ပုထုဇဥ်

အချစ်ကြီးကြီး ချစ်မိတဲ့အခါ
အမုန်းတရားက ကပ်လျက်ပါ

အမုန်းတရားဟာ ကြီးထွားတော့
အဆုံးသတ်မှာ ဥပေက္ခာ

ဒီသဘော
ဒီမနော
မသိသောသူ မရှိပါငြား

ချစ်ခြင်းမေတ္တာဆိုသည်မှာ
လူသားတိုင်းနဲ့မကင်းကွာ။     ။

စိုး🖤

Comments

  1. we need you help!

    Our country has been plundered by the Junta group. We must save our country. We need you help!

    We have a bright future ahead of us,we have to all the people to get there yet,We need you help!

    Our country is torn apart,we have good leaders who can make our country the best country in Asia, We must save first our good leaders from the evil junta. We need you help!

    Refugees and children in the jungle, our families, they want to go home,they need to go home, get an education, and bring them back.We need you help!

    Our future star young people who will shape the future of our country have to give up everything and take up arms to save our country,Without our future youth, we will not be able to build our country and we must send them back to the right place.We need you help!

    So help, donate, click, our future journey, Our country must save our people ,we need you help!

    ...........❤Htet..........

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ချစ်ခြင်းနဲ့ မုန်းခြင်းကြားမှာ ပါးလွှာတဲ့ နံရံလေးပဲခြားတာပါ😘

    ReplyDelete
  4. မေတ္တာသည်သာ အေးချမ်းရာပါပဲ

    ReplyDelete
    Replies
    1. ခံစားချက်တွေကို ရင်ဘတ်ထဲ ထည့်ထားမိခဲ့တော့ ပြန်ဆွဲထုတ်ရတဲ့အခါ နာကျင်ရတယ်....

      Delete
    2. ဆူး၀င်နေလို့လား😁

      Delete
    3. နှုတ်မရတဲ့ ဆူးတချောင်းပါပဲ...😐

      Delete
    4. အချိန်ကြာလာရင်တော့ တသားထဲကျလာပါလိမ့်မယ်

      Delete
    5. ဘယ်လောက်ကြာနိုင်မလဲ... :(

      Delete
    6. နောက်ထပ်တဖန်မွေးဖွားမလာသေးခင်ထိပေါ့

      Delete
    7. စိုက်ဝင်ခဲ့ရတဲ့အတိမ်အနက်ပေါ်မူတည်တာပေါ့။
      မနက်ဖြန်မှာသက်သာသွားနိုင်သလို။တသက်လုံးစာအတွက်လဲဖြစ်သွားနိုင်ပါတယ်။

      Delete
    8. သေချာပြီ တသက်လုံးစာပဲ

      Delete
    9. အစထဲကမနှုတ်ရက်ခဲ့တာပါ။

      Delete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. Replies
    1. နေညိုရင် ရေတစ်ဝက် နဲ့ ဇေ တစ်ဝက်
      ကို အနှောင်းအဖွဲ ကင်းကင်း နဲ့
      ဂုဏ်သိက္ခာရှိရှိ သောက်လိုက်တဲ့
      အရသာက မခင်နှောင်း ပေးတဲ့
      အလွမ်း ကို နိဂုံးချုပ်စေခဲ့ပါတယ်
      သောက်ခွင့်ပြု ပါမခင်နှောင်း။

      Delete
  7. ကိုယ် က တော့ ဥပက္ခါ

    ReplyDelete
  8. အရာရာ ဘာမှ မမြဲ
    အမြဲ​ပြောင်းလဲ​နေတာ
    မ A ဠိုး​တွေလည်း မကြာ​​တော့ဘူးတဲ့။

    ReplyDelete
  9. နှိပ်စက်ခံရမှာကြောက်လို့ဖြစ်ဖြစ်
    အသတ်ခံရမှာကြောက်လို့ဖြစ်ဖြစ်
    တိုးတတ်မှုနဲ့ အမှန်တရားဘက်က ရပ်တည်မယ့် လူတွေသာ
    သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာခဲ့ရင်
    လူ့လောကဟာ
    တိရိစ္ဆာန်လောက သာသာလောက်ပဲ
    ရှိနေဦးတော့မှာပေါ့မြိုင်ရယ်..........

    ဗန်းမော်တင်အောင်
    Photo: credit to original

    ReplyDelete
  10. နွေဦး မိုတီ

    ဒီ....ပရက်ရှင် ဝင်လာတိုင်း
    မို....တီပြန်ရဖို့ အတွက်
    က...လစ်ရင်း၊စထွင်းရင်း
    ရေ...ရာတဲ့ လမ်းတစ်ခု ဖောက်ဖို့
    စီ.....တန်းရှေ့ဆက်နေမိတယ်

    နွေအိပ်မက်

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. မချစ် မမုန်း
    အ​ကောင်းဆုံးပါ။
    ချစ်​နေသ​ရွေ့ သံသရာမှာ ချစ်မိသူနဲ့ ပတ်သတ်တဲ့ ဒုက္ခ​တွေကို ခံရဦးမယ်။
    မုန်းတာလည်း လက်​တွေ့ စိတ်မှာ ပူ​လောင်ရတယ်။
    ဒါ​ကြောင့်
    အားလုံးကို တန်းတူ ချစ်လိုက်တယ်။

    ReplyDelete
    Replies
    1. ချစ်တတ်လွန်းသူကြီး

      Delete
    2. အချစ်သင်တန်း ဖွင့်​ပေးမယ်
      တစ်​ယောက် ၁၀၀၀

      Delete
    3. 1500န‌ဲ့တက် မယ်ဗျာ🤭
      ညီမလေးပါခေါ်ထားပေး

      Delete
  13. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  14. တချို့တွေ.....
    အသက်တွေစတေးခဲ့ရတယ်
    တချို့တွေ.....
    အသိုက်တွေဖျက်စီးခံရပေါ့
    တချို့တွေ.....
    ဘ၀တွေပျက်ခဲ့ရ
    တချို့တွေ....
    တချို့တွေ.....
    တချို့တွေ.....
    အကြောင်းပြချက်ဆင်ခြေတွေနဲ့
    ကိုယ်လွတ်ရုံန်းထွက်သွားကြပေါ့..........

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. 🥷 သူငယ်ချင်း ...

    @ မင်းနဲ့ငါ ...
    သူငယ်ချင်းအရင်း
    မင်းကလက်ဖမိုး၊ငါကလက်ဖဝါး
    ငါကခေါင်းဆို၊မင်းကပန်း
    ဒီလမ်းလေးမှာ၊ကွာခြားခဲ့
    မင်းက မှန်တယ်ထင်သလို
    ငါလည်း မမှားခဲ့
    တစ်ရက်ပြီးတစ်ရက် ...
    မင်းနဲ့ငါရပ်တည်ချက် ပိုဆိုးခဲ့
    ဒါပေမယ့် ...
    ငါ့ရပ်တည်ချက်၊ပြည်သူ့အတွက်မို့
    မင်းတစ်နေ့ ...
    နားလည်လာပါလိမ့်မယ် သူငယ်ချင်း။

    🥷 ရန်တွေခွင်းမယ့် စစ်မင်း

    ReplyDelete
  17. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 ဘောမအရူး ...

    @ ပါးစပ်ကျယ်ကျယ်နဲ့ ...
    ကြည့်လည်းရူးကြအုံး
    ရုရှားအနုမြူကို ...
    အမေရိကန်ကလှမ်းပစ်တော့မှ
    ဘောငုံနေတဲ့ပါးစပ်ထဲဝင်သွားမှဖြင့်
    ခံရခက်နေပါအုံးမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  20. 🙂 အချိန် ...

    @ အချိန်ဆိုတာ ...
    ဆွဲထားရင်မကောင်းသလို
    မြန်မြန်လုပ်ဆောင်ရင်လည်း ...
    မှားတတ်ပြန်တဲ့နိယာမ၊

    @ အဲ့ဒီတော့ ...
    လုပ်ဆောင်သူရဲ့အရည်အချင်းနဲ့မှန်ကန်တဲ့
    ဆုံးဖြတ်ချက်အပေါ်တည်မှီပါလိမ့်မယ်၊
    ဒါ့အပြင်အခြေအနေနဲ့အချိန်အခါကို ...
    ပိုင်ပိုင်နိုင်နိုင်သိရပါလိမ့်မယ်၊

    @ ဒီလိုမှမဟုတ်ရင်တော့ ...
    မထင်မှတ်ထားတဲ့ဆုံးရှုံးနစ်နာမှုတွေ
    ဦးဆောင်သူတွေရော ...
    နောက်လိုက်များနဲ့ပြည်သူအားလုံး
    ခံစားရမှုတွေနဲ့ ...
    တစ်သက်လုံး နောင်တရလိမ့်မယ်ဆိုတာ
    သတိချပ်စေချင်ပါတယ်။

    🙂 စေတနာဖြင့်
    စစ်မင်းထက်သာ

    ReplyDelete
  21. Wheel............dope.🏹🏹🏹

    ReplyDelete
  22. ချစ်ခြင်းမေတ္တာဆိုသည်မှာ
    လူသားတိုင်းနဲ့မကင်းကွာ 🖤

    ReplyDelete
  23. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog