တောမှာပျော်လို့ တောခိုတာ မဟုတ်သလို
သွေးဆာလို့ လက်နက်ကို ဆွဲကိုင်တာလဲမဟုတ်ဘူး။

ခရီးကြုံလို့ လှေကြုံလိုက်တာ မဟုတ်သလို 
ပေါ်တဲ့လှေကို တက်စီးတာလဲ မဟုတ်ဘူး။

အောက်ခြေမခိုင်သေးလို့ ခဏတာ မှေးအိပ်နေခဲ့တာ 
ငယ်နိုင်လို့တော့ မသတ်မှတ်လိုက်နဲ့လေ။

အရေးကြုံရင် သက်လုံကောင်းစေဖို့
အင်ဂျင်တွေကို ပါဝါဖြည့်လိုက်ပြီ။

ရိုင်ဖယ်ဟာ မိုင်နှစ်ဆယ်ပြေးသလား ? လာခဲ့!!!
ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့ Ak မှာ ကျည်ဖြည့်ထားတယ်။

စစ်တလင်းမှာ 
မင်းတို့ အလောင်းထပ်သွားစေရမယ်။

ကောက်ကျစ်တဲ့ လှည့်ကွက်အောက်မှာ
လက်ဝါးဖြန့် ဒူးထောက်ရအောင် 
ငါတို့က နိုင်ငံရေးသူတောင်းစား မဟုတ်ဘူးကွ!။

'တောင်'ဘယ်လောက်ကြီးကြီး ခြေဖဝါးအောက်မှာပဲ 
'လှိုင်း' ဘယ်လောက်ကြီးကြီး လှေအောက်မှာနေရမြဲပဲ။

အင်အားကြီးလို့ အနိုင်ရစတမ်းသာဆိုရင် 
ဆင်စွယ်ကို ဘယ်သူက ဝယ်ယူခွင့်ရှိဦးမှာလဲ။

အနာဂတ်ကို ရုပ်လုံးဖော် ထုဆစ်ဖို့
ပေဖြစ်တုန်းက ခံခဲ့ရတဲ့ တူတစ်လက်ဟာ 
အရင်းနှီးများစွာနဲ့ စောင့်နေလေရဲ့။       ။

*မင်းကိုနိုင်*

#နွေဦးတော်လှန်ရေး 
#အရေးတော်ပုံအောင်ရမည်
Respect & Credit to Ko MinKoNaing 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ပေဖြစ်နေတုန်း ကြိတ်မှိတ်ခံနေပြီးပြီ
    တူဖြစ်ဖို့ စောင့်နေတယ်
    ငါတို့ အလှည့်ရောက်တော့မယ်
    အားတင်းထားကြ💪

    ReplyDelete
  3. ကျနော်တိုကို သဘောကျပါတယ်ပြောတဲ့သူတွေက
    ကျနော်တိုထက် သဘောကျစရာကောင်းတဲ့
    လူကိုတွေ့သွားတဲ့အခါကျရင်

    ကျနော်တိုကို ထားပစ်ခဲ့အုန်းမှာပဲ ။

    - လင်းညိုသွေး

    ReplyDelete
  4. We much syronger

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. Fighting together

    ReplyDelete
  7. The change must coming out our sustainable movement’s effort.

    ReplyDelete
  8. ကြိတ်မှိတ်သီးခံရင်း ကလစ်​နေပါတယ်။
    ငါတို့က​လေး​တွေအတွက်...
    ငါတို့ အနာဂါတ်အတွက်.... ပြီး​တော့
    ငါတို့ အားလုံးအတွက်....

    ReplyDelete
  9. နေ့တိုင်းclickပေးနေပါတယ်
    we must win.Fighting💪💪💪

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. "တောမှာပျော်လို့ တောခိုတာ မဟုတ်သလို
    သွေးဆာလို့ လက်နက်ကို ဆွဲကိုင်တာလဲမဟုတ်ဘူး။"

    ငါတို့ဟာ အာဏာရှင်ကို မုန်းလို့ တော်လှန်နေတာ✊

    ReplyDelete
    Replies
    1. ဒါဘဲလေမမ အဆုံးထိ သွားကြမယ်😚

      Delete
    2. 🤗😚

      🤜🤛

      Delete
  12. ရှေ့တန်းရဲဘော်တွေ သက်လုံကောင်းကြဖို့ အရေးကြုံရင် အသုံးချနိုင်ဖို့ရာ
    နေ့စဉ် CLICK ခြင်းဖြင့် အားဖြည့်ကူညီကြပါ

    ReplyDelete
  13. စစ်ဟာခါးမှန်းသိသော်လဲ စနစ်ကမတရားမှန်းသိလို့တိုက်သည်

    ReplyDelete
  14. Done by angel 041.

    ReplyDelete
  15. ဓားရဲ့တရားဆိုတာ
    ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်
    တော်လှန်ရေးပဲတွေးနေရုံနဲ့ မရ၊
    သွေးအတိုင်း ရဲတက်လာမှ ရမယ်
    မတွေဝေနဲ့တော့
    တော်လှန်ရေးရဲ့စနက်တံဟာ
    ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

    -ကေဇဝင်း

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. 🙂 လူငယ်နှင့်အနာဂါတ် ...

    @ အဘိုးအဖွားလက်ထက် ...
    ဒီအာဏာရှင်စံနစ်ဆိုးကြောင့်
    အသက်တွေပျောက်၊ဒုက္ခရောက်ခဲ့ပြီ၊
    ဖေဖေမေမေလက်ထက်လည်း ...
    ဒီအာဏာရှင်လူတစ်စုကြောင့်
    မိသားစုမစုံ၊အဖုံဖုံသောကဝေခဲ့ပြီ၊
    သူတို့လက်ထက် ...
    လက်နက်မဲ့နဲ့၊အတတ်နိုင်ဆုံး
    တော်လှန်ခဲ့ပြီးပြီ၊
    ငါတို့လက်ထက် ...
    တာဝန်ဆက်လို့၊ပုခုံးထက်မှာ
    ခေတ်အဆက်ဆက်ဒီစံနစ်ဆိုးနဲ့
    ဒီအာဏာရှင်လူတစ်စုကို၊အမြစ်ဖြတ်ဘို့
    ကျန်ခဲ့နေပြီကျန်လေပြီ၊
    အမြစ်ကစ ...
    သမိုင်းသစ်ဘို့၊ဒို့တွန်းလှန်စို့။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 Sitt Min SaysAugust 3, 2022 at 9:26 PM

    🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 အရိပ် ...

    @ အတွေးဆိုတာ ...
    အရိပ်တစ်ခုလိုပါဘဲ
    အလင်းရောင်လေးပျောက်သွားခဲ့ရင်
    အရိပ်ဆိုတာလေးလည်း ...
    ရှိတော့မှာမဟုတ်ပါဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. ပြည်သူဆိုတာ အမြဲတမ်းရှိမယ့်ကောင်းကင်ကြီးပေါ့
    အဖွဲ့အစည်းဆိုတာတိမ်တွေပါဘဲ
    -ကိုမင်းကိုနိုင်

    ReplyDelete
  22. အရင်းအနှီးများစွာ

    ReplyDelete
  23. ထုမဲ့အလှည့်ကိုရောက်တော့မယ်။💪😂

    ReplyDelete
  24. ဒါပြည်သူစစ်စစ်တို့ရဲ့သစ္စာ

    ReplyDelete
  25. Right
    Good poem
    I like this poem.

    ReplyDelete
  26. ယုံကြည်မှုအပြည့်ဖြင့်
    ပန်းတိုင်ရောက်သည်အထိ
    လျှောက်လှမ်းကြမည်။

    ReplyDelete
  27. ငါတို့က နိုင်ထားပြီးသား ပွဲသိမ်းဖို့ပဲလိုတာ

    ReplyDelete
  28. အနာဂတ်ကို ရုပ်လုံးဖော် ထုဆစ်ဖို့
    ပေဖြစ်တုန်းက ခံခဲ့ရတဲ့ တူတစ်လက်ဟာ
    အရင်းနှီးများစွာနဲ့ စောင့်နေလေရဲ့

    ReplyDelete
  29. We fight for the country and people

    ReplyDelete
  30. Fighting
    Click,click,click..........

    ReplyDelete
  31. Wheel............dope.🏹🏹🏹

    ReplyDelete
  32. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  33. Fighting
    Click,click,click.........

    ReplyDelete
  34. ကလစ်ပီးရင်းClick

    ReplyDelete
  35. အရင်းအနှီးများစွာနဲ့
    စောင့်နေလေရဲ့။

    ReplyDelete
  36. Fighting
    Click,clivk,click.........

    ReplyDelete
  37. Morning let’s go together

    ReplyDelete

Post a Comment

Popular posts from this blog