တိတ်ဆိတ်သော ည

အသံမရှိသော်လည်း
ငိုနေကြသူ များပါတယ်
ငါဒဏ်ရာ သူ့ထက်နာတယ်
မပြောလိုတော့ မြိုသိပ်လိုက်တယ်

မျက်ရည်မကျသော ငိုကြွေးခြင်း
ခပ်ပြင်းပြင်းလေး...
ကိုယ့်ခေါင်းကိုယ်တစ်ချက်လောက်ရိုက်ကြည့်
အသိသတိ ပြန်ကပ်ကာ လက်ရှိကမ္ဘာ
ပြန်ရောက်ကြည့်လိုက်ရင် ကဗျာသိပ်မဆန်တော့တာ

ငါဟာ ဝမ်းနည်းစွာပဲ ကြည့်လိုက်ရင်း 
စာရွှက်နဲ့ ဘောပင်
သိမ်းလိုက်ကာ ပြန်ဖို့သာဟန်ပြင်
ဪ မေ့သွားတယ် အိမ်ကဖြင့် ပြာဖြစ်လို့
ဘယ်ဆီမှ ပြန်စရာမရှိတော့လေသကိုး
တချို့က မိဘကိုဆုံးရ
တချို့က သားသမီး မြေးများဆုံးရ
ငါတစ်ကောင်ကြွက်ဘဝ ဆုံးစရာမရှိတာ
ဝမ်းသာရမလား ကြွားစရာလား မစဉ်းစားတတ်ပါပေ

စခန်းပြင်မှာ 
တောက်ပြောင်သော သေနတ်လေးတွေကိုယ်စီနဲ့
အပြန်အလှန်ဟာသပြောရင်း ရယ်နေသူနှစ်ယောက်
သူတို့ဘဝ 
ဘယ်လောက်စောက်ဒုက္ခတွေဖြတ်သန်းခဲ့ကြရမလဲ
အခုအခိုက်အတန့်မှာများ မေ့ထားနိုင်ကြတယ်
ငါလည်းပဲ ဒီခွန်အားတွေ လိုချင်တယ်

ပေးသနားပါ နတ်သိကြားများရယ်
တစ်နေရာရာမှာတော့ ငါ့ကိုစောင့်နေမယ်
ငါ့ဆီသူလာမှာပါလို့ ငါကစောင့်နေပါတယ်
ဪ! ဒီလူတွေ...
အလွမ်းသယ်စရာတွေကြောင့်ပဲ
နှစ်ဆ နာကြရသကွယ်
တိတ်ဆိတ်သောညမှာ အသံတွေ သိပ်ဆူလှသကွယ်။     ။

Tommy

Comments

  1. အားလုံးဘေးကင်းကြပါစေ....

    ReplyDelete
  2. အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့
    သူရဲကောင်းအားလုံး ဘေးကင်းကြပါစေ အောင်မြင်ကြပါစေ

    ReplyDelete
  3. ကြယ်

    ဆုတောင်းပြည့်အောင်လို့
    ကြွေပေးခဲ့တာပါ
    ဆုတောင်းမှားရင်တော့
    သူ့ထိုက်နဲ့သူ့ကံပေါ့

    -ထွန်းဟိန်းယံ

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. “Fear can hold you prisoner.Hope can set you free.

      Delete
    3. "GET BUSY LIVIN' OR GET BUSY DYIN'

      Delete
    4. အားကစားကွင်းကနေ
      ဆေးရုံဖြစ်သွားတယ်။

      အိမ်တွေက ဗုံးခိုကျင်းဖြစ်ပြီး
      လမ်းတွေက စစ်မြေပြင်ဖြစ်သွားတယ် ။

      နောင်တချိန်
      ပြန်လည်ရယ်မောနိုင်တဲ့အခါ
      မြိုတွေ မျက်ရည်စိုခဲ့ဖူးတဲ့အကြောင်း
      ကိုယ်တိုမမေ့ဖိုပါပဲ ။ ။

      -မြစ်အောင်

      Delete
    5. ခံစားရင်း....
      စံစားရင်း....
      ရှေ့မှာ‌ရွက်ကြွေတွေနဲ့
      မျက်ရည်ဝဲနေရှာတဲ့
      ကောင်လေးတယောက်ကိုတွေ့ရင်
      တဆိတ်လောက် နှုတ်ဆိတ်ပေးပါဗျာ
      အဲ့လူဟာ ကျနော်ပါဗျ....။

      -လွမ်းနောင်

      Delete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. ဒီကဗျာကို အခုဒုတိယအကြိမ် ပြန်ဖတ်လည်း ရင်ထဲထိရှနေတုန်းပဲ။

    ReplyDelete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. Take Care ,Be Safe &
    God Bless You All PDF.🌹🌹🌹

    ReplyDelete
  8. Clicker များမိမိရဲ့ကျန်းမာရေးနဲ့လုံခြုံရေးကိုဥိးစားပေးဂရုစိုက်ကြပါဗျ 💕

    ReplyDelete
  9. အားတင်းထားပါအုံး

    ReplyDelete
  10. Be Safe, Be Strong &
    Take Care All PDF🌹🌹🌹

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. ငါ့အိမ်မက်တွေက မလှပပေမယ့်
    နိုင်ငံနဲ့မျိုးဆက်တွေရဲ့အနာဂါတ်ကိုတော့လှပစေချင်ပါ၏

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. “Fear can hold you prisoner.Hope can set you free.”

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  17. အိမ်ထဲမှာ သက်​တောင့်သက်သာ ​နေ​နေရတာကိုက လိပ်ပြာမလုံလှပါဘူး။

    ReplyDelete
    Replies
    1. လိပ်ပြာမလုံမဖြစ်ပါနဲ့နော် လိပ်ပြာမလုံရာကနေ စိတ်တွေကျပြီး ရောဂါဝင်တတ်လို့ပါ ကိုယ်တိုင်ဖြစ်ခဲ့တာမို့ပါ
      နိုင်တဲ့နေရာက အကောင်းဆုံးလုပ်ပေးနေတာလို့ပဲ တွေး
      Fighting

      Delete
  18. ရဲဘော်တို့ရေ
    You tube မှာ YGN Donation Channel လေးကို subscribe လေး ကူညီပေးကြပါဦးနော်
    🙏💪💪🤜🤛

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  20. This comment has been removed by the author.

    ReplyDelete
  21. 🙂 ကြားဘူးတာပါ ...

    @ ကျနော်ငယ်ငယ်က ...
    လူကြီးသူမပြောတာ
    မှတ်သားခဲ့ဘူးတယ်
    ဆိုရှယ်လစ်ခေတ်ကပေါ့
    အရင်ဆုံး တရုပ်ကစတာ
    ဟိုတုံးကလည်း တရုပ်အားကိုး
    ဒီနေ့ထက်ထိလည်း တရုပ်အားကိုး၊

    @ အလံတိုင်တစ်ခု ...
    ထိပ်ဆုံးမှာ ဆိုရှယ်လစ်အလံ
    အလံဆိုတာ အောင်မြင်မှုပန်းတိုင်
    " မော်စီတုံး"၊တရုတ်ခေါင်းဆောင်က
    ထိပ်ဆုံးရောက်နေပြီ၊ အလံယူရုံဘဲ
    ခလယ်လောက်မှာ ...
    " ဦးနေဝင်း"၊ မဆလဥက္ကဌတက်နေတယ်
    အပေါ်ကနေ၊ မော်စီတုံးကလှမ်းပြောတယ်
    " ဟေ့ကောင်နေဝင်း၊ ထပ်မတက်နဲ့တော့"
    အပေါ်မှာ၊ ဘာမှမရှိဘူးတဲ့၊

    @ အခုလည်း ...
    " မအလ"ရေ ဆက်မတက်ပါနဲ့တော့
    အပေါ်မှာ ဘာဆိုဘာမှ မရှိဘူးဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  22. 🙂 နိုင်ပွဲ ...

    @ ပြည်သူအားလုံး ...
    စဉ်းစားတွေးခေါ်သုံးသပ်ပြီး
    ဓမ္မဘက်ရပ်တည်ဘို့ ...
    ခိုင်မာလာတဲ့ တစ်နေ့
    နိုင်ပွဲ အမြန်ဖြစ်လာမှာ။

    စစ်မင်းထက်သာ

    ReplyDelete
  23. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 Sitt Min SaysJuly 31, 2022 at 8:50 PM

    🥷 ဖြစ်နိုင်ရင် ...
    One by one.🙂 အဓမ္မကို ...
    အမြန်နိုင်ချင်တာကလွဲလို့
    ရင်ထဲ ဘာမှမရှိပါ

    ReplyDelete
  25. 🙂 လွမ်းစရာကချင်မြေ ...

    @ ငါတို့ရဲ့ ...
    အချုပ်အချာအာဏာ
    ပြည်သူ့ဘဝလွပ်လပ်ရေး
    လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး
    ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး
    တရားမျှတရေးနှင့်တန်းတူအခွင့်ရေးတွက်
    တိုက်ကိုတိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  26. အသံမရှိသော်လည်း ငိုနေကြသူများပါတယ် 😢

    ReplyDelete
  27. This comment has been removed by the author.

    ReplyDelete
  28. အသံမရှိသော်လည်း
    ငိုနေကြသူ များပါတယ်
    ငါဒဏ်ရာ သူ့ထက်နာတယ်
    မပြောလိုတော့ မြိုသိပ်လိုက်တယ်



    #crd Tommy

    ReplyDelete
  29. လိပ်ပြာမပါဘူး ကျနော်🤒February 18, 2023 at 10:59 PM

    🍁😞

    ReplyDelete
  30. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  31. Wheel............dope.🏹🏹🏹

    ReplyDelete
  32. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog