တော်လှန်ရေးနှင့် ချစ်ခြင်းတရား



ဖိနပ်ပြတ်ရင် ပြတ်မယ်
ယုံကြည်ချက် မပြတ်ဖို့လိုတယ်

ပိုက်ဆံပြတ်ရင် ပြတ်မယ်
အတွေးအခေါ် မပြတ်ဖို့လိုတယ်

အဝတ်အစားတွေ နွမ်းရင်နွမ်းမယ်
တော်လှန်စိတ်တွေ မပမ်းဖို့လိုတယ်

ရိက္ခာဖူလုံချင်မှ ဖူလုံမယ်
ချစ်ခြင်းတရားတွေ ဖူလုံဖို့လိုတယ်

ဘဝဟာ.....
ကြမ်းတမ်းချင်သလောက်
ကြမ်းတမ်းပါစေ

တော်လှန်‌ရေးနဲ့
ချစ်ခြင်းတရားတွေ
စီးဆင်းဖို့ လိုပါတယ်။   ။

San Zuren 🌸



Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ယုံကြည်ချက် ဘယ်တော့မှ မပျက်ဘူး
    ချစ်ခြင်းတရားနဲ့ ရှေ့ဆက်မယ်🥰

    ReplyDelete
  3. Replies
    1. ချစ်ခြင်းတရားတွေ မပြတ်တမ်း စီးဆင်းပါစေ....

      Delete
    2. This comment has been removed by the author.

      Delete
    3. ထင်သလောက်
      မလင်းသလို၊
      ထင်သလောက်လည်း
      မလွမ်းဘူး၊

      လတ်တလောမှာ

      ရောက်နေတဲ့
      ရာသီဥတုကိုကျောခိုင်းပြီး
      တောင်တန်းတွေရဲ့အောက်
      ပြေးခိုချင်နေတယ်၊

      နောက်ပြီး

      ခဏဖြစ်ဖြစ်
      အမေ့အိမ်ပြန်ချင်တယ်။

      -နွေသစ်ငြိမ်း-

      Delete
    4. ခဏဖြစ်ဖြစ်အမေ့အိမ်ပြန်ချင်တယ်

      Delete
    5. သိပ်လှတဲ့မင်းရဲ့မျှော်လင့်ချက်လေးတွေကိုလဲချစ်တယ်ကောင်မလေးရယ်။❤

      Delete
    6. ချစ်ပါတယ်ဆေးရေ🤭

      Delete
    7. အာဘွားယူမမလင်း😘

      🤣🤣

      Delete
    8. ယူလိုက်ပြီ🤭

      Delete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. Replies
    1. ကြွေကျသွားတဲ့
      ကြယ်လေးတွေကို မမေ့ကြပါနဲ့

      ငါလဲ ကြယ်တစ်လုံးပါပဲ
      မကြွေခင်‌လေးတော့
      ရသလောက် လင်းပေးချင်သေးတယ်...

      San Zuren 🌸

      Delete
    2. အပ်ဖျားရာလောက်
      ဒဏ်ရာဆိုပေမယ့်
      မိုးပျံပူဖောင်းဆို
      ဘဝပါ ပျက်သွားနိုင်တယ် ။

      မင်းခိုက်စိုးစံ

      Delete
  6. Fighting! We don’t give up.

    ReplyDelete
  7. Let us all join together 😊❤️💖👏👏👌👍

    ReplyDelete
  8. "The true revolutionary is guided by great feelings of love"
    "CHE"

    ReplyDelete
    Replies
    1. "Life is like a box of chocolate.You never known what you gonna get".

      Delete
    2. "Some birds aren't meant to be caged."

      Delete
    3. စိတ်အန်ဖတ်

      "ကျား"မီးခြစ်ကို
      တအားကြီး ဖိခြစ်ပစ်လိုက်တယ်
      လက်ဖက်ရည်ခွက်ထဲက
      ကမ္ဘာကြီးကို
      ငါသိပ်စိတ်မတွေ့ဘူး။

      သတိထားကြ
      ထမင်းပန်ကန်ထဲက အမှန်တရား
      ငါစားပစ်လိုက်ပြီ။

      #မောင်ချောနွယ်

      Delete
  9. Replies
    1. This comment has been removed by the author.

      Delete
    2. This comment has been removed by the author.

      Delete
  10. Let us all join together 😊😉😄😁😊😘❣️♥️🙏🙏

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. Click done by Angel.

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  14. This comment has been removed by the author.

    ReplyDelete
  15. ကြာလာ​တော့ ​မောလာကြတယ်​လေ။ ဒါဟာ သဘာဝပါပဲ။
    ဒါ​ပေမယ့် ဝိုင်းပြီး ရုန်းနိုင်သမျှ ရုန်းကြပါတယ်ကွယ်။ အသက် ​သွေး​ချွေး​တွေ ​ပေးဆပ်, မျက်ရည်​တွေက လတ်ဆတ်​နေဆဲမို့, မရပ်မနား တွန်းလို့ထားရင် ​ရှုံးမသွားဘူးလို့ ယုံကြည်တယ်​လေ။
    ဆက်တွန်းထားကြမယ်, ကိုယ်​ညောင်းရင် မင်းဆက်တွန်း, လက်​ချောင်း​လေး​တွေ ပွန်းသွားတာမှ မဟုတ်ဘဲ​လေ။

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. 🙂 စစ်မင်းပြောဘူးတာ ...

    @ စစ်ရေးစစ်ရာ ...
    စစ်နည်းဗျူဟာ
    ဆောင်ရန်ရှောင်ရန်လေးတွေ၊
    ဒါပေမယ့် ...
    အခုထိ မအောင်မြင်ဘူးလို့
    ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမှာဘဲ၊
    ဘာလို့လည်းဆိုတော့ ...
    အခုထိစခန်း ဝိုင်းခံရတုံး
    အခုထိ ဖမ်းခံရတုံး
    အခုထိ လက်နက်တွေပါသွားတုံး
    PDF,UGတွေကို အပြစ်တင်ခြင်းမဟုတ်
    စစ်မင်းကိုယ် စစ်မင်းတင်ခြင်းသာ၊
    အခုလည်း ...
    လာပြန်ပြီ၊ ပွင့်ပွင့်လင်းလင်းပြောရရင်
    ယောက်ျားလေးဆိုတာ ...
    အပျော် မက်မောတယ်
    မိန်းခလေးဆိုရင် စိတ်ဝင်စားတယ်
    အရက်ဆိုတာ နတ်ဘုံနန်းလျာ
    ဒါတွေကို ..
    ကမကလတွေ
    အမျိုးမျိုးဘောမတွေကသိတယ်
    ရှောင်ပါလို့ဘဲပြောချင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 လူငယ်နှင့်အနာဂါတ် ...

    @ အဘိုးအဖွားလက်ထက် ...
    ဒီအာဏာရှင်စံနစ်ဆိုးကြောင့်
    အသက်တွေပျောက်၊ဒုက္ခရောက်ခဲ့ပြီ၊
    ဖေဖေမေမေလက်ထက်လည်း ...
    ဒီအာဏာရှင်လူတစ်စုကြောင့်
    မိသားစုမစုံ၊အဖုံဖုံသောကဝေခဲ့ပြီ၊
    သူတို့လက်ထက် ...
    လက်နက်မဲ့နဲ့၊အတတ်နိုင်ဆုံး
    တော်လှန်ခဲ့ပြီးပြီ၊
    ငါတို့လက်ထက် ...
    တာဝန်ဆက်လို့၊ပုခုံးထက်မှာ
    ခေတ်အဆက်ဆက်ဒီစံနစ်ဆိုးနဲ့
    ဒီအာဏာရှင်လူတစ်စုကို၊အမြစ်ဖြတ်ဘို့
    ကျန်ခဲ့နေပြီကျန်လေပြီ၊
    အမြစ်ကစ ...
    သမိုင်းသစ်ဘို့၊ဒို့တွန်းလှန်စို့။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. 🥷 စစ်မင်း ...
    မဟုတ်တာမပြောတတ်ပါ
    ပြည်သူ့ကျိန်စာသင့်နေပြီဖြစ်လို့
    အောက်ခြေစစ်သားများ ...
    ပြည်သူနဲ့အမြန်ပူးပေါင်းပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. ကိုယ်ကိုယ်တိုင်မှ မခံစားဖူးရင်
    "ကိုယ်ချင်းစာ" တရားရဲ့ အဓိပ္ပါယ်ကို
    နားလည်ဖို့ ခက်လိမ့်မယ်...

    နှလုံးသားထဲက စာနာမှုကို
    လက်တွေ့ပြသကြပါ
    ကိုယ် နှုတ် အမူအယာဖြင့် ဆောင်ရွက်ကြပါ
    Do Action, No Words.


    #S 🌸

    ReplyDelete
  23. 😌 တမ်းချင်း ...

    @ အာဏာပါဝါမရှိတဲ့ ...
    အုပ်ချုပ်ခံပြည်သူတစ်ချို့
    အပြစ်မရှိဘဲ ...
    ထောင်ကျအသက်ပျောက်ခဲ့ပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    ငယ်စဉ်တောင်ကျေး ...
    ခလေးဘဝကစလို့ သူငယ်တန်းအစ
    ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
    ဘာသာအသီးသီး ဆည်းပူးကြတဲ့
    ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
    ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
    အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
    လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    အာဏာပါဝါဆိုတာ ...
    မက်မောရူးတတ်သူအဖို့ အားဆေး
    အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
    ကယ်သူမဲ့ပြည်သူအတွက်တော့ ...
    ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
    ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
    ၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. ရိက္ခာဖူလုံချင်မှ ဖူလုံမယ်
    ချစ်ခြင်းတရားတွေ ဖူလုံဖို့လိုတယ်

    ReplyDelete
  25. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  26. တော်လှန်‌ရေးနဲ့
    ချစ်ခြင်းတရားတွေ
    စီးဆင်းဖို့ လိုပါတယ်။ ။

    ReplyDelete
    Replies
    1. ဟုတ်တာပေါါမိုးရေ

      Delete

Post a Comment

Popular posts from this blog