ဆပ်ပြာကြောင့်လည်း ဝက်ခြံထွက်လာနိုင်ပါတယ်။

Skincare

Skincare overuse ကလည်း ဝက်ခြံထွက်စေသေးတယ်နော်။ Youtube ကနေ google ကနေကြည့်ထားတဲ့ နည်းလမ်းတွေနဲ့ 9-step skincare ဘယ်လောက် step skincare ဆိုတာမျိုးတွေက ဝက်ခြံကို ဖိတ်ခေါ်ဖို့ အကောင်းဆုံးနည်းလမ်းတွေပါပဲ။  သေးသေးမျှင်မျှင် ချွေးပေါက်လေးကို အသားအရေလှချင်ဇောနဲ့ လိမ်းသမျှ skincare တွေက မကျေညက်တာကြောင့် ၊ molecule အရွယ်အစားကြီးနေတာကြောင့် အရေပြားထဲ မစိမ့်ဝင်နိုင်တဲ့အခါ ချွေးပေါက်အပေါ်မှာ ပိတ်ဆို့နေပြီး ဝက်ခြံထွက်ခြင်းကို ဦးတည်နေစေပါတော့တယ်။

နောက်တစ်ချက်ကတော့ skincare နဲ့မတည့်တာကြောင့်လည်း ဝက်ခြံထွက်စေပါသေးတယ်။ ကိုယ်အသစ်ဝယ်ထားတဲ့ ပစ္စည်းလေးလိမ်းပြီး ၂၄ နာရီအတွင်း ဖုထစ် ရောင်ရမ်းလာတာမျိုး ကြုံနေရပြီဆို ဒီပစ္စည်းက ကိုယ်နဲ့ မတည့်တာ သေချာပါပြီ။

MLM product တွေကြောင့် ဝက်ခြံ၊ အရေပြားပြဿနာတွေဖြစ်တာတော့ ပြောစရာမလိုလောက်တော့ဘူး။ ဟုတ်တယ် ဟုတ်?

ဒါကတော့ ဝက်ခြံဘာကြောင့်ထွက်သလဲဆိုတဲ့ အခြေခံအကြောင်းရင်းလေးတွေပါ။  နောက်တစ်ကြိမ် ဝက်ခြံပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ဆောင်းပါးမှာ ပြန်ဆုံကြတာပေ့ါ။

Yan

Comments

  1. ဟုတ်ကဲ့ ကျေးဇူးပါ❤️

    ReplyDelete
  2. ဝက်ခြံထွက်လိုသူဆိုတာ ရှိလို့လား😁

    ReplyDelete
  3. ဝက်ခြံထွက်ချင်ရင် ဒီလိုမျိုးလေးတွေ ပြုမူလို့ရအောင်။

    နည်းလမ်းတွေပေးပါဦး Please ....

    ဝက်ခြံထွက်မှ လှတယ်ဆိုလို့😜

    😁

    ReplyDelete
    Replies
    1. မပြောင်နဲ့" 😏ပြောင်တာစတီးပဲဂွတ်တာ😁

      Delete
  4. ဟုတ် ကျေးဇူးပါ Yan

    ReplyDelete

  5. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  6. ဟုတ် ​ကျေးဇူးပါဗျ 🥰

    ReplyDelete
  7. မိတ်ထွက်ဖူးသော်လည်း
    ဝက်ခြံမထွက်ဖူးပါ။

    ReplyDelete
  8. Thank for sharing

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  9. ကျေးဇူးပါ 💙

    ReplyDelete
  10. ကျေးဇူးပါရှင့်🌼❤️

    ReplyDelete
  11. 🦾🦾🦾🦾🦾🦾

    ReplyDelete
  12. 💅💅💅💅💅💅

    ReplyDelete
  13. 💅💅💅💅💅💅

    ReplyDelete
  14. ကျေးဇူးပါအဂိန်း

    ReplyDelete
  15. Chyeju Kaba sai ❤️

    ReplyDelete

Post a Comment

Popular posts from this blog