လွမ်းဆွတ်ခြင်းစာမျက်နှာများ

ကဗျာဆရာတွေများ.....
စကားလုံးတွေ အကုန်သုံးပစ်လိုက်ကြတာဆိုတာ
ငါ့ခံစားချက်ကိုဖော်ပြဖို့   
စကားလုံးတောင်မကျန်ခဲ့တော့

စာမဲ့ကဗျာများလည်း ထင်ရှားအမှန်ရှိခဲ့ပြီ
ချစ်ရသူတွေမရှိတော့ရင်.....
ဘဝဆိုတာ ဗလာသက်သက်ထက်မပိုခဲ့ပြီ

မကုန်ဆုံးနိုင်ခဲ့တဲ့နွေဦးက
နှင်းမှုန်မြူခိုးလေးတွေ မြင်ရဖို့ခက်နေရှာတယ်
လူတွေကလည်း သောကမီးတွေနဲ့
မနောစိတ်နှလုံး ရွှင်ပြုံးစရာမရှိခဲ့ကြ

မလှမပ လက်ရေးလေးနဲ့   
ဒီလက်ရေးမူ သူမြင်ပါစေလေ.....
ဖော်ပြတတ်ဖို့ခက်ပါပေ 
ဤခံစားချက်တွေ
အလွမ်းနဲ့ဖြည့်ထားသောစာမျက်နှာတွေ

ဤနွေဦးလည်း
လှပစွာပဲ ဆုံးနိုင်ပါစေ။       ။ 

Tommy

Comments

  1. အလွမ်းနဲ့ဖြည့်ထားသောစာမျက်နှာတွေ ကွယ်ကာပျောက်လို့ ပျော်ရွှင်အေးချမ်းမှုတွေ သယ်ဆောင်လာတဲ့နေ့သစ်ဖြစ်ပါစေ

    ReplyDelete
  2. အညာနွေ
    ---------------

    အသိုက်ကို ဖျက်ခံရလို့
    ပြန်စရာမရှိတဲ့ ငှက်တွေ ငိုနေတယ်

    မီးပြတ်လို့ ခတ်နေရတဲ့
    နာရေးယပ်တောင်ဟာ နိုင်ငံရေးပါပဲ

    အရွက်ဆိုတာ
    ကြွေပြီးရင် အသစ်ထွက်တယ်
    အခုက အသက် ။

    ဆန်းကျော်စွာဝင်း

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  3. Replies
    1. အားကစားကွင်းကနေ
      ဆေးရုံဖြစ်သွားတယ်။

      အိမ်တွေက ဗုံးခိုကျင်းဖြစ်ပြီး
      လမ်းတွေက စစ်မြေပြင်ဖြစ်သွားတယ် ။

      နောင်တချိန်
      ပြန်လည်ရယ်မောနိုင်တဲ့အခါ
      မြိုတွေ မျက်ရည်စိုခဲ့ဖူးတဲ့အကြောင်း
      ကိုယ်တိုမမေ့ဖိုပါပဲ ။ ။

      -မြစ်အောင်

      Delete
    2. ဘယ်တော့မှ မမေ့ဖို့ပါပဲ 💪

      Delete
    3. မမေ့ပါဘူး ခင်ဗျာ
      ကျနော် အပေါ်မှာ မန့်တာ မျက်စိ မှောက်ပြီး
      ညို့အောက်ရောက်သွားလို့
      စိတ်မရှိပါနဲ့ ခင်ဗျာ.....

      Delete
    4. ရပါတယ် ဘရားသားရဲ့
      နိုးပလော်ပလမ် ပါ 😅

      Delete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. “Fear can hold you prisoner.Hope can set you free.

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. ဤနွေဦး
    လှပစွာ ပြီးဆုံးပါစေ ⛅

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. “Fear can hold you prisoner.Hope can set you free.”

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  13. အရှုံးမ​ပေးနဲ့ မိငယ်​ရေ
    ရဲရင့်မှ ​ကျော်ဖြတ်သွား 😣

    ReplyDelete
  14. ရဲဘော်တို့ရေ
    You tube မှာ YGN Donation Channel လေးကို subscribe လေး ကူညီပေးကြပါဦးနော်
    🙏💪💪🤜🤛

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. 🙂 သူငယ်ချင်း ...

    @ အကြောက်တရားဆိုတဲ့ အခန်းထဲမှာ ...
    လမ်းပျောက်ပြီးပုန်းမနေပါနဲ့သူငယ်ချင်း
    မင်းအတွေးတွေ ချော်နေပြီဆိုပါလျှင် ...
    မှေးဆက်ပြီး တရေးတော့အိပ်လိုက်ပါ
    မင်းနိုးလာတဲ့အခါ ...
    ငါတို့Gene.Z မျိုးဆက်အတွက်
    မင်းတိုက်ပွဲ ဝင်ရမယ်သူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🙂 ကြားဘူးတာပါ ...

    @ ကျနော်ငယ်ငယ်က ...
    လူကြီးသူမပြောတာ
    မှတ်သားခဲ့ဘူးတယ်
    ဆိုရှယ်လစ်ခေတ်ကပေါ့
    အရင်ဆုံး တရုပ်ကစတာ
    ဟိုတုံးကလည်း တရုပ်အားကိုး
    ဒီနေ့ထက်ထိလည်း တရုပ်အားကိုး၊

    @ အလံတိုင်တစ်ခု ...
    ထိပ်ဆုံးမှာ ဆိုရှယ်လစ်အလံ
    အလံဆိုတာ အောင်မြင်မှုပန်းတိုင်
    " မော်စီတုံး"၊တရုတ်ခေါင်းဆောင်က
    ထိပ်ဆုံးရောက်နေပြီ၊ အလံယူရုံဘဲ
    ခလယ်လောက်မှာ ...
    " ဦးနေဝင်း"၊ မဆလဥက္ကဌတက်နေတယ်
    အပေါ်ကနေ၊ မော်စီတုံးကလှမ်းပြောတယ်
    " ဟေ့ကောင်နေဝင်း၊ ထပ်မတက်နဲ့တော့"
    အပေါ်မှာ၊ ဘာမှမရှိဘူးတဲ့၊

    @ အခုလည်း ...
    " မအလ"ရေ ဆက်မတက်ပါနဲ့တော့
    အပေါ်မှာ ဘာဆိုဘာမှ မရှိဘူးဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 နိုင်ပွဲ ...

    @ ပြည်သူအားလုံး ...
    စဉ်းစားတွေးခေါ်သုံးသပ်ပြီး
    ဓမ္မဘက်ရပ်တည်ဘို့ ...
    ခိုင်မာလာတဲ့ တစ်နေ့
    နိုင်ပွဲ အမြန်ဖြစ်လာမှာ။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. 🥷 Sitt Min SaysJuly 31, 2022 at 8:58 PM

    🥷 ဖြစ်နိုင်ရင် ...
    One by one.🙂 အဓမ္မကို ...
    အမြန်နိုင်ချင်တာကလွဲလို့
    ရင်ထဲ ဘာမှမရှိပါ

    ReplyDelete
  22. ဘယ်လိုမှမေ့လို့မရဘူး မေ့ချင်လို့လည်းမဟုတ်ရပါ မေ့ကိုမမေ့နိုင်ပါကမ္ဘာမကြေဘူး

    ReplyDelete
  23. 🙂 လွမ်းစရာကချင်မြေ ...

    @ ငါတို့ရဲ့ ...
    အချုပ်အချာအာဏာ
    ပြည်သူ့ဘဝလွပ်လပ်ရေး
    လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး
    ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး
    တရားမျှတရေးနှင့်တန်းတူအခွင့်ရေးတွက်
    တိုက်ကိုတိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  24. This comment has been removed by the author.

    ReplyDelete
  25. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  26. ဤနွေဦးလည်း
    လှပစွာပဲ ဆုံးနိုင်ပါစေ။ ။

    ReplyDelete
  27. Wheel............dope.🏹🏹🏹

    ReplyDelete
  28. Wheel............dope.🏹🏹🏹

    ReplyDelete
  29. Fighting
    Click,click,click........

    ReplyDelete
  30. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog