ကျွန်တော်နှင့်ပေါကြောင်ကြောင်စာစုများ ၁

မြို့ပြရဲ့မီးရောင်များအောက်
မရှိမဲ့ရှိမဲ့ ကဗျာတွေအကြောင်းရေးစပ်သီကုံး
အတွေးတွေက ဟိုတစ်စဒီတစ်စ
အိပ်မက်တွေရဲ့ အနားသတ်မျဥ်းတွေက
ထောင့်မတ်ကျနိုင်ပါ့မလား

နယူတန်ရဲ့ ကမ္ဘာတွင်စကားကို
ဘဝမှာအတည်မှတ်ပြီး ပေးဆပ်ခဲ့ပြန်
ဟိုလူဒီလူတွေရဲ့ သတ်မှတ်ချက်တွေကို
စည်းကမ်းတစ်ခုလို မှားမှတ်နေခဲ့

ပူရှိန်းနဲ့စီးကရက်ဟာ လိုက်ဖက်တယ်ထင်
အနက်ရောင်ယဥ်ကျေးမှုဟာ
ကမ္ဘာကြီးရဲ့ ရိုးရာဖြစ်နိုင်လား
ဦးဘညွှန့်ရဲ့ ချစ်ဒုက္ခလို ချစ်မိလိုက်ချင်

ကျွန်တော်ဟာ 
ဆံပင်ရှည်သလို လျှာရှည်တယ် 
စပ်စုတယ် တုံးအတယ်
လူငယ်ဖြစ်တဲ့လျောက် လူငယ်ပီပီ 
ဂျစ်ကန်ကန် မေးချင်ပါတယ်
ဟစ်တလာသာ ရဟန်းကျင့်ကြံခဲ့ရင်
ကမ္ဘာတစ်မျိုးပြောင်းသွားနိုင်လား။     ။

-ကျွန်တော်

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. ဒေဝဒတ်လိုဆိုမပြောင်းလဲပါ ။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
    Replies
    1. "Some people are so poor
      All they have is money."
      -Bob Marley

      Delete
    2. This comment has been removed by the author.

      Delete
  6. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  7. ငွေရှိတဲ့သူက ငွေမရှိတဲ့သူအပေါ်
    ပညာတတ်တဲ့သူက ပညာမတတ်တဲ့သူအပေါ်
    အသိုင်းအဝိုင်း ရှိတဲ့သူက အသိုင်းအဝိုင်းမရှိတဲ့သူအပေါ်
    လက်နက်ရှိတဲ့သူက လက်နက်မရှိတဲ့သူအပေါ်
    အာဏာရှိတဲ့သူက အာဏာမရှိတဲ့သူအပေါ်
    အနိုင်ကျင့်ဗိုလ်ကျ လူပါးဝတတ်တဲ့ အထက်စီးဆန်ဆန် ဆက်ဆံတာတွေကို
    ကျနော် မုန်းတီးရွံရှာပါတယ်။
    ဒါကြောင့်ပဲ ကျနော် တော်လှန်ခဲ့ပါတယ်၊
    တော်လှန်ပါတယ်၊
    တော်လှန်ပါမယ်။
    ကိုယ်တန်ဖိုးထားတဲ့အရာကို တလက်မမှ ကျနော်အရွေ့ခံမှာ မဟုတ်ပါဘူး။
    ရိုးသားသူတွေကို ချစ်ခြင်းမေတ္တာနဲ့ ကမ်းလင့်သလို
    မရိုးသားသူတွေကိုလည်း ပုဆိုးခွင်းစွပ်ပြီး ဒါးချင်းထိုးဖို့ အသင့်ပါပဲ။
    လူဟာ လူဆန်ဆန် လူမိုက်စကားပြောရတာလည်း ရှိပါတယ်။

    ReplyDelete
  8. LPDF,PDF,UGအားလုံးသို့ ...
    နိုင်ငံခြားရောက်နိုင်ငံသားများ
    ပြည်တွင်းရှိတစ်ချို့နိုင်ငံသားများမှ
    သင်တို့အား၊တတ်နိုင်သည့်ဘက်မှအကူအညီများပေးနေသလို၊တလရအောင်မြင်ရေးအတွက်၊အရမ်းကိုအားကိုးနေရပါသည်၊ညီညွတ်ကြပါလော့

    ReplyDelete
  9. Done.Don't give up.We must win💪💪💪

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ဟစ်တလာသာ ရဟန်းကျင့်ခဲ့ရင်
    ကမ္ဘာတမျိုး ပြောင်းမပြောင်း မသေချာပေမဲ့

    ဘုရားတွေတည်ပြ ထီးတော်တွေတင်ပြ
    သူဌေးဘွဲ့ ဘာဘွဲ့ညာဘွဲ့တွေ ယူပြနေတဲ့
    မအလ တစ်သိုက်ကတော့
    ငရဲပြည်လားရာမှာ မလွဲဧကန်ဖြစ်ပါမည်။

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. 🙂 စစ်မှန်သော ...

    @ လွယ်လွယ်နဲ့ ...
    ရခဲ့တဲ့တော်လှန်ရေး
    ဒီကမ္ဘာပေါ်မှာမရှိသေးပါဘူး
    သွေးနဲ့ချွေးနဲ့ အသက်တွေနဲ့
    အများချည်း ရင်းခဲ့ရတာ
    ဒါမှစစ်မှန်တဲ့ ...
    အောင်မြင်မှုကို ရမှာပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  14. ငြိမ်​နေလို့ မရ​​တော့ဘူး​နော်။ ပြန်​ဆော်ရမယ့် လပိုင်းကို ​ရောက်လာပါပြီ။ ဒါ​နောက်ဆုံးပါ မဟုတ်ရင် ​မြောက်ကိုးရီးယားဖြစ်သွား​တော့မယ်။
    ကြိုးစားလိုက်ကြစို့။

    ReplyDelete
  15. Click 🙄🙄🙄

    ReplyDelete
  16. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🙂 အမှောင် ...

    @ နေ့တိုင်းရက်ဆက် ...
    ရက်စက်နေကြတယ်
    လူတွေလည်း မူမမှန်တော့သလို
    မီးတွေလည်း မမှန်တော့ဘူး
    မှောင်မိုက်တဲ့ညတွေမှာ ...
    အမှောင်ကြိုက်တဲ့ လူတစ်သိုက်တော့
    လမ်းလျှောက်နေလေရဲ့။

    စစ်မင်းထက်သာ

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. ရီခြင်းနဲ့ငိုခြင်းကြားကဘ၀တွေ.....
    ပျက်စီးခဲ့ပေါ့ အာဏာရှင်စစ်ခွေးတသိုက်ကြောင့်.......

    ReplyDelete
  22. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  23. ကိုယ်တို့အချင်းချင်း​တွေ
    လိုင်း​ပေါ်မှာ ရန်ဖြစ်ကြ​တာ​တွေ့ရင်
    ကိုယ် ဝမ်းနည်းတယ်။
    ​ကိုယ်​ဖြေပါတယ်
    အရာရာ ပြည့်စုံတယ်ဆိုတာမှ
    မရှိဘဲ​လေ
    ကြုံရဦးမှာ လို့။

    ReplyDelete
  24. Wheel............dope.🏹🏹🏹

    ReplyDelete
  25. ဖိုက်တင်း။

    ReplyDelete
  26. အတွေးတွေက ဟိုတစ်စဒီတစ်စ

    ReplyDelete
    Replies
    1. လင်းဆက်April 21, 2023 at 3:50 AM

      ဘာမှမတွေးနဲ့ဆန်းမီရေ

      Delete
    2. သွသူ မ​​ခေါ်ဘဲ ​ရောက်​ရောက်လာတာ 🙄

      Delete
  27. Fighting
    Click,click,click.................

    ReplyDelete
  28. Fighting
    Click,click,click.........

    ReplyDelete
  29. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  30. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog