ဆေးရောင်လှလှ ခြယ်သကြရအောင်

ပျော်ရွှင်ခြင်းတွေ ပြန်အဖတ်ဆယ်ဖို့
ညှင်းသိုးသိုး နေ့ရက်တွေထဲ
ရှင်သန်နေတယ် ဆိုရုံလေးပဲ
အပိုမရတဲ့ လက်တံတွေ ထပ်တဲ့အထိ
မပြီးဆုံးနိူင်တဲ့ ပင့်ကူအိမ်ထဲ
တဝဲလည်လည် နဲ့  
နာကျဉ်းခြင်းတွေ အတွက် 
ငါ ပေးဆပ်နေမိတယ် 

အရှုံးအမြတ် ...
တကယ်မတွက်ချင်တော့ဘူး
အဆုံးသတ် ငိုကြွေးခြင်းတွေ
တကယ်တိတ်ဖို့ အတွက်
အိပ်ခွင့် မရတော့တဲ့ 
ကြယ်တွေ လင်းလက်နေတုန်း
ဗလောင်ဆူဆူ နဲ့ အိမ်အပြန်လမ်း
မျှော်မှန်းနေကြတဲ့ သူတွေရှိတုန်း
ဝမ်းရေးအတွက် တကယ်ခဲခက်
ရုန်းထွက်ခဲ့ကြသူတွေရှိတုန်း 
သူတို့အတွက် ငါတို့အနာဂတ်အတွက်
နောင်မျိုးဆက်သစ်တို့ အတွက်
ရုပ်ပုံကားချပ်ကြီး ရှိလို့နေတယ်
လှပအသက်ဝင် ရှင်သန်စေဖို့ 
ငါတို့ အတူတကွ..... 
ဆေးရောင်လှလှ ချယ်သကြပါစို့။    ။  

Aung Kyaw Soe

Comments

  1. 💞 Love 💞

    -There is no such thing as a human without love.
    -Pure love from a young age, love deepens with grow older, then older, love is an everlasting faith.

    -Some express love in poems and letters, some express love in the heart, some in the brain, some with life, people who give their lives for love. Is it love or madness?

    -Human said that love is very strange,It's like meeting love in an unexpected place and falling in love with someone you did not expect.There have been examples of world wars for love, not in Korean drama, but in reality.

    - Do not have you love yet, do not give up,love comes at an unexpected time, regardless of age.( Is an encouraging word for Fa. )

    -So what kind of love have you met? Do you have love? I do not have love(Zay Bann😜😜) I write about love because I think everyone is tired,May life's troubles be over 🙏🙏🙏.

    ............❤Htet.........

    ReplyDelete
  2. အိုခေ
    နောင်မျိုးဆက်သစ်တို့ အတွက်
    ဆေးရောင်လှလှ ချယ်သကြမယ်

    ReplyDelete
  3. ​နောက်မျိုးဆက်သစ်​တွေအတွက် ​ဆေး​ရောင်လှလှ တူတူ ခြယ်ကြမယ် 😊😊😊

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. Replies
    1. This comment has been removed by the author.

      Delete
    2. ဒီနေ့ ကားသမား အသည်းကွဲလာပုံရတယ် လမ်းတွေချော်တယ်
      မှတ်တိုင်တွေ မှားရပ်တယ်
      ကြေကွဲသံကြီးနဲ့ တောင်းပန်တယ်
      ခဏခဏ ပြောနေရတယ်
      ဘယ်သူမှလည်း အပြစ်မပြောဘူး
      ကြည့်ရတာ တကားလုံး
      အသည်းကွဲလာပုံရတယ်

      မြကျေး

      Delete
  6. ဆေးရောင်လှလှချယ်ကြမယ်💪

    ReplyDelete
  7. Replies
    1. This comment has been removed by the author.

      Delete
  8. အားအင်ထပ်တိုးကဗျာရဲ့တန်ဘိုး

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  13. ဒါနောက်ဆုံး ဖြစ်ရမယ်ဟေ့

    ReplyDelete
  14. Vincent က အာလူးစားသူ​တွေကို ခြယ်မှုန်း ထားခဲ့တုန်းက ငါ သိပ်ကိုယ်ချင်း မစာမိခဲ့ဘူး။
    အခု ငါတို့ အာလူး​တောင် ဝယ်စားဖို့ မနိုင်ကြ​တော့ဘူး၊ အာလူး​ဈေးက ​ခေါင်ခိုက်လာပြီ။
    မအလ​ရေ..
    ဖလမသား​ရေ
    ငါ့ မှာ ​မောဟ​တွေ နင့်လို့
    ​ငါ့ စာ​တွေ​တောင် ​ဒေါသသင့်
    ​လောဘ​တွေလည်း ရင့်ကျက်​နေပြီ။
    ငါ.. မငိုမိ​တော့ဘူး။

    ReplyDelete
  15. Done by angel 041.

    ReplyDelete
  16. 🙂 ဧရာဝတီ ချစ်သူ ...

    @ သွေးအေး ...
    အေးဆေးလှတဲ့ ဧရာဝတီ
    ဒလံတွေပေါ ...
    ငြိမ်းအေးလှတဲ့ ဧရာဝတီ
    အပြောကြီးသလောက် ...
    အီးမပေါက်ရဲတဲ့ ဧရာဝတီ
    ဒုက္ခတွေကြား အရေးမထား ...
    အရှက်သိက္ခာတရား ကင်းမဲ့စွာ
    ကျောင်းထားကြတဲ့ဧရာဝတီ၊

    @ မသိခင်က ...
    အရှက်ရှိခဲ့ရတဲ့ ဒို့ဧရာဝတီ
    ပထဝီရေမြေ အခြေအနေတွေကြောင့်
    မခံနိုင်သူ အာခံရအောင်ဟု
    ချစ်သောဧရာဝတီကို ပစ်ခွါလို့
    တစ်ခြားတစ်နေရာကနေ ...
    တွန်းလှန်နေတာ မင်းတို့မသိလေသလား
    ဗျာမများနဲ့ ဧရာဝတီသားတို့ရေ
    မင်းတို့ဘက်ကို ငါတို့ချီတက်တဲ့အခါ
    ဧရာဝတီသား မာန်နဲ့ကြွားဘို့ ...
    ဒါးသွေးထားပါ သူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🍁🍁🍁 take care🧡

    ReplyDelete
  18. ဆေးရောင်စုံပါစေ
    စုတ်ချက်နူးညံ့ပါစေ
    နောက်မျိုးဆက်သစ်အတွက်

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  22. .......အရောင်စုံတဲ့ပန်းခင်းကြီးဖြစ်ဖို့......
    ၀ိုင်း၀န်းကြိုးပမ်းအားထုတ်ကြစို့.......

    ReplyDelete
  23. 🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  24. ငါတို့ အတူတကွ.....
    ဆေးရောင်လှလှ ချယ်သကြပါစို့။

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete
  26. 🙂 သွေးလည်းမကွဲပါ ...
    ဘေးလည်းခွဲမထွက်ပါ
    အောင်မြင်ရေးအချက် ...
    ပြည်သူ့အတွက် ရှေ့ဆက်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  27. 🥷 မလွဲဧကန် ...

    @ ဘာသာရေးကိုခုတုံးလုပ် ...
    ပြည်သူကို ဂုတ်သွေးစုပ်
    ပြည်သူ့လစာ ထမင်းလုပ်ပြီး
    ပြည်သူကို ပြန်သတ်နေမှတော့
    ဇက်ပိုးနင့်ပြီး ...
    မကြာခင်သေဇတ်ခင်းရမှာ
    မလွဲဧကန်ပေါ့ မအလတစ်သိုက်ရေ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  28. Wheel............dope.🏹🏹🏹

    ReplyDelete
  29. မင်းကိုမြင်မှ ငါစိတ်ပျော်တာပါMarch 10, 2023 at 10:26 PM

    အခုတော့ မင်းရဲ့ comလေးမမမြင်ရတော့ ဟာတာတာကြီး🤗

    ReplyDelete
  30. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  31. ကျိန်စာမိ​နေတဲ့ နိုင်ငံမှာ
    အလံကိုင်ချင်​နေကြတာက ပြဿနာ။

    ပလ္လင်မှာ ဖင်ပူ​အောင်ထိုင်ရဖို့
    ယတြာ​တွေ မနိုင်မနင်း
    အိုင်အင်း​တွေက ဗလဖွာ။

    ချစ်​သောမြန်မာ
    ​​အာဏာရူး​တွေ သွားလိုက်။

    ​ခေါင်းမပါရင် မလာခဲ့ပါနဲ့
    အခါခါ ​တောက်ချခံ​လေရမယ်
    ​ရောက်တဲ့​နေရာက လှည့်ပြန်လို့
    ပြည်သူ့အသံ ​အုံးဒိုင်းခြွေဖဲ့
    ကဆုန်စိုင်းလို့ အနား​လာဦးမယ်
    ဘုရားသာ တ, လိုက်။

    ReplyDelete
  32. ငါတို့ အတူတကွ.....
    ဆေးရောင်လှလှ ချယ်သကြပါစို့

    ReplyDelete
  33. ငါတို့ အတူတကွ
    ဆေးရောင်လှလှ
    ခြယ်သ ကြပါစို့။

    ReplyDelete
  34. Wheel............dope.🏹🏹🏹

    ReplyDelete
  35. Fighting
    Click,click,click........

    ReplyDelete

Post a Comment

Popular posts from this blog