စုတ်ချက်

ငါ့သမိုင်းကားချပ် 
ငါရေးဆွဲနေတယ်
ဒီအထဲမှာ ပစ္စုပ္ပန်လည်းပါသလို
အနာဂါတ်ဟာလည်း ပုံရိပ်ထင်နေတယ်။

ဆေးစက်ကျရာ 
အရုပ်ထင်ရမယ်ဆိုရင်တောင်
ဘာအရုပ်ရေးမလဲကို ငါကိုယ်တိုင်ဆုံးဖြတ်မယ်
အိပ်မက်တွေက စျေးကြီးတယ်။

ဟုတ်တယ် 
ဒီအိပ်မက်ထဲမယ်
သန်းပေါင်းများစွာရဲ့အနာဂါတ်တွေ
ဘဝတွေ ပျော်ရွှင်ခြင်းတွေ
အဲဒီအတွက် စွန့်လွှတ်ရခြင်းများစွာပေါ့။

ဒီခရီးက နည်းနည်းတော့ကြမ်းမယ်
သတိတမံ၊ ဉာဏ်မြေကတုတ်အပြင်
အဆာခံနိုင်တဲ့ ဝမ်းခေါင်းလည်းလိုတယ်
ပြီးတော့...အနာခံနိုင်မယ့် စိတ်လည်းလိုတယ်။

စကတည်းက တွဲခဲ့ကြတဲ့ လက်တချို့
ပြုတ်ကျခဲ့ပြီလား ကိစ္စမရှိပါဘူး
မင်းလမ်းနဲ့မင်း ဆက်လျှောက်လာခဲ့ပါ။

ငါတို့ရဲ့ပန်းတိုင်ကိုတော့ မျက်ခြေမပြတ်စေနဲ့
ငါတို့လျှောက်နေတာ မြေပေါ်မဟုတ်ဘူး
ယုံကြည်ခြင်းတွေပေါ်...
မကြာခင် ပြန်ဆုံကြမယ် 
ငါတို့ရဲ့အောင်မြေပေါ်။       ။  

Spring Mabel
04 May 2021 

Comments

  1. Fly freely until you reach top, but do not forget to climb from the lowest point when you reach top.

    ReplyDelete
  2. အိုခေ
    အောင်မြေပေါ်မှာ ပြန်ဆုံကြမယ်

    ReplyDelete
  3. အေရးေတာ်ပုံေအာင်ရမည်🌹

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. မကြာခင် ပြန်ဆုံကြမယ်...

    ReplyDelete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. This comment has been removed by the author.

      Delete
    3. This comment has been removed by the author.

      Delete
    4. This comment has been removed by the author.

      Delete
    5. ငါ Clickမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ငါနေ့တိုင်းClickတယ်
      ငါ့နိုင်ငံရဲ့ လူဉီးရေသိန်း ၅၀၀ ကျော်ထဲ
      ငါ့လိုလူမျိုး ၁သိန်းလောက်ရှိဖိုလဲငါမျှော်လင့်တယ်
      တက်နိုင်သလောက်လေး clickကြပါ
      လှုပါ

      Delete
    6. This comment has been removed by the author.

      Delete
  8. ကလစ်ပီးရင်းClickကြမယ်

    ReplyDelete
  9. ဒီတော်လှန်ရေးက
    ကျနော်တို့အတွက်
    မှတ်ကျောက်တစ်ခုပဲ။
    သမိုင်းက မှတ်တမ်းတင်တဲ့အခါ
    ပွန်းစားမှုတွေ ရှိပေမယ့်
    ကိုယ် ရွှေ ဘယ်နှရွေးရှိခဲ့တယ်ဆိုတာ
    ပြောပြနေလိမ့်မယ်။
    ဘိုးဘေးကနေ မြေးမြစ်ထိ
    သမိုင်းလှပါစေ 💕

    ReplyDelete
  10. Try & Try Again All Clickers..🌹🌹🌹

    ReplyDelete
  11. ပစ္စုပ္ပန်မှာလျှောက်လှမ်းရင်း အနာဂါတ်တွေထဲတိုး၀င်နေဆဲမှာ အတိတ်ခြေရာတွေကျန်ရစ်ပေါ့ ........

    ReplyDelete
  12. မကြာခင် ပြန်ဆုံကြမယ်

    ReplyDelete
  13. မကြာခင်ပြန်ဆုံကြမယ် ငါတို့ရဲ့ ​အောင်​မြေ​ပေါ်

    ReplyDelete
  14. Goal is within a reach. We are winning.

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. Let us all join together 😊😉

    ReplyDelete
  17. ကဗျာ တွေကိုချစ်ခဲ့ဖူးပြီ

    ReplyDelete
  18. 🎉🎉🎉🎉

    ReplyDelete
  19. 👍👍👍👍👍

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. Let us all join together 😊😉😄

    ReplyDelete
  22. ဘာတွေကမ္ဘာအတွက်ချန်ထာလဲ... ငါလေနားလည်ပြီ.....

    ReplyDelete
  23. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  24. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  25. မကြာခင်ပြန်ဆုံကြမယ်

    ReplyDelete
  26. This comment has been removed by the author.

    ReplyDelete
  27. ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုရင်
    ကောင်းတဲ့သမိုင်းပဲ ထားခဲ့မှာ ..

    ReplyDelete
  28. 🙂 ကျနော် ...
    တစ်ဦးထဲအမြင်အရ
    ဘယ်သူ့ကို ဘာမှမပြောချင်ပါ
    ဒါပေမယ့် ...
    တစ်ဦးတစ်ယောက်ကြောင့်သော်၎င်း
    အဖွဲ့အစည်းတစ်ခုခုကြောင့်သော်၎င်း
    နွေဉီးတော်လှန်ရေးကြီး ...
    ကြန့်ကြာသွားမှာ သေမလောက်
    ကျနော်သေသွားတာထက်ကြောက်တယ်၊

    🙂 ဘာလို့လည်း ...
    အသီးသီးတော်လှန်နေကြသူတွေဟာ
    အခက်အခဲတွေ မရှိတဲ့သူမရှိပါဘူးဗျာ
    တစ်ချို့ အသက်တွေပေးခဲ့ပြီးပြီ
    တစ်ချို့ အဖမ်းခံနှိပ်စက်ခံနေရတယ်
    တစ်ချို့ မိဘမောင်ဘွားဒုက္ခရောက်နေပြီ
    တစ်ချို့ စည်းစိမ်အိုးအိမ်မဲ့သွားပြီ
    တစ်ချို့ တောထဲမှာတိုက်ပွဲဝင်နေရတယ်
    တစ်ချို့ စစ်ရှောင်တွေဒုက္ခဝေနေပြီ
    တစ်ချို့က နိုင်ငံခြားမှာ
    ပြောရင်အများကြီးဗျ၊

    🙂 ဒီတော့ဗျာ ...
    ညီညွတ်ကြရအောင်
    စည်းလုံးကြရအောင်
    အတူတူတိုက်ကြရအောင်။

    စစ်မင်းထက်သာ

    ReplyDelete
    Replies
    1. အတူတူတိုက်ကြမယ် ဘယ်တော့မှ သွေးမအေးဘူး စိတ်ချ။

      Delete
  29. 🍁🍁 🍁take care🧡

    ReplyDelete
  30. သိပ် မကြာခင် ပြန်ဆုံကြပါစို့

    ReplyDelete
    Replies
    1. ပြန်ဆုံကြမယ်

      Delete
  31. လူမှန် ​နေရာမှန်
    အမြန်​ရောက်ကြပါ​စေကွာ
    ငါတတ်နိုင်တာ​လေးက
    ကလစ်တစ်ချက်
    ကဗျာ တစ်စက်သာ
    အဲဒီအတွက်
    အားနာပါတယ်ကွာ 😔

    ReplyDelete
  32. 🙂 လောက ...

    @ ‌အော် ...
    ‌ လောကကြီးမှာ
    အမှားအမှန်မသိတဲ့သူတွေနဲ့
    ခဏအဆင်ပြေရင်ပြီးရောဆိုတဲ့သူတွေနဲ့
    ဝေလေလေကြိုက်တဲ့သူတွေနဲ့
    တွေနဲ့တွေနဲ့ဆိုတဲ့သူတွေများလာရင် ...
    ဒီလောကကြီး ပျက်စီးပြီ။

    စစ်မင်းထက်သာ

    ReplyDelete
  33. သိက္ခါပုံ အသက်ပုံထားတဲ့ လူတွေရဲ့မျက်နှာကို ကြည့်ဖို့ လိပ်ပြာလုံခြင်တယ်ဆို ကလစ်ပါ သူငယ်ချင်း

    ReplyDelete
  34. ယုံကြည်ချက်တူသူတွေများပါတယ်။
    အားမလျော့ပါနဲ့
    အားမငယ်ပါနဲ့
    တွဲလက်တွေအားလုံးဟာယုံကြည်ရာတနေ့ပေါင်းဆုံစုစည်း
    ကြတာပေါ့။

    ReplyDelete
  35. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
    Replies
    1. အမှန်ပါပဲရှင် တိုင်းပြည် က မနည်းပြန်အဖတ်ဆည်ရမှာပါ။

      Delete
  36. 🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  37. 🥷 အိမ်မှာနေရင်း ...

    @ အိမ်မှာနေရင်း ...
    အလကားလူ မဖြစ်ပါစေနဲ့
    မတရားမှုမှန်သမျှ တွန်းလှန်ကြ
    ကလစ်ဒိုနိတ်လုပ်ပြီး ...
    လှူဒါန်းလို့ရ၊ဘယ်သူမှမသိစေရ
    ဒါမှပြည်သူ့ဘဝ၊ချမ်းသာရာရ။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  38. 🥷 ငါမေးမိမယ် ...

    @ ဝေဖန်ပိုင်းခြား ...
    ဦးနှောက်ဉာဏ်မရှိ
    ရန်သူမိတ်ဆွေမထား ...
    စိတ်ထင်တိုင်း ပစ်သတ်တယ်
    မင်းတို့ဘာလဲ ? ...
    မင်းတို့ဘယ်လဲ ?
    ငါမေးမိမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  39. ပန်းတိုင်ရောက်တဲ့အထိ 💪

    ReplyDelete
  40. 🥷 သည်ခေတ်နဲ့ဤခေတ် ...

    @ သည်ခေတ်ကြီးက ...
    သူခိုးက လူပြန်ဟစ်ပြီး
    လူကောင်းက ထောင်ကျတဲ့ခေတ်။

    😀 စစ်မင်းထက်သာ

    ReplyDelete
  41. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  42. တွဲခဲ့ဖူးတဲ့လက်တစ်ချို့ပြုတ်ကျခဲ့ပြီလား 😔🌻

    ReplyDelete
  43. 😥 ဒို့တိုင်းရင်းသားညီအကိုများ ...

    @ "ဖားကန့်အတွက် သွေးကြွေးဆပ်ရမည်"

    ကချင်လည်း ဒို့ကချင်
    ကယားလည်း ဒို့ကယား
    ကရင်လည်း ဒို့ကရင်
    ချင်းသည်လည်း ဒို့ချင်း
    မွန်သည်လည်း ဒို့မွန်
    ဗမာသည်လည်း ဒို့ဗမာ
    ရခိုင်သည်လည်း ဒို့ရခိုင်
    ရှမ်းသည်လည်း ဒို့ရှမ်း
    ဘယ်သူထိထိ ဒို့ထိတာဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
    Replies
    1. တွဲလက်တွေမြဲမြဲဆက်ထားကြရအောင် 💞

      Delete
  44. ​နေရာစုံ တပြိုင်ထဲအတူထကြွ လက်တွဲတိုက်ပွဲဝင်ကြရင် မ​​ကောင်းဘူးလား​ဟေ

    ReplyDelete
  45. 🥷 NUG, CRPHသို့ ...

    @ ခြေလှမ်း ...
    တစ်လှမ်းစီတစ်လှမ်းစီတိုင်းမှာ
    အရေးကြီးနေပါပြီ
    မမှားအောင်ထိမ်းဘို့နဲ့ ...
    အမြန်လှမ်းဘို့လည်းလိုနေပြီ
    အများကြီးလှမ်းဘို့မလိုတော့သလို
    အရေးကြီးတဲ့ခြေလှမ်းဖြစ်ဘို့လိုနေပြီ။

    🖕စေတနာအပြည့်ဖြင့် ...
    စစ်မင်း ထက်သာ

    ReplyDelete
  46. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  47. ပန်းတိုင်ကို မျက်​ခြေမပြတ်
    လမ်းမှန်ဖို့လည်း အ​ရေးကြီးတယ်။
    သတိ ဝီရိယ သမာဓိ
    ဟန်ချက်ညီဖို့ လို​သေးတယ်။
    ဆုံးဖြတ်ချက်​တွေ မှန်​​စေသား
    သုံးသပ်ထားဖို့ လို​သေးတယ်။
    မဂ္ဂင် ၅ပါးစုံ တရား
    ကုံလုံ​အောင်ခြင်း ရလိမ့်မယ်။

    ReplyDelete
  48. Wheel............dope.🏹🏹🏹

    ReplyDelete
  49. ယုံကြည်ခြင်းအပေါ်
    မကြာခင်ပြန်ဆုံကြမယ်
    ​ငါတို့ရဲ့ အောင်မြေပေါ်

    ReplyDelete
  50. ယုံကြည်ခြင်းအပေါ်မကြာခင်ပြန်ဆုံကြမယ်ငါတို့ရဲအောင်မြေပေါ်

    ReplyDelete
  51. Fighting
    Click,click,click..........

    ReplyDelete
  52. Fighting
    Click,click,click......
    ..

    ReplyDelete
  53. မင်းလမ်းနဲ့မင်း ဆက်လျှောက်လာခဲ့ပါ

    ReplyDelete
  54. ပန်းတိုင်ရောက်သည်အထိ။

    ReplyDelete
  55. Fighting
    Click,click,click...........

    ReplyDelete
  56. မင်းလမ်းနဲ့ မင်း ဆက်လျှောက်
    လာခဲ့ပါ။
    ငါတို့ရဲ့ ပန်းတိုင်ကိုတော့
    မျက်ခြေမပြတ်စေနဲ့။

    ReplyDelete
  57. ကျန်းမာရေးကြောင့်မှ လွဲ၍
    နေ့စဉ်မပျက် ကလစ်ပါ၏။

    ReplyDelete
  58. Fighting
    Click,click,click.............

    ReplyDelete
  59. Fighting
    Click,click,click.........

    ReplyDelete
  60. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏၏။

    ReplyDelete
  61. လက်ညှိုး ထိပ်ကလေး
    အသားမာ တက်နေသည်အထိ
    ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog