ဆုတောင်းကဗျာ

‌မှောင်မိုက်မိုက်ညနက်ထဲ
လရောင်အလင်းကိုသာ
အားပြုလမ်းလျှောက်လာရင်း
ပုခုံးချင်းတိုက်မိလို့လှည့်ကြည့်လိုက်တော့
ဖုန်တွေတက်နေတဲ့အိပ်မက်နဲ့
အနာဂတ်တွေဖြစ်နေတယ် 

ဗုဒ္ဓရဲ့နောက်ဆုံးခံတပ်လို့
ခေါ်ဝေါ်ကြတဲ့ ဒီနိုင်ငံမှာ
အဓမ္မဟာ အမြဲတမ်းကြီးထွားလာတတ်တယ်
ဒါတို့ပြည် ဒါတို့မြေ လို့ခေါ်တဲ့နိုင်ငံကလည်း
မုန်းချင်စရာကောင်းလိုက်တာ

သက်တမ်းတစ်ဝက်လောက်က 
သံတိုင်တွေကြားထဲ
အရစ်ပြုံးသွားတဲ့ လူတစ်ချို့တွေရယ်
အခုချိန်ထိအိမ်ကအိပ်ရာခင်းမှာ
ကျောကောင်းကောင်းမခင်းရသေးတဲ့
အိမ်ကိုစွန့်ခွာနေရဆဲ ဒုက္ခသည်တွေရယ်
ခံယူချက် ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့
တောထဲတောင်ထဲရောက်နေတဲ့ 
လူငယ်တစ်ချို့တွေရယ်

တရားဓမ္မတွေထွန်းကားတာလည်း ဒီနိုင်ငံ
ဒိဠိတွေမျိုးပွားလာတတ်တာလည်းဒီနိုင်ငံ
အာဇာနည်သူရဲကောင်းတွေများတာလည်းဒီနိုင်ငံ
တစ်ကိုယ်ကောင်းသမားတွေများတာလည်းဒီနိုင်ငံ

ဒီရေ ဒီမြေပေါ်မှာ ဒီမိစ္ဆာတွေကို 
တိုက်ထုတ်ရတာ
ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ
ပန်းရနံ့တွေနဲ့အမြဲမွှေးကြိုင်ပါစေ
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့
စကားနဲ့အညီ တရားခြင်းတွေနဲ့အတူ
ငြိမ်းချမ်းလာပါတော့
ချစ်သောမြန်မာပြည်...။         ။

Zay Phyoe Aung 

Comments

  1. ချစ်‌‌ခြင်းမေတ္တာတွေနဲ့
    အမြန်ဆုံးငြိမ်းချမ်းပါရစေ

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. Till the end
    Fighting together 💪

    ReplyDelete
  4. Replies
    1. This comment has been removed by the author.

      Delete
  5. မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါ​စေ

    ReplyDelete
  6. “Fear can hold you prisoner.Hope can set you free.

    ReplyDelete
    Replies
    1. ပန်းတိုင်အသွား
      စထွက်ကနေ
      ၁ စင်တီမီတာလှမ်းလဲ
      အဲ့တာပြေးလမ်းပဲ။

      -လွမ်းနောင်

      Delete
  7. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  8. တံခါးလာမခေါက်ခင် ရင်ဆိုင်လိုက်တာ နောက်ကြောလုံပါတယ်

    ReplyDelete
  9. “Fear can hold you prisoner.Hope can set you free.”

    ReplyDelete
    Replies
    1. “Fear can hold you prisoner.Hope can set you free.”

      Delete
  10. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  11. ဆုတောင်းမှုတွေနဲ့အသားကျနေတဲ့ သူရဲကောင်းမျှော်တဲ့ဒီနိုင်ငံ....
    အကာတွေနောက်လိုက်ရင်း မဏ္ဍပ်တိုင်တက်ပြချင်သူတွေပေါတဲ့ဒီနိုင်ငံ .....
    အဓိကနဲ့သာမည ပဥာတ်နဲ့ပရမတ်ကိုရောထွေနေတဲ့သူတွေများတဲ့ဒီနိုင်ငံ....
    လက်တွေ့မပါတဲ့အသိဟာ အကျိုးနဲ့တူတယ်ဆိုတာကို............
    မျှော်လင့်ချက်တွေနဲ့ဘယ်အချိန်ထိဆက်ရုန်းနေရမလဲ......

    ReplyDelete
  12. အမုန်းတွေ ရပ်
    အပြုံးတွေ ထပ်
    စစ်ပွဲကို သတ်
    ငြိမ်းချမ်းမှုတွေ အပ်

    ReplyDelete
  13. ရဲဘော်တို့ရေ
    You tube မှာ YGN Donation Channel လေးကို subscribe လေး ကူညီပေးကြပါဦးနော်
    🙏💪💪🤜🤛

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. 🙂 သူငယ်ချင်း ...

    @ အကြောက်တရားဆိုတဲ့ အခန်းထဲမှာ ...
    လမ်းပျောက်ပြီးပုန်းမနေပါနဲ့သူငယ်ချင်း
    မင်းအတွေးတွေ ချော်နေပြီဆိုပါလျှင် ...
    မှေးဆက်ပြီး တရေးတော့အိပ်လိုက်ပါ
    မင်းနိုးလာတဲ့အခါ ...
    ငါတို့Gene.Z မျိုးဆက်အတွက်
    မင်းတိုက်ပွဲ ဝင်ရမယ်သူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. 🙂 နိုင်ပွဲ ...

    @ ပြည်သူအားလုံး ...
    စဉ်းစားတွေးခေါ်သုံးသပ်ပြီး
    ဓမ္မဘက်ရပ်တည်ဘို့ ...
    ခိုင်မာလာတဲ့ တစ်နေ့
    နိုင်ပွဲ အမြန်ဖြစ်လာမှာ။

    စစ်မင်းထက်သာ

    ReplyDelete
  18. ကိုယ်လုပ်နိုင်သာလုပ်ကြွားစရာမဟုတ်၊ကိုယ်စိတ်ကိုဖြေသောကတွေဝေ၊ကိုယ်ချင်းစာတရားလက်ကိုင်ထားလူကိုလူလိုမြင်တတ်ကြပါစေ

    ReplyDelete
  19. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 Sitt Min SaysJuly 31, 2022 at 8:54 PM

    🥷 ဖြစ်နိုင်ရင် ...
    One by one.🙂 အဓမ္မကို ...
    အမြန်နိုင်ချင်တာကလွဲလို့
    ရင်ထဲ ဘာမှမရှိပါ

    ReplyDelete
  21. မပြည့်တဲ့ဆုတွေထိုင်တောင်းမနေပါဘူးကိုယ်လုပ်နိုင်တာလုပ်ကြယုံပေါ့

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. 🙂 လွမ်းစရာကချင်မြေ ...

    @ ငါတို့ရဲ့ ...
    အချုပ်အချာအာဏာ
    ပြည်သူ့ဘဝလွပ်လပ်ရေး
    လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး
    ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး
    တရားမျှတရေးနှင့်တန်းတူအခွင့်ရေးတွက်
    တိုက်ကိုတိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  24. This comment has been removed by the author.

    ReplyDelete
  25. ဒါနောက်ဆုံးတိုက်ပွဲပဲ ✊

    ReplyDelete
  26. အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည် 👊🏼

    ReplyDelete
  27. ဒါ​​နောက်ဆုံးမို့ ဒီ​လောက် ကြာ​နေတာလို့ ​​ဖြေ​တွေးရင်း ဝိုင်းဝန်း​နေပါတယ်။

    ReplyDelete
  28. ဆုတောင်းတေမပြည့်February 18, 2023 at 11:19 PM

    🥀🍀

    ReplyDelete
  29. ဒါ ​နောက်ဆုံး ဖြစ်ပါရ​စေ

    ReplyDelete
    Replies
    1. ဖြစ်ပါရစေApril 13, 2023 at 6:27 AM

      ဆုတောင်းလျက်

      Delete
    2. ပြည့်ပါ‌စေMay 13, 2023 at 1:42 AM

      ပို့သလျှက်

      Delete
  30. Wheel............dope.🏹🏹🏹

    ReplyDelete
  31. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  32. ဗုဒ္ဓရဲ့နောက်ဆုံးခံတပ်ဟာ ကျုပ်တို့နှလုံးသားပါ
    ကျန်တာတွေက မာယာသာဌေယျတွေပါ

    ReplyDelete
  33. Wheel............dope.🏹🏹🏹

    ReplyDelete
  34. အာဇာနည် သူရဲကောင်းတွေ
    များတာလည်း ဒီနိုင်ငံ။
    တကိုယ်ကောင်း သမားတွေ
    များတာလည်း ဒီနိုင်ငံ။

    ReplyDelete
  35. I like this poem.
    Fighting
    Click,click,click........

    ReplyDelete
  36. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog