တော်လှန်ရေးသမား

ဒဏ်ရာဗရပွနဲ့ အသက်မဲ့ခန္ဓာကိုယ်ပမာ
မလှုပ်မယှက်ငြိမ်လျက်သား
မေးခွန်းသံတွေ ထပ်တလဲလဲကြားက
ငါထပ်ဖြေမိပြန်တယ်

မင်းကဘာကောင်လဲ....
နာကျင်မှုတွေကို အံတုတင်းခံရင်း
ခေါင်းကိုမော့ မျက်နှာကိုစေ့စေ့ကြည့်ပြီး
ငါထပ်ဖြေမိပြန်တယ်

ငါကတော်လှန်ရေးသမား....
ခန္ဓာကိုယ်အနှံ့ ကျရောက်လာမယ့်
နာကျင်မှုတွေကိုလည်း ငါမကြောက်တော့ဘူး
ဒါအမှန်တရားပဲ....

ငါတို့ဟာ မုဆိုးရှေ့ ပြားပြားဝပ်
တုန်နေအောင် ကြောက်မယ့် 
ယုန်သူငယ်မဟုတ်ဘူး
အမှန်တရားအတွက် အသက်ကို
လောင်းကြေးထပ် တိုက်ပွဲဝင်နေတဲ့   
တော်လှန်ရေးသမားတွေကွ!

ThaeNu                 

Comments

  1. ငါဟာ အမှန်တရားအတွက်
    တိုက်ပွဲဝင်နေတဲ့
    ကလစ်ကာတစ်ယောက်ပါ

    ReplyDelete
  2. ဒီတစ်ကြိမ်သာ ထပ်ရှုးလို
    မိုးမှောင်ကျရင်
    နောက်ထပ်အနှစ် ၄၀ ပဲ ။

    လေထဲမှာ
    မင်းလက်ကို
    မမြှောက်လိုက်ပါနဲ့ လူငယ်
    ငါတိုလို အိုစာတဲ့အဖိုးကြီး
    ဖြစ်သွားလိမ့်မယ် ။ ။

    #ဝင်းမြင့်

    ReplyDelete
    Replies
    1. လူမသိသူမသိ‌ ပျောက်ကွယ်သွားတဲ့
      လူငယ်လေးတစ်စု
      ခေတ်တိုင်းမှာရှိတယ်။

      :မောင်ငြိမ်းချမ်း

      Delete
    2. This comment has been removed by the author.

      Delete
    3. ဒီတခါ​တော့ လူငယ်တစ်စု မဟုတ်။ လူငယ် တပြုံကြီး ​ပျောက်သွားရတာ။

      Delete
  3. Till the end
    Fighting together 💪

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. We fight we win 💪

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  7. This comment has been removed by the author.

    ReplyDelete
  8. .. .. .လူမသိသူမသိ လူသိသူသိကြွေလွင့်ခဲ့ရတဲ့ကြယ်တွေအတွက် ငါတို့ရဲ့တော်လှန်ရေးအောင်ပွဲတစ်ခုတည်းကသာ သူတို့ရဲ့ဝိညာဥ်တွေကိုလွတ်လပ်ခွင့်ရစေမှာပါ.....

    ReplyDelete
  9. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  10. ကံမ​ကောင်းတဲ့ အ​မေနဲ့
    ကံမ​ကောင်းတဲ့ ပြည်သူ​တွေ
    ဉာဏ်​တွေ ​ကောင်းဖို့​တော့ လိုမယ်။

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete
  14. 🦾🦾🦾🦾🦾🦾

    ReplyDelete

Post a Comment

Popular posts from this blog