အချစ် နှင့် အမုန်း

ပျိုးသောသစ်ပင် ရှင်သန်သောခါ
ဖူးညှာသီးဆင့် အပွင့်ခိုင်တွဲ
ကြဲသောမျိုးကို တူးရမြဲ

အမုန်းပင်ကို
စိုက်လိုမူကား ဝန်တိုငြူစူ
မကြည်ဖြူစတမ်း ဆိုးသွမ်းရက်စက်
ညှင်းပန်းလေရာ လိမ်ညာဖုံးဝှက်
လုယက်သတ်ဖြတ် သူ့အားရွံရှာ
မေတ္တာကင်းပ မဲ့ကြ ရွဲ့ကြ ကဲ့ရဲ့ကြ
ရန်သူကဝိုင်း တစ္တေသင်္ချိုင်း
တောရိုင်းကန္တာရ ခြောက်သွေ့လှသည်
သူ့ဘဝ အထီးကျန်......

အချစ်ပင်မျိုး
စိုက်ပျိုးသူကား သနားကြင်နာ
ညှာတာသည်းခံ စံလျှင်ဝေမျှ
ခံစရာရှိက ရှေ့ မှသူရပ်
မားမားမတ်သည် အများပြည်သူ
လူတကာက မြတ်နိုးခံရ
မေတ္တာခံရ ရန်သူမရှိ
လိုလားသူသာ ဝန်းရံကာလျက်
နှစ်သက်ခင်မင် လွတ်လပ်ပျော်ရွှင်
စည်ပင်ဝပြော လှပလန်းဆန်း
ငြိမ်းချမ်းသာယာ အေးမြမြဲ

အမုန်းပင်မျိုး
သည်အမျိုးလျှင် အချစ်ပင်မပေါက်
မုန်းငြောင့်ညွန့်ကြွ သူ့ဘဝ၏
ဓမ္မတရား သင်ကြားခဲ့သည်

သင် ဘယ်သစ်ပင်စိုက်မည်နည်း။    ။

ဒဂုန်တာရာ

Comments

  1. 💞 Love 💞

    -There is no such thing as a human without love.
    -Pure love from a young age, love deepens with grow older, then older, love is an everlasting faith.

    -Some express love in poems and letters, some express love in the heart, some in the brain, some with life, people who give their lives for love. Is it love or madness?

    -Human said that love is very strange,It's like meeting love in an unexpected place and falling in love with someone you did not expect.There have been examples of world wars for love, not in Korean drama, but in reality.

    - Do not have you love yet, do not give up,love comes at an unexpected time, regardless of age.( Is an encouraging word for Fa. )

    -So what kind of love have you met? Do you have love? I do not have love(Zay Bann😜😜) I write about love because I think everyone is tired,May life's troubles be over 🙏🙏🙏.

    ............❤Htet.........

    ReplyDelete
  2. တာဝန်အရ အချစ်ပင်စိုက်မည်
    ရှင်မလား မရှင်လားတော့မသိပါ

    ReplyDelete
    Replies
    1. ရှင်သန်ရမှာပေါ့ကွယ်

      Delete
    2. မသေမရှင်ဖြစ်နေပီ😁

      Delete
    3. ‌ရေမလောင်းလို့ဖြစ်မယ် 😁

      Delete
    4. Trust yourself,
      You can do this.

      crd C2D. Minmin

      Delete
    5. မျိုးစေ့မမှန်တာရယ်
      မှားစိုက်မိတာရယ်‌ေြကာင့်

      Delete
    6. ဖြစ်ရလေဘဒိုရယ်။😂

      Delete
    7. Thank you @Phoe say

      မျိုးစေ့မှန်၍အပင်သန်ပါစေ ဘီဒို Kolinnsatt 😁

      Delete
    8. အပင်သေသွားပြီ🤣

      Delete
    9. ဖြစ်ရလေဘဒိုရယ်။😂

      -crd ကိုလောင်စေး

      Delete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. clicker တို့အားဖြည့်ပေးကြပါအုန်းဗျာ။

    ReplyDelete
  5. Replies
    1. တချက်ထဲနဲ့
      သေအောင်ပစ်စေချင်ပါတယ်
      ကျွန်တော်ရပ်လိုက်ပါတော့မယ်
      ငှက်လေးတကောင်ဖြစ်ပါရစေလို
      ကျွန်တော်ဆုတောင်းပြီးတဲ့အခါ
      အားလုံးရပ်လိုက်ပါတော့မယ်

      Delete
    2. စကားလုံးတွေ တိတ်ဆိတ်သွားတယ်ဆိုပေမယ့်လည်း
      ရင်ထဲမှာ ဖော်မြူလာမလိုဘဲ
      အစီအစဉ်လိုက် ထိခိုက်ကွဲနေတဲ့
      ဗုံးတွေမှ အများကြီး …

      ➣လူအ

      Delete
    3. အနာဂတ်ဆိုတာ
      အခြား ရွေးချယ်စရာမရှိတဲ့အရာပါပဲ
      ငါ ဘယ်တုန်းကမှ
      တကယ်မပျော်ရွှင်ခဲ့ပါ
      ငါလည်း စစ်လျော်ကြေး
      ရလိုပါတယ်။

      -အောင်ချိမ့်-

      Delete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. A day without clicking is a complete loss!

    ReplyDelete
  8. တချို့တွေရှင်သန်လှပဖို့ တချို့တွေရင်နှီးပေးဆပ်ရတယ်......

    ReplyDelete
  9. အချစ်ပင်ပဲ စိုက်ချင်ပါတယ်ဗျာ..အမုန်းသီးလေးတွေ တော့ မလိုချင်ပါ..

    ReplyDelete
  10. ဓားရဲ့တရားဆိုတာ
    ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်
    တော်လှန်ရေးပဲတွေးနေရုံနဲ့ မရ၊
    သွေးအတိုင်း ရဲတက်လာမှ ရမယ်
    မတွေဝေနဲ့တော့
    တော်လှန်ရေးရဲ့စနက်တံဟာ
    ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

    -ကေဇဝင်း

    ReplyDelete
  11. ရာသက်ပန်ပင်စိုက်မယ်
    ။သစ္စာတရားနဲ့အတူပေါ့

    ReplyDelete
  12. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  14. Tsawra myit hte Click ❤️

    ReplyDelete
  15. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. တဆက်တည်းမှာပဲ မေ့ပင်လေးပါပျိုးထားခဲ့ပါတယ်

    ReplyDelete
  17. 🥷 အောက်ခြေ ...

    @ အောက်ခြေသည်လည်း ...
    ခိုင်မာဘို့လိုသည့်အတွက်
    အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်
    အောက်ခြေခိုင်မှ ...
    အပေါ်ထပ်အဆောက်အအုံ
    တည်ဆောက်လို့ရသလို
    အောက်ခြေပိုင်မှ ...
    အပေါ်ထပ်အဆောက်အအုံကြီး
    တည်မြဲပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. သစ်လွင်​နေတဲ့ အချစ်ပင်​လေး​တွေ
    ကိုယ် ​နေ့တိုင်းစိုက်ပါတယ်။
    အသီး​တွေသီးလို့
    အပွင့်​တွေ ​ဝေပါ​စေ​လေ။

    ReplyDelete
  21. အချစ်တပင်
    သစ်လွင်​နေမြဲ
    အသည်းထဲမှာ
    ကလစ်ကာ​တွေ
    PDF ​တွေ။

    ReplyDelete
  22. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  23. သင် ဘယ်သစ်ပင်စိုက်မည်နည်း။ ။
    အပင်စိုက်တာ ဝါသနာမပါလို့ ဘာပင်မျှ မစိုက်​တော့ပါ 😁

    ReplyDelete
  24. Wheel............dope.🏹🏹🏹

    ReplyDelete
  25. သင် ဘယ်သစ်ပင် စိုက်မည်နည်း။

    ReplyDelete
  26. ကျန်းမာပါစေ တို့များရဲ့ အမေ။

    ReplyDelete
  27. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
    Replies
    1. အတူတူပါပဲခင်ဗျ ကျေးဂျူး🧡

      Delete

Post a Comment

Popular posts from this blog