မာန်

နေစိမ့်သူ နေနိုင်သူ အမျိူးမျိူးလူ
ကောက်ရိုးစထဲမီးထည့် ဟုန်းကနဲထလောင်
လူဆိုတဲ့အမျိူး မရိုး
အချိန်အခါ မစောင့်ဆိုင်း အရိုင်းပန်း
မိုးကရွာ ထီးမပါ 
လှေကမှောက် လှော်ပျောက်
အကူညီမပါ အဆုံးထိရွက်လွှင့်ကာ
အားမာန်မလျော့ ချီတက်လော့
မေ့ပျောက်နေသူမေ့နေစေရော့
သနားမျက်နှာ မထောက်ထားနဲ့ 
တွေ့ရာသင်္ချိုင်း ဓားမစိုင်းနဲ့
အားပြည့်သန်စွ ဆင်မောင်လှ
အနိုင်သာတိုက် ဤအမိုက်
အဆုံးသတ် လှပါစေသား။        ။

Matt 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete

  2. "Alone we can do so little, together we can do so much."

    - Helen Keller

    ReplyDelete
  3. Till the end
    Fighting together 💪

    ReplyDelete
  4. "အားမာန်မလျော့ ချီတက်လော့"

    ReplyDelete
  5. မင်္ဂလာပါ အမျိုးတို့ရေ

    ReplyDelete
  6. ငါတို့တွေနိုင်ကိုနိုင်ရမည်✊✊✊✊

    ReplyDelete
  7. We must Win 😀🌞😁😊

    မာန် ရှိသ၍ ဒဏ်ရာများပျောက် အောင်ပွဲရောက်ပါစေ ❤️💖❤️💖❤️👏👍🙏

    ReplyDelete
  8. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  9. "Life is like a box of chocolate.You never known what you gonna get".

    ReplyDelete
  10. မပြေလည်တာတွေမမျှတတာတွေကြား .........

    ReplyDelete
  11. 🙂 ဧရာဝတီသို့ အလွမ်း ...

    @ အစပိုင်းမှာ ...
    မင်းနဲ့ငါ၊သူတို့လည်းပါ
    " အာဏာရှင်စံနစ်၊ဖျက်သိမ်းပြစ်
    ပြည်သူ့အာဏာ၊ပြည်သူ့ပြန်ပေး "
    စသည်ဖြင့်ပေါ့၊

    @ လက်သုံးချောင်းထောင် ...
    ခေါင်းကိုပစ်တော့၊အပြေးအလွှား
    မင်းနဲ့ငါ၊သူတို့ပါ တကွဲတပြားပေါ့၊

    @ စိတ်နာနာ နာကြီးစိတ်နဲ့ ...
    အပြုတ်တိုက်မဟဲ့လို့ တောထွက်ခဲ့ကြ
    မင်းက"ပကဖ" ငါက"ထပရ"၊

    @ အခုတော့လည်း ...
    ဆင်ခြေဆင်လက်၊ပေးခြင်းဆက်လို့
    ဒို့ဧရာဝတီ၊မြည်ဟီးနေပြီလော။

    စစ်မင်းထက်သာ

    ReplyDelete
  12. ငါပျိုးထားတဲ့ ပန်း....
    ငွေနဲ့ဝယ် နမ်းသွားတဲ့ကောင်လည်း
    မုန်းတယ် ..

    "တူနှစ်ကိုယ် တဲအိုပျက်" ပုံပြင်ကို
    စိတ်ကူးနဲ့ရူးတဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်..

    # ဆန်းကျော်စွာဝင်း

    ReplyDelete
  13. သမိုင်းဆိုတာ...ကိုယ်တိုင်ရေးခဲ့တဲ့..မိမိစိတ်ထားနဲ့ .ကိုယ့်လုပ်ရပ်တွေအကြောင်းပါ...သမိုင်းကြောင်းကောင်းဖို့...မိမိတို့စိတ်ဓာတ်နဲ့လုပ်ရပ်များနဲ့..လက်တွေ့ပြကြစို့...We create our history ourselves...

    ReplyDelete
  14. 🙂 ကြားဘူးတာပါ ...

    @ ကျနော်ငယ်ငယ်က ...
    လူကြီးသူမပြောတာ
    မှတ်သားခဲ့ဘူးတယ်
    ဆိုရှယ်လစ်ခေတ်ကပေါ့
    အရင်ဆုံး တရုပ်ကစတာ
    ဟိုတုံးကလည်း တရုပ်အားကိုး
    ဒီနေ့ထက်ထိလည်း တရုပ်အားကိုး၊

    @ အလံတိုင်တစ်ခု ...
    ထိပ်ဆုံးမှာ ဆိုရှယ်လစ်အလံ
    အလံဆိုတာ အောင်မြင်မှုပန်းတိုင်
    " မော်စီတုံး"၊တရုတ်ခေါင်းဆောင်က
    ထိပ်ဆုံးရောက်နေပြီ၊ အလံယူရုံဘဲ
    ခလယ်လောက်မှာ ...
    " ဦးနေဝင်း"၊ မဆလဥက္ကဌတက်နေတယ်
    အပေါ်ကနေ၊ မော်စီတုံးကလှမ်းပြောတယ်
    " ဟေ့ကောင်နေဝင်း၊ ထပ်မတက်နဲ့တော့"
    အပေါ်မှာ၊ ဘာမှမရှိဘူးတဲ့၊

    @ အခုလည်း ...
    " မအလ"ရေ ဆက်မတက်ပါနဲ့တော့
    အပေါ်မှာ ဘာဆိုဘာမှ မရှိဘူးဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  15. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  16. 🙂 တိုက် ...

    @ တိုက် ...
    ရဲရဲတိုက်
    မျက်စိနားစွင့်တိုက်
    စုစုစည်းစည်းတိုက်
    ညီညီညွတ်ညွတ်တိုက်
    ဘာခံနိုင်မလဲ ရန်သူ။

    စစ်မင်းထက်သာ

    ReplyDelete
  17. Awngdang,💪🥰

    ReplyDelete
  18. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 မှတ်တိုင်တစ်ခု ...

    @ လူရယ်လို့ဖြစ်လာရင် ...
    ဒုက္ခမျိုးစုံတွေ့ကြုံလာရမှာပါဘဲ
    ကပ်ကြီးသုံးပါး၊ရန်သူမျိုးငါးပါး
    တစ်ပါးပါးနဲ့တော့ ...
    မိမိကိုယ်တိုင်ဖြစ်ဖြစ်
    သူများနဲ့ဆက်နွုယ်လို့ဘဲဖြစ်ဖြစ်
    ခံစားဘူးကြမှာပါ
    ဒါပေမယ့် ...
    သေချာတာတစ်ခုကတော့
    ကမ္ဘာ့မှတ်တိုင်စိုက်ထူပေးသလို
    ပြည်သူတွေဒုက္ခရောက်ချိန်တိုင်းမှာ
    ဈေးတက်ရောင်းကြတဲ့ ...
    အယုတ်ညံ့ဆုံးလူတစ်စုရှိနေတာပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  24. ❤️❤️🤜🏼🤛🏼

    ReplyDelete
  25. အားမာန်မလျော့ ချီတက်လော့

    ReplyDelete
  26. Wheel............dope.🏹🏹🏹

    ReplyDelete
  27. Fighting
    Click,click,click..........

    ReplyDelete
  28. Fighting
    Click,click,click......

    ReplyDelete
  29. ဒါးသွေးထားသည်

    ReplyDelete
  30. ကလစ်ခြင်းဖြင့် အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog