အညာနွေ

အသိုက်ကို ဖျက်ခံရလို့
ပြန်စရာမရှိတဲ့ ငှက်တွေ ငိုနေတယ်

မီးပြတ်လို့ ခတ်နေရတဲ့
နာရေးယပ်တောင်ဟာ နိုင်ငံရေးပါပဲ

အရွက်ဆိုတာ
ကြွေပြီးရင် အသစ်ထွက်တယ်
အခုက အသက်။      ။

ဆန်းကျော်စွာဝင်း

Respect & Credit to Poet San Kyaw Swar Win

Comments

  1. Fly freely until you reach top, but do not forget to climb from the lowest point when you reach top.

    ReplyDelete
  2. အရွက်ဆိုတာ

    ကြွေပြီးရင် အသစ်ထွက်တယ်

    အခုက အသက်...!! 🥺😢

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. အသက်ဆိုတာ အပိုမပါတဲ့အရာ😔

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. Replies
    1. တချက်ထဲနဲ့
      သေအောင်ပစ်စေချင်ပါတယ်
      ကျွန်တော်ရပ်လိုက်ပါတော့မယ်
      ငှက်လေးတကောင်ဖြစ်ပါရစေလို
      ကျွန်တော်ဆုတောင်းပြီးတဲ့အခါ
      အားလုံးရပ်လိုက်ပါတော့မယ်

      Delete
    2. စကားလုံးတွေ တိတ်ဆိတ်သွားတယ်ဆိုပေမယ့်လည်း
      ရင်ထဲမှာ ဖော်မြူလာမလိုဘဲ
      အစီအစဉ်လိုက် ထိခိုက်ကွဲနေတဲ့
      ဗုံးတွေမှ အများကြီး …

      ➣လူအ

      Delete
    3. အနာဂတ်ဆိုတာ
      အခြား ရွေးချယ်စရာမရှိတဲ့အရာပါပဲ
      ငါ ဘယ်တုန်းကမှ
      တကယ်မပျော်ရွှင်ခဲ့ပါ
      ငါလည်း စစ်လျော်ကြေး
      ရလိုပါတယ်။

      -အောင်ချိမ့်-

      Delete
  8. Replies
    1. This comment has been removed by the author.

      Delete
  9. ကလစ်ပီးရင်းClick

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  12. ​ကျေးငှက်​လေးတို့
    ရုတ်တရက် ထပျံစဉ်
    သစ်ရွက်​ခြောက်မို့
    လွင့်လို့​ကြွေတာဆို..
    မင်းတွက်​တော့ အမှတ်တမဲ့သာ
    ငါ့ဖက်က ဘဝတစ်သက်တာ
    ဆုံးရှုံးမှုနဲ့ ​ချွေးသိပ်ကာ ​
    မေ့ပစ်လိုက်ချင်ရဲ့။

    ReplyDelete
  13. တိုက်ပွဲ ဝင်နေသူအားလုံးကိုလေးစားလျှက်ပါ

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete

  17. ဥာဏ်ပညာရယ်
    ချစ်ခြင်းတရားရယ်
    တော်လှန်ရေးကို
    ရှင်သန်စေမယ်...❣️

    ReplyDelete
  18. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  19. အရွက်တွေလို အသစ်ပြန်မဖြစ်တဲ့အသက်တွေအတွက် အဆုံးထိတော်လှန်ကြမယ်

    ReplyDelete
  20. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. အေးလေ အသက်တေဆိုတော့ ကာကလစ်ကြစို့

    ReplyDelete
  22. 🥷 အောက်ခြေ ...

    @ အောက်ခြေသည်လည်း ...
    ခိုင်မာဘို့လိုသည့်အတွက်
    အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်
    အောက်ခြေခိုင်မှ ...
    အပေါ်ထပ်အဆောက်အအုံ
    တည်ဆောက်လို့ရသလို
    အောက်ခြေပိုင်မှ ...
    အပေါ်ထပ်အဆောက်အအုံကြီး
    တည်မြဲပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. This comment has been removed by the author.

    ReplyDelete
  24. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 EROs,PDFs,UGsများသို့ ...

    @ စစ်ရေးစစ်ရာမှာလျှို့ဝှက်ရမယ် ...
    မှန်တဲ့နေရာမှန်သလို၊စဉ်းစားရမှာလည်းရှိတယ်၊အဓိကဗျူဟာကျွမ်းဘို့ဘဲ၊
    * အားသာချက်
    ၁.ပြည်သူအားလုံးထောက်ခံထားတယ်
    ၂.အင်အားယ္ခင်ထက်တောင့်တင်းခိုင်မာပြီ
    ၃.ရည်မှန်းချက်အားလုံးတူနေတယ်
    ၄.နယ်မြေကျွမ်းကျင်မှုအားသာနေပြီ
    ၅.စစ်ရေးအတွေ့အကြုံရှိပြီးသား
    * အားနည်းချက်
    ၁.အဖွဲ့ပေါင်းစုံစုစည်းလို့မရသေးဘူး
    ၂.ပြိုင်တူနေရာစုံမထကြွနိုင်သေးဘူး
    ၃.PDFs,UGsလက်နက်မပြည့်စုံသေးဘူး
    ၄.ဦးဆောင်မှု နေရာမမှန်သေးဘူး
    ၅.NUG,CRPHအနီးကပ်မကြီးကြပ်နိုင်သေး
    * ပြင်ဆင်ထားသင့်သောအချက်
    ၁.အဖွဲ့ပေါင်းစုံ စုစည်းထားရမယ်
    ၂.လိုအပ်လက်နက်ဖြည့်ထားရမယ်
    ၃.စစ်မြေပြင်ကျွမ်းကျင်သူဦးဆောင်ရမယ်
    ၄.ခံစစ်မှရန်သူတပ်ရင်း/တပ်ဖွဲ့ထိထိုးစစ်ဖွင့်
    ၅."အရိပ်"ဗျူဟာသုံးရမယ်

    🏇 ကျေးဇူးတင်လေးစားလျှက်
    စစ်မင်း ထက်သာ

    ReplyDelete
  26. 🙂 အတူတူ ...

    @ တစ်ကယ်တော့ ...
    ဒီနိုင်ငံမှာနေဒီရေသောက်ပြီး
    ကောင်းတူဆိုးဘက်အတူတူခံစားနေတဲ့
    ကျနော်တို့အားလုံးဟာ ...
    ညီရင်းအကိုမောင်ရင်းနှမတွေပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  27. Wheel............dope.🏹🏹🏹

    ReplyDelete
  28. အညာ​​နွေ ရှည်လွန်းတယ်

    ReplyDelete
  29. အညာနွေရှည်လွန်းလှတယ်

    ReplyDelete
  30. လေးစားထိုက်သူတွေ အားလုံးကို
    လေးစားမှုနဲ့ အတူ ဂုဏ်ယူပါတယ်။

    ReplyDelete
  31. အညာနွေ

    အသိုက်ကို ဖျက်ခံရလို့
    ပြန်စရာမရှိတဲ့ ငှက်တွေ ငိုနေတယ်

    မီးပြတ်လို့ ခတ်နေရတဲ့
    နာရေးယပ်တောင်ဟာ နိုင်ငံရေးပါပဲ

    အရွက်ဆိုတာ
    ကြွေပြီးရင် အသစ်ထွက်တယ်
    အခုက အသက်။ ။

    ဆန်းကျော်စွာဝင်း

    ReplyDelete
  32. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog