ငါသေလေပြီးတဲ့နောက်

ဆရာဇော်ဂျီရေးတဲ့ 

"သင်သေသွားသော်"

ကဗျာကောင်းကိုဆက်ရပေါ့ 'ခင်'…။


ငါသေလေပြီးတဲ့နောက် 

မြေဆီလွှာခြောက်ခြောက်

မြေလှိုဏ်ခေါင်းပေါက် 

ဩဇာဈေးထိပ်သို့ရောက်နေချိန် 

ရနံ့သစ်ဆန်း နမ်းမိတဲ့ပန်း 

ခေါင်းမှာစံလည်း လန်းပါစေ။


ငါသေလေပြီးတဲ့နောက် 

ထိုးထွင်းဖောက်ထွက် ဉာဏ်​ဇောက်နက်သည့် 

ခေတ်သစ်လူငယ် အသိဉာဏ်ကြွယ် 

နယ်ပယ်တစ်လွှား နံပါတ်တစ်ဟု 

ဝံ့ကြွားနိုင်ပါစေ...။


ငါသေလေပြီးတဲ့နောက် 

အသက်တွေသေ ပေးဆပ်ရပေ 

ဒါဟဲ့ ဒီမိုကရေစီ

ထာဝစဉ်တည်မြဲ 

အသည်းထဲ၌ စွဲပါစေ 

သွားနှင့်ပြီးသူ သူရဲကောင်းတွေ။


ငါသေလေပြီးတဲ့နောက် 

ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူအချင်းချင်း 

အတင်းအဖျင်း ယုတ်ရင်းစကား 

မပွားမများ မေတ္တာတရား 

ကိုယ်ချင်းစာစိတ် ထားပါစေ။


ငါသေလေပြီးတဲ့နောက် 

ကမ္ဘာတစ်ခွင် လျှမ်းလျှမ်းတောက် 

လူတို့နှလုံးသားကို လမ်းဖောက်သွားစေ 

အနုပညာတွေ မပျောက်မပျက် 

တစ်ရက်ထက်တစ်ရက် တိုးတက်လို့သာနေပါစေ။


ငါသေလေပြီးတဲ့နောက်

ရာဇဝင်အထာကဌာတွေဆီ 

တစ်ချက်လောက်များ ရောက်ခဲ့ရင် 

ကဗျာ၊စာ၊ဘာညာသာရကာတွေရဲ့ ဖခင် 

မခေါ်ပါနဲ့ 'ခင်'…။


မင်းကိုချစ်ခဲ့သည့်

မင်းပြန်မချစ်ခဲ့သည့် 


အနုပညာကိုချစ်ခဲ့သည့်

အနုပညာထဲနှစ်ခဲ့သည့် 


ကဗျာ၊စာကိုချစ်ခဲ့သည့်

ကဗျာ၊စာထဲယစ်ခဲ့သည့် 


ကမ္ဘာ၊မြန်မာကိုချစ်ခဲ့သည့်

ကမ္ဘာ၊မြန်မာကပစ်ခဲ့သည့် 


အနှစ်မပါ စာကဗျာများအဟုတ်မှတ်

အလွန်ဟိတ်ဟန်ထုတ် လုပ်တတ်ခဲ့သည့်

'ငါ' ဟု သတိပြုပါစေ...။ ။


Tommy 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. နှလုံးသားလှ၍ ပေးဆပ်ဝံ့ကြသူတွေ....

    ReplyDelete
  3. Best wishes for your time ❤️❤️👏👍👏👍.

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. Replies
    1. This comment has been removed by the author.

      Delete
  6. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. မင်းအိမ်က မဟုတ်လို
      မင်း မကြားသေးတာပါ
      ငိုသံတွေက လမ်းမမှာ…။

      PK(ကျောင်းစောင့်ကြီး)

      Delete
  7. This comment has been removed by the author.

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  9. A day without clicking is a complete loss.

    ReplyDelete
  10. """နိုင်ငံတော်သီချင်း'၁၄'"""
    ငါတိုလက်တွေဟာ
    ကိုယ့်လိင်တံတွေကို ဆုပ်ချင်ဆုပ်
    ဒါမှမဟုတ်
    သံဆူးကြိုးတွေကို မလွှတ်တမ်းဆုပ်လို
    မရဏကမ္ဘာဆီ အတူသွားဖို
    ကာတ် (Kurt) က ငါတိုကို ဖိတ်ခေါ်ခဲ့တယ်
    ဂစ်တာကို ဘယ်လက်နဲ့တီး
    ပြီးရင် သေနတ်မောင်းကို ညာလက်နဲ့ဖြုတ်
    လူငယ်ဘဝရဲ့ အနှစ်ချုပ်ကတော့
    ဒီလောက်ပါပဲ
    အလံတော်ကြီးအောက်မှာပဲ
    ငါတိုဂစ်တာတွေကို ထားရစ်ခဲ့တယ်
    ငါတိုဘဝတွေကိုတော့
    သဲပူပူထဲက လိပ်ဥများပမာ
    လက်ကြီးတစ်ဖက်က နှိက်ယူသွားခဲ့တယ်
    သင်၏ အဖဘုရားသခင် နိုင်ငံတော်။
    ...........................................အောင်ခင်မြင့်

    ReplyDelete
  11. သမိုင်းစာမျက်နှာတွေကို အမှောင်ချပစ်ချင်တာတစ်ခုတည်းအတွက်
    လူငယ်တွေကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မဖြတ်ချင်စမ်းပါနဲ့
    ငါတိုသွေးကြောတစ်မျှင်ချင်းစီကို ဝိုင်ယာကြိုးလို ချိတ်ဆက်
    အနာဂတ်ကို လင်းလက်စေချင်ရုံသက်သက်
    ငါတို လာခဲ့တယ်

    လူငယ်ဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး
    ခင်ဗျားတိုခေါင်းထဲ မချိမဆန့်ထိုးထည့်ထားတဲ့ မတရားမှုတွေကို ပစ်ချဖို
    ငါတို အတိအကျ လာခဲ့တယ်

    -ကိုသျှား

    ReplyDelete
  12. Done by angel 041.

    ReplyDelete
  13. 🙂 ကျနော် ...
    တစ်ဦးထဲအမြင်အရ
    ဘယ်သူ့ကို ဘာမှမပြောချင်ပါ
    ဒါပေမယ့် ...
    တစ်ဦးတစ်ယောက်ကြောင့်သော်၎င်း
    အဖွဲ့အစည်းတစ်ခုခုကြောင့်သော်၎င်း
    နွေဉီးတော်လှန်ရေးကြီး ...
    ကြန့်ကြာသွားမှာ သေမလောက်
    ကျနော်သေသွားတာထက်ကြောက်တယ်၊

    🙂 ဘာလို့လည်း ...
    အသီးသီးတော်လှန်နေကြသူတွေဟာ
    အခက်အခဲတွေ မရှိတဲ့သူမရှိပါဘူးဗျာ
    တစ်ချို့ အသက်တွေပေးခဲ့ပြီးပြီ
    တစ်ချို့ အဖမ်းခံနှိပ်စက်ခံနေရတယ်
    တစ်ချို့ မိဘမောင်ဘွားဒုက္ခရောက်နေပြီ
    တစ်ချို့ စည်းစိမ်အိုးအိမ်မဲ့သွားပြီ
    တစ်ချို့ တောထဲမှာတိုက်ပွဲဝင်နေရတယ်
    တစ်ချို့ စစ်ရှောင်တွေဒုက္ခဝေနေပြီ
    တစ်ချို့က နိုင်ငံခြားမှာ
    ပြောရင်အများကြီးဗျ၊

    🙂 ဒီတော့ဗျာ ...
    ညီညွတ်ကြရအောင်
    စည်းလုံးကြရအောင်
    အတူတူတိုက်ကြရအောင်။

    စစ်မင်းထက်သာ

    ReplyDelete
  14. ရဲဘော်တို့ ...
    🙂 အပင်မြင့်လေ ...
    လေတိုက်ခံရလေပါဘဲ
    လောကဓံဆိုတာ ...
    အပြောလွယ်သလောက်
    ခံရသိပ်ခက်ပါတယ်
    ဘာဘဲဖြစ်ဖြစ် ...
    ကိုယ့်အလုပ်ကိုယ်
    ဆက်လုပ်စေချင်ပါတယ်
    Fightingပါဗျာ။
    Real True Man

    ReplyDelete
  15. 🙂 ငြိမ်းချမ်းတိုးတက်ရေး ...

    @ မင်းနဲ့ငါ ...
    မိတ်ဆွေမဟုတ်ပေမယ့်
    ရန်သူတော့မဟုတ်
    တစ်မိုးအောက်ထဲနေလို့၊

    @ မင်းနဲ့ငါ ...
    အဖြူအမဲ ကွဲလွဲနေပေမယ့်
    ငြိမ်းချမ်းရေးလမ်း
    လျှောက်ချင်တာအတူတူ၊

    @ မင်းနဲ့ငါ ...
    တိုက်တာချင်း မတူပေမယ့်
    တိုးတက်စေချင်တာအတူတူ၊

    @ မင်းနဲ့ငါ ...
    ဘက်ချင်းမတူပေမယ့်
    ဓမ္မဘက်ချင်း တူလာရင်တော့
    အမြန်ငြိမ်းချမ်းတိုးတက်လာမှာ
    အမှန်ပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  16. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 လိပ်ပြာလုံပါစေ ...

    @ နီးနေပြီ ...
    လာချင်ရင်ပေါ့
    ‌ ဝေးနေတယ် ...
    ဆင်ခြေဆင်လက်ပေါ့
    မလုံခြုံဘူး ...
    ကြောက်နေရင်တော့
    မထူးပါဘူး ...
    အရူးချီပန်းပေါ့တော့တော့
    ဒါပေမယ့် ...
    ပြန်ဆုံတဲ့တစ်နေ့
    မင်းလိပ်ပြာလုံပါစေ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. 🙂 သွေးလည်းမကွဲပါ ...
    ဘေးလည်းခွဲမထွက်ပါ
    အောင်မြင်ရေးအချက် ...
    ပြည်သူ့အတွက် ရှေ့ဆက်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. ပို၍အားစိုက်ပြီရုန်းလိုက်ကြစို့ဘော်ဒါတို့

    ReplyDelete
  21. This comment has been removed by the author.

    ReplyDelete
  22. ငါသေလေပြီးတဲ့နောက် ...

    ReplyDelete
  23. စာ ကဗျာ​တွေဆိုတာ မ​သေတတ်တဲ့ အမျိုးမို့
    ငါတို့​သေလည်း သူတို့ကျန်ရစ်
    ​လောကအတွက် အနှစ်ဖြစ်ပါ​စေကွယ်။

    ReplyDelete
  24. Wheel............dope.🏹🏹🏹

    ReplyDelete
  25. Fighting
    Click,click,click.......

    ReplyDelete
  26. ကလစ်ခြင်းဖြင့် အားဖြည့်ပါ၏။

    ReplyDelete
  27. ကလစ်တာပဲတတ်နိုင်လို့အားနာမိပါတယ်

    ReplyDelete
  28. အောင်ပွဲရတဲ့အထိကလစ်နေမယ်

    ReplyDelete

Post a Comment

Popular posts from this blog