အလှည့် 

ခရီးရှည်ရှည် လေပွေထန်ထန်
တိမ်ဆိုင်တွေ မည်းနက်နက်
မကြာခင် မိုးသည်းတော့မပေါ့

မုန်တိုင်းက ကြမ်းသမို့
ခေါင်မိုးမပြိုခင် ခေါင်မိုးအရင်ဖာ
လေဒဏ်မကြမ်းခင် စိတ်ဓာတ်နဲ့ ကာရံထား
ကြာကြာဝါးမည့် 'သွား' ကြံ့ကြံ့ခိုင်ထား
မိုးရေတွေလည်းခံထားပါ 
နှိုးဆော်သံများ ပြတ်သားလာ

သံသရာ​အလှည့်ကျ မနွဲ့စတမ်းမို့
စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါ
ဆောင်းမကူးခင် အကြောင်းထူးမှာ
အများသတင်းမှာစကား အားတင်းကာထား 
ပန်းတိုင်ကို လှမ်းနိုင်ပါစေသား။    ။

Matt

Comments

  1. ​ကိုယ့်အလှည့်ကျ မနွဲ့စတမ်း
    ပန်းတိုင်ရောက်ဖို့ အားတင်းထားတယ်

    ReplyDelete
  2. အညာနွေ
    ---------------

    အသိုက်ကို ဖျက်ခံရလို့
    ပြန်စရာမရှိတဲ့ ငှက်တွေ ငိုနေတယ်

    မီးပြတ်လို့ ခတ်နေရတဲ့
    နာရေးယပ်တောင်ဟာ နိုင်ငံရေးပါပဲ

    အရွက်ဆိုတာ
    ကြွေပြီးရင် အသစ်ထွက်တယ်
    အခုက အသက် ။

    ဆန်းကျော်စွာဝင်း

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. တလရကာလ ရှည်ကြာတာနဲ့အမျှ
    ခံစားချက်တွေ ပေါက်ကွဲ
    ရင်တွေလဲ နာ
    ရှင်ကွဲတွေ ကွဲ
    သေပွဲတွေ ဝင်နဲ့
    လက်တမ်းရင်တွင်းဖြစ်
    ကဗျာရှင်တွေ ထွန်းပေါ်လာကြတာ
    လေးစားမိတယ် ...
    *** Click4Kachin memberအားလုံးကို
    အစဉ်လေးစားလျက် ****

    ReplyDelete
  9. အိမ်မက်တွေအသက်သွင်းခွင့်မရှိတော့တဲ့သူတွေအတွက်....အိမ်မက်ဆက်မက်ခွင့်ရှိနေတဲ့သူတွေမှာတာ၀န်ရှိပါ၏

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ရဲဘော်တို့ရေ
    You tube မှာ YGN Donation Channel လေးကို subscribe လေး ကူညီပေးကြပါဦးနော်
    🙏💪💪🤜🤛

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. 🙂 သူငယ်ချင်း ...

    @ အကြောက်တရားဆိုတဲ့ အခန်းထဲမှာ ...
    လမ်းပျောက်ပြီးပုန်းမနေပါနဲ့သူငယ်ချင်း
    မင်းအတွေးတွေ ချော်နေပြီဆိုပါလျှင် ...
    မှေးဆက်ပြီး တရေးတော့အိပ်လိုက်ပါ
    မင်းနိုးလာတဲ့အခါ ...
    ငါတို့Gene.Z မျိုးဆက်အတွက်
    မင်းတိုက်ပွဲ ဝင်ရမယ်သူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. တာဝန်ခံများခင်ဗျား ...
    Post,စာသားများ အဟောင်းချည်းဘဲဆိုလျှင်၊Clickerများ ရိုးသွားနိုင်ပါသဖြင့်၊Commentများထဲမှယူသုံးလျှင်ပိုကောင်းမည်ဟုထင်မိပါသည်။

    🙂 နိုင်ပွဲ ...

    @ ပြည်သူအားလုံး ...
    စဉ်းစားတွေးခေါ်သုံးသပ်ပြီး
    ဓမ္မဘက်ရပ်တည်ဘို့ ...
    ခိုင်မာလာတဲ့ တစ်နေ့
    နိုင်ပွဲ အမြန်ဖြစ်လာမှာ။

    စစ်မင်းထက်သာ

    ReplyDelete
  16. ပြည်သူ့အောင်ပွဲပျော်ကာနွဲ

    ReplyDelete
  17. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 ဖြစ်နိုင်ရင် ...
    One by one.🙂 အဓမ္မကို ...
    အမြန်နိုင်ချင်တာကလွဲလို့
    ရင်ထဲ ဘာမှမရှိပါ

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. 🙂 လွမ်းစရာကချင်မြေ ...

    @ ငါတို့ရဲ့ ...
    အချုပ်အချာအာဏာ
    ပြည်သူ့ဘဝလွပ်လပ်ရေး
    လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး
    ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး
    တရားမျှတရေးနှင့်တန်းတူအခွင့်ရေးတွက်
    တိုက်ကိုတိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  21. This comment has been removed by the author.

    ReplyDelete
  22. ဆောင်းကူးလည်း
    အကြောင်းမထူးပေမယ့်
    အားတင်းရင်းရှေ့ဆက် ✊

    ReplyDelete
  23. ​ဆောင်းအကူး​ပေမို့
    အ​ကြောင်းထူးချင်ပါဘိ
    အာဏာရူး​ ဖယ်ဖို့ ချိန်တန်ပြီ။

    အသက်​ပေးကာ ​တော်လှန်ကြ
    တစ်ရက်​လေး မနားပြန်ပါဘု
    အမြန်သာ ​​ခွေး​မောင်းဖို့အ​ရေး
    ​​စိတ်မ​အေး​လေပြီ။

    မုန်တိုင်းမာန်ဖီ
    ဒဏ်ခံပြီ မိုး​နွေ​ဆောင်း။

    ​အောင်ပွဲဆီ​မျှော်ရည်လို့ရယ်
    ဖဒရယ် ဒီမို လမ်း​ပေါ်သို့
    တစ်​နေ့​သော် တစ်လှမ်း​​ရောက်ရင်ဖြင့်
    တစ်​ရွေ့​သော် ရှင်သန်အံကြိတ်လို့
    အလံမလိပ်ဘူး ​​ရှေ့ဆက်နွှဲမယ်
    တို့ သူ ရဲ ​ကောင်း။



    ReplyDelete
  24. 🤝ကောင်လေးနဲ့😛February 18, 2023 at 11:16 PM

    😺😺

    ReplyDelete
  25. အလှည့်ကျ မနွဲ့စတမ်း

    ReplyDelete
  26. Wheel............dope.🏹🏹🏹

    ReplyDelete
  27. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  28. ကလစ်ပီးရင်းClick

    ReplyDelete
  29. Wheel............dope.🏹🏹🏹

    ReplyDelete
  30. Fighting
    Click,click,click........

    ReplyDelete
  31. ညီညွတ်မှုနဲ့ ပန်းတိုင်ကို
    အရောက်လှမ်းကြမည်။

    ReplyDelete
  32. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog