ခြေလှမ်း

မည်၍မည်မျှ  မှောင်မိုက်နေသော်ငြား
ဓူဝံကြယ်ဟူသည် မှေးမှိန်ရိုးထုံးစံမရှိ
ပိုမှောင်မိုက်လာလေ ပိုတောက်ပလေ
အမှောင်ခွင်းမယ့် အလင်းတန်းငယ်

ရောင်နီသာတဲ့ နေ့သစ်ရောက်ဖို့
အမှောင်ယံညကို ဖြတ်သန်းနေဆဲ
ဘယ်မလဲ 'အားအင်'လို့ မေးလာရင်တော့
ရှိပါတယ်.....
ဒါပေမယ့် ခင်ဗျားမြင်နိုင်မှာမဟုတ်ဘူး

မီးတိုင်မရှိတဲ့ ပေတရာထက်မှာ
မီးအိမ်ငယ်တစ်လုံး လက်ကဆွဲလို့
ရှေ့ဆက်လျှောက်မယ့် ခယောင်းလမ်း
ဆူးများသော်လည်း ငါမမှုချေ...
ဘယ်တွင်မီးအိမ်  ညာတွင်ဓားတစ်လက်

ဟော..ဟိုရှေ့မှာ
ရွှေအိုရောင်နေ့ရက် 
ဓူဝံကြယ်ခြေလှမ်း
မအေးချမ်း သော် 
ထက်မြက်ရဲရင့်လှပေစွ။     ။

ThaeNu

Comments

  1. ဘယ်မလဲ 'အားအင်'
    ရှိပါတယ် ဓမ္မကိုမြတ်နိုးသူတိုင်း မြင်နေရပါတယ်

    ReplyDelete
  2. ဘယ်မလဲ 'အားအင်'လို့ မေးလာရင်တော့ ရှိပါတယ်.....
    ခင်ဗျားမှမမြင်တာ။ ခင်ဗျားမြင်မြင် မမြင်မြင်အရေးမကြီးပါဘူး။ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ ကျုပ်မှာ အင်အားအပြည့်ရှိနေတာ ကျုပ်ပဲသိရင်ရပြီး။

    ReplyDelete
  3. သေနတ်ကြောင့် ကဗျာမသေ
    ကဗျာကြောင့်သေနတ်သမားသေစေ

    ခေတ်
    ဖေဖော်ဝါရီ၊၂၊၂၀၂၁။

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. This comment has been removed by the author.

      Delete
    3. ငါ Clickမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ငါနေ့တိုင်းClickတယ်
      ငါ့နိုင်ငံရဲ့ လူဉီးရေသိန်း ၅၀၀ ကျော်ထဲ
      ငါ့လိုလူမျိုး ၁သိန်းလောက်ရှိဖိုလဲငါမျှော်လင့်တယ်
      တက်နိုင်သလောက်လေး clickကြပါ

      Delete
    4. တစ်ခါတစ်ခါ
      ငါဘာမှမလုပ်ချင်ဘူး
      ဆေးလိပ်ပဲ
      ထိုင်သောက်နေချင်ရဲ့ ။
      - ဆေးလိပ်သောက်ခြင်းကို
      လူပျင်းတွေရဲ့အလုပ်လို
      သူတိုဆိုကြပေသကိုး။
      ပင်လယ်ကြီးကို
      ဖြတ်သန်းခြင်းဟာ
      လူပျင်းတွေရဲ့အလုပ်ပါပဲလို
      ပြောခဲ့ကြရင်လည်း
      ပင်လယ်ကိုငါဖြတ်ကူးမှာ
      သေချာတယ်။
      ပိုင်စိုးဝေ

      Delete
  4. ဘယ်မှာလဲ အားအင် ခင်ဗျားမြင်ဖို့အရေးမကြီးပါဘူး

    ReplyDelete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. ရောင်နီ လာတော့မှာပါ

    ReplyDelete
  8. ​ရောင်နီသာတဲ့ ​နေ့​တွေ ​ရောက်​တော့မှာပါ ဖိုက်တင်းးး 💪💪💪

    ReplyDelete
  9. Replies
    1. This comment has been removed by the author.

      Delete
  10. done by အညတရ

    ReplyDelete
  11. တော်လှန်ရေးအောင်ပွဲ အမြန်ရရှိဖို့ နေ့စဥ်ကလစ်ကြပါစို့..

    ReplyDelete
  12. ပြည်သာပြုံးဖို့ ညီညာရုန်းစို့.....

    ReplyDelete
  13. စုပေါင်းညီညာအောင်ပွဲရ

    ReplyDelete
  14. ​ရောင်နီ​ရေ
    နင်လာဖို့ ​စောင့်​နေတုန်းပဲဟာ

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete
  19. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  20. Wheel............dope.🏹🏹🏹

    ReplyDelete
  21. Fighting
    Click,click,click.......

    ReplyDelete
  22. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  23. 🦾🦾🦾🦾🦾🦾

    ReplyDelete
  24. Fighting
    Click,click,click........

    ReplyDelete

Post a Comment

Popular posts from this blog