မရေးချင်ဘူး

နေ့ဆိုလည်း အထိတ်တလန့်
ညဆိုလည်း အထိတ်တလန့်
သွေးသံရဲရဲဖြိုခွဲခံလိုက်ရတဲ့ 
အနာဂတ်တွေ အကြောင်း
မရေးချင်ဘူး 

ကိုဗစ်က တစ်မျိုး
စနစ်ဆိုးက တစ်မည်
တောကြောင်နဲ့ မီးဘေး
စိတ်မအေးဘဲ ညည 
လမ်းမမှာ ကင်းစောင့်နေရတဲ့
ပြည်သူ့ ဘဝတွေအကြောင်း
မရေးချင်ဘူး

အုပ်ချုပ်ရေးလား
ဥပဒေပြုရေးလား
တရားစီရင်ရေးလား
သတင်းမီဒီယာ လား
မဏ္ဍိုင်ကြီး ၄ ရပ် 
ပြိုလဲပျက်စီးနေတဲ့အကြောင်း
မရေးချင်ဘူး

ပျော်ရွှင်မှုတွေ ဆိတ်သုဉ်း
မျက်ရည်ဖုံးနေတဲ့ ရင်ဘတ်တွေထဲ
တဆစ်ဆစ်ကိုက်ခဲနေတဲ့
နာကျင်မှုတွေအကြောင်း
မရေးချင်ဘူး

ငါနေထိုင်ရာ နိုင်ငံတော်ဟာ
ကျည်ပေါက်ရာတွေ ဗရပွနဲ့
လက်နက်မဲ့ပြည်သူတွေရဲ့ နှလုံးသားတွေကိုမှ
တည့်တည့်ရွေးပြီး ပစ်တတ်တဲ့အကြောင်း
ဘယ်သောအခါမှ မရေးချင်ခဲ့ပါဘူး။      ။    

(လမ်းမထက်က ကဗျာများ)
Anonymous

Comments

  1. ကျည်ပေါက်ရာတွေ ဗရပွနဲ့ ငါတို့နိုင်ငံတော်ကြီးကို ထွေးပွေ့ရင်း အချင်းချင်း ရိုင်းပင်းကူညီကြမယ်❤️

    ReplyDelete
  2. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. Replies
    1. We Marching to victory, keep moving forward…!!

      Be Strong, Be Brave, Be Fearless, Be United!!✊

      Delete
    2. အရှေ့ကို အရှေ့ကို ဆက်ချီတက်စို့ ဟေ့ ဟေ့ ရောင်နီတွေနှင့်တို့အတူJanuary 21, 2023 at 4:48 AM

      အမှောင်တွေ အမှောင်တွေ ကုန်ဆုံးတဲ့ ကမ္ဘာဆီ

      Delete
  6. Best wishes.
    Let us all join together 😊❤️💕👏👏👌

    ReplyDelete
  7. "Remember that the revolution is what is important and
    each one of us,alone,is worth nothing..."
    "CHE"

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. This comment has been removed by the author.

      Delete
    3. မင်းအိမ်က မဟုတ်လို
      မင်း မကြားသေးတာပါ
      ငိုသံတွေက လမ်းမမှာ…။

      PK(ကျောင်းစောင့်ကြီး)

      Delete
    4. ခံစားရင်း....
      စံစားရင်း....
      ရှေ့မှာ‌ရွက်ကြွေတွေနဲ့
      မျက်ရည်ဝဲနေရှာတဲ့
      ကောင်လေးတယောက်ကိုတွေ့ရင်
      တဆိတ်လောက် နှုတ်ဆိတ်ပေးပါဗျာ
      အဲ့လူဟာ ကျနော်ပါဗျ....။

      -လွမ်းနောင်

      Delete
    5. This comment has been removed by the author.

      Delete
  8. Replies
    1. This comment has been removed by the author.

      Delete
  9. Fighting All Clickers ..🌹❤️🌹

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  12. Nothing is impossible to a willing mind.

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  14. Done by angel 041.

    ReplyDelete
  15. 🍁🍁 take care🧡

    ReplyDelete
  16. ရဲဘော်တို့ ...
    🙂 အပင်မြင့်လေ ...
    လေတိုက်ခံရလေပါဘဲ
    လောကဓံဆိုတာ ...
    အပြောလွယ်သလောက်
    ခံရသိပ်ခက်ပါတယ်
    ဘာဘဲဖြစ်ဖြစ် ...
    ကိုယ့်အလုပ်ကိုယ်
    ဆက်လုပ်စေချင်ပါတယ်
    Fightingပါဗျာ။
    Real True Man

    ReplyDelete
  17. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 လိပ်ပြာလုံပါစေ ...

    @ နီးနေပြီ ...
    လာချင်ရင်ပေါ့
    ‌ ဝေးနေတယ် ...
    ဆင်ခြေဆင်လက်ပေါ့
    မလုံခြုံဘူး ...
    ကြောက်နေရင်တော့
    မထူးပါဘူး ...
    အရူးချီပန်းပေါ့တော့တော့
    ဒါပေမယ့် ...
    ပြန်ဆုံတဲ့တစ်နေ့
    မင်းလိပ်ပြာလုံပါစေ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. ငါနေထိုင်ရာ နိုင်ငံတော်ဟာ
    ကျည်ပေါက်ရာတွေ ဗရပွနဲ့
    လက်နက်မဲ့ပြည်သူတွေရဲ့ နှလုံးသားတွေကိုမှ
    တည့်တည့်ရွေးပြီး ပစ်တတ်တဲ့အကြောင်း
    ဘယ်သောအခါမှ မရေးချင်ခဲ့ပါဘူး။

    ReplyDelete
  21. 🙂 သွေးလည်းမကွဲပါ ...
    ဘေးလည်းခွဲမထွက်ပါ
    အောင်မြင်ရေးအချက် ...
    ပြည်သူ့အတွက် ရှေ့ဆက်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. ပိုအားစိုက်ရမယ့်အချိန်ရောက်ပြီဘော်ဒါတို့......

    ReplyDelete
  23. 🙂 လူတွေ ...

    @ လူတွေ ... လူတွေဟာ ...
    အချိန်အခါ၊နေရာဒေသ
    အတွေ့အကြုံပေါ်မူတည်ပြီး
    တွန်းလှန်ချင်စိတ် ...
    ဖြစ်တည်လာရတာပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  24. တချို့​တွေ ​သေပွဲ
    တချို့​တွေကျ တောထဲ
    တချို့​တွေ မိတကွဲ ဖတကွဲ
    ငါကျ​​တော့ ဘာမှလည်း မနွှဲ
    ကလစ်​​ပေးရုံကလွဲ...။
    အဲလိုလည်း မ​ရေးချင်ဘူး။

    ReplyDelete
  25. Fighting
    Click,click,click..............

    ReplyDelete
  26. Wheel............dope.🏹🏹🏹

    ReplyDelete
  27. Fighting
    Click,click,click........

    ReplyDelete
  28. ကလစ်ရင်းဖြင့် အားဖြည့်ပါ၏။

    ReplyDelete
  29. ငါတို့ပြည်သူအားလုံးညီညွတ်ကြဘို့နီးစပ်သူချင်းလက်ချင်းချိတ်ပြီးကူညီကြရင် အချိန်မကြာခင် ငါတို့ပြည်သူတွေ အောင်ပွဲရတော့မှာမို့ရင်ဘတ်ချင်တူနူတ်လုံသူတွေစုဖွဲ.ကြရင်အကောင်ူဆုံးနည်းလို့.ယူဆပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog