ဘုန်းတော်ကြောင့် 

ဖဲသမားစကားလို 
လူတွေလည်း ဘူကျကုန်‌လေသလား
ရှုတည်တည် ညှင်းသိုးသိုး ကွဲအက်အက်
အလိုမကျခြင်းနေ့ရက်တွေသာပြည့်နှက်
ကုန်‌ဈေးနှုန်းက လူ့အခွင့်အရေးဆိုတဲ့အရာကို 
ငုံ့ကြည့်နေလေရဲ့ .......

မြို့တိုင်းနယ်တိုင်း ရပ်ရွာတိုင်းအိမ်တိုင်းရဲ့ နံရံမှာ
မလုံခြုံခြင်းကို ချိတ်ဆွဲထားကြလေရဲ့....
နံရံတွေ ကြမ်းပြင် နဲ့ မြေသားထုတွေတိုင်းမှာ
သေခြင်းတရားက ခင်းကျင်းကာ စောင့်စားနေလေရဲ့....

နဂိုကမွဲပြာပြာ နိုင်ငံတော်ဟာ 
အတိတ်ရထားပြန်စီး
ကျောက်ခေတ်ကြီးဆီ ပြန်ရောက်လာပေါ့
ဖွတ်မိကျောင်း ဖြစ်မှတော့ 
မြစ်က ဘယ်ချမ်းသာပါတော့မလဲ
ဖွတ်မင်းကြီးရဲ့ အာနုဘော်ကြောင့်
တိုင်းနိုင်ငံတော်ကြီး ဘူကျနေတာ
ရှုစားလို့ အဆင်ပြေ‌တော်မူပါရဲ့လား။   ။

AK 
9/1/22

Comments

  1. လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိနေနေရတဲ့ဘဝက လွတ်အောင် ကြိုးစားကြမယ်

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. Till the end
    Fighting together 💪

    ReplyDelete
  4. ကျောက်ခေတ်လည်းမရောက်အောင်
    ကြောက်ခေတ်လည်းမရောက်အောင် ကြိုးစားကြမယ်💪

    ReplyDelete
  5. Let us all join together 😊❤️💖

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. Replies
    1. This comment has been removed by the author.

      Delete
  8. This comment has been removed by the author.

    ReplyDelete
  9. ပွဲကလို့ပြီးသွားရင်တောင်
    ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ
    တည်ဆောက်ရေး လုပ်ငန်းသစ်တွေ
    ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေအထိ
    ကလစ်ကာတို့ရဲ့အကူအညီတွေ
    လိုအပ်နေဦးမှာပါ။ Fighting 💪

    ReplyDelete
    Replies
    1. ပွဲကလို့သာ ပြီးပါ​စေ
      ငါတို့တာဝန် ​ကျေ​စေရမယ်​အေ။
      အခုဟာက ပွဲ ကရင်း ​ခွေကျ​​​မျက်ရည်​တွေပဲ ခ​နေရတယ်။

      Delete
  10. This comment has been removed by the author.

    ReplyDelete
  11. ပုံထွက်မကောင်းပေမယ့်
    ငါ့ကိုယ်ငါ ဆယ်ဖီပြန်ဆွဲကြည့်တယ်
    ဒဏ်ရာတွေနဲ့ လမ်းဟာ ဓာတ်ပုံဖိုင်နဲ့ မဆန့်ခဲ့ဘူး ။
    လေယာဉ်ပျံကို ငေးကြည့်ရတဲ့ ဘဝဆိုတာ
    လေယာဉ်ပျံစီးရတာထက် ချမ်းသာတယ်။

    ညည ငှက်ဆိုးသံတွေ ကြားတဲ့အခါ
    အမေ့ရင်ခွင်ထဲ ပြေးဝင်ချင်မိခဲ့
    သောက်လက်စ ကော်ဖီခွက်လေးအေးစက်မသွားခင် ဘုရားရှင်နဲ့ စကားပြောတယ်
    ချေဂွေဗားရားနဲ့ စကားပြောတယ်
    ငုယင်ဗန်ထရွိင်းနဲ့ စကားပြောတယ်
    ပြီးတော့ မဟတ္တမဂန္ဒီလို ဖိနပ်ချခဲ့ဖို
    စိတ်ဓာတ်တွေကို လက်သပ်မွေးထားတယ်။ ။

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. Done by angel 041.

    ReplyDelete
  14. နေ့စဉ်မပျက် ဇွဲနဲ့ လျှောက်

    ReplyDelete
  15. 🍁🍁🍁 take care🧡

    ReplyDelete
  16. ရဲဘော်တို့ ...
    🙂 အပင်မြင့်လေ ...
    လေတိုက်ခံရလေပါဘဲ
    လောကဓံဆိုတာ ...
    အပြောလွယ်သလောက်
    ခံရသိပ်ခက်ပါတယ်
    ဘာဘဲဖြစ်ဖြစ် ...
    ကိုယ့်အလုပ်ကိုယ်
    ဆက်လုပ်စေချင်ပါတယ်
    Fightingပါဗျာ။
    Real True Man

    ReplyDelete
  17. 🙂 ငြိမ်းချမ်းတိုးတက်ရေး ...

    @ မင်းနဲ့ငါ ...
    မိတ်ဆွေမဟုတ်ပေမယ့်
    ရန်သူတော့မဟုတ်
    တစ်မိုးအောက်ထဲနေလို့၊

    @ မင်းနဲ့ငါ ...
    အဖြူအမဲ ကွဲလွဲနေပေမယ့်
    ငြိမ်းချမ်းရေးလမ်း
    လျှောက်ချင်တာအတူတူ၊

    @ မင်းနဲ့ငါ ...
    တိုက်တာချင်း မတူပေမယ့်
    တိုးတက်စေချင်တာအတူတူ၊

    @ မင်းနဲ့ငါ ...
    ဘက်ချင်းမတူပေမယ့်
    ဓမ္မဘက်ချင်း တူလာရင်တော့
    အမြန်ငြိမ်းချမ်းတိုးတက်လာမှာ
    အမှန်ပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 လိပ်ပြာလုံပါစေ ...

    @ နီးနေပြီ ...
    လာချင်ရင်ပေါ့
    ‌ ဝေးနေတယ် ...
    ဆင်ခြေဆင်လက်ပေါ့
    မလုံခြုံဘူး ...
    ကြောက်နေရင်တော့
    မထူးပါဘူး ...
    အရူးချီပန်းပေါ့တော့တော့
    ဒါပေမယ့် ...
    ပြန်ဆုံတဲ့တစ်နေ့
    မင်းလိပ်ပြာလုံပါစေ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. Done👍👍💪.

    ReplyDelete
  21. ဖွတ်မင်းကြီးရဲ့ အာနုဘော်ကြောင့်
    တိုင်းနိုင်ငံတော်ကြီး ဘူကျနေတာ
    ရှုစားလို့ အဆင်ပြေ‌တော်မူပါရဲ့လား။

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. 🙂 သွေးလည်းမကွဲပါ ...
    ဘေးလည်းခွဲမထွက်ပါ
    အောင်မြင်ရေးအချက် ...
    ပြည်သူ့အတွက် ရှေ့ဆက်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. ပို၍အာစိုက်ရုန်းရမယ့်အချိန်ရောက်ပြီဘော်ဒါတို့.....

    ReplyDelete
  25. ဖွတ်မင်းကြီးရဲ့ အာနုဘော်ကြောင့်
    တိုင်းနိုင်ငံတော်ကြီး ဘူကျနေတာ
    ရှုစားလို့ အဆင်ပြေ‌တော်မူပါရဲ့လား။ ။

    AK
    9/1/22

    ReplyDelete
  26. ဖွတ်ကြီးရဲ့ ဘုန်း​တော်​​ကြောင့်
    နွား​တွေကလည်း အုံးအုံးထ
    ​ခွေး​​ပါးဝတဲ့ ကျွန်အားရ​တွေနဲ့
    ထင်ရာစိုင်း​နေလိုက်ကြတာ
    ပြည်သူ​ဟာ ခိုင်းဖတ်​တွေ ဖြစ်လိုဖြစ်။

    ReplyDelete
  27. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  28. နဂိုကမွဲပြာပြာ နိုင်ငံတော်ဟာ
    အတိတ်ရထားပြန်စီး
    ကျောက်ခေတ်ကြီးဆီ ပြန်ရောက်လာပေါ့ ...

    ReplyDelete
  29. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog