သိမ်ငယ်ချစ်ခြင်း

စစ်ပွဲကပြန်
စစ်မှန်တဲ့ယောကျ်ားပါ
ကျဆုံးသူ သူရဲကောင်းတွေကြား
မင်းကိုချစ်ဖို့ ညိုးငယ်စွာ
သိက္ခာတွေလျော့ကျ
ငါပြန်ခဲ့ရပေါ့။

#DP

Photo source : Google 

Comments

  1. Wicked military dictators should not be allowed to rule Myanmar,We will seize our opportunity. The military dictators must never win.We are halfway there, we see the goal of success, we will work harder for a better tomorrow,Our country belongs to us and we must never fall under a military dictatorship,We will keep trying and keep going.No evil army can defeat our zeal and our faith.

    So click, help, donate,let us paint our own future,Our future belongs to us.
    Military junta should not be allowed to rule,It is our duty to protect our country and our people.

    ...........❤Htet...........

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. 💪🏻💪🏻💪🏻😘😘😘

    ReplyDelete
  4. ရည်းစားကိုတောင်သတိရသွားပြီ🤧 PDF တေမြင်ရင်ရည်းစားကိုလွမ်းတယ် သူအဆင်ပြေရဲ့လား

    ReplyDelete
  5. စစ်ပွဲပြန် PDFမောင်နှမများကို
    သပြေခတ်နဲ့ ကြိုနေမှာ
    စိတ်သာ ချ
    🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

    ReplyDelete
    Replies
    1. အိမ်မှာစိုက်တဲ့ အောင်သပြေ
      ဝေဆာခါ ပွင့်နေပြန်တော့
      မျှော်ရတယ် PDF မောင်ကြီးတွေရေ
      ဘယ်တော့များ ဆုံပါမှ
      အတိုးချ ပြေးခါ
      ဆီးလိုသာ ကြိုလိုက်မယ်နော့
      ပျိုတိုမောင် သူရဲကောင်းတွေကို
      သပြေပန်း လက်မှာကိုင်လို ပြေးလိုသာ ကြိုကြမယ်လေး..

      Delete
  6. ကြယ်နဲ့မတန်တဲ့မြေကြီး

    သေနိုင်တယ် ရှင်နိုင်တယ် ဆိုတာမျိုးမဟုတ်ပါဘူး
    သေဖို့ တလမ်းထဲ ရှိတဲ့ခရီး
    လက်ဖြောက်တီးပြီး ရွေးသွားကြတာပါလား...

    အသေခံ ဗုံးခွဲသွားတာမဟုတ်ဘူးဗျ
    အသေခံ အသဲခွဲသွားကြတာ၊

    ကျန်ရစ်သူတွေမှာ
    ကျောထဲ စိမ့်...စိမ့်...ပြီး
    မျက်ရည် တွေတွေ ကျရတယ်။

    ကြယ်နဲ့မတန်တဲ့ မြေကြီးမှာ
    ..........  ရှင်ပြီးသေရင်း ကျန်ခဲ့တယ်။   ။

    ReplyDelete
  7. ရင်ဖွင့်ပီးကြိုနေမှာပါ❤️💪

    ReplyDelete
  8. 😘😘😘💪🏻💪🏻💪🏻

    ReplyDelete
  9. အိမ်မက်တွေရှင်သန်ဖို့ ......

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. တာဝန်ရှိလူကြီးမင်းများ ...
    ဒီကဗျာလေးကို C4K,မှာသုံးပေးပါ

    🙂 အညတရ ...

    @ သပိတ်တိုက်ပွဲ ..
    အစမှအဆုံး သူပါဝင်ခဲ့
    မထင်မရှား အညတရအနေနဲ့၊

    @ CDMစတော့လည်း ...
    အခုအထိ သူပါဝင်စဲ
    မိသားစုအရေး ...
    သူမျှော်တွေးလို့ မထင်မရှား
    အညတရအနေနဲ့၊

    @ PDF,UGတော်လှန်ရေးလည်း ...
    သူမနေသာ အခါခါအကြံဉာဏ်ပေး
    ရင်တလေးလေးနဲ့ ထောက်ပို့အရေးပါ
    နေရာတကာ အညတရအနေနဲ့၊

    @ ကိုယ့်အတွက် ...
    နေရာ အတည်အကျမရှိ
    မိသားစုလည်း ဘယ်ရောက်သည်မသိ
    သူစိတ်ထဲမှာ တော်လှန်ရေးအသိဘဲရှိ
    အညတရဘဝလေး ဆိုးပါဘိ။

    စစ်မင်းထက်သာ

    ReplyDelete
  12. ​အောင်နိုင်ခြင်း ကျရှုံးခြင်းဟာ
    အစွန်းနှစ်ပါး။
    ဂုဏ်ယူခြင်း သိမ်ငယ်ခြင်းဟာ
    အစွန်းနှစ်ပါး။
    အလယ်လမ်းသာ
    ငါ ​မျှော်လင့်ပါရ​စေ 🙏🏻

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. ဓားရဲ့တရားဆိုတာ
    ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်
    တော်လှန်ရေးပဲတွေးနေရုံနဲ့ မရ၊
    သွေးအတိုင်း ရဲတက်လာမှ ရမယ်
    မတွေဝေနဲ့တော့
    တော်လှန်ရေးရဲ့စနက်တံဟာ
    ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

    -ကေဇဝင်း

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. Nan htike aung မစ်ရှင်အတွက်လည်း ကြိုးစားပေးကြစို့..ငါတို့ရဲ့အားသည်..ငါတို့ရဲသူရဲကောင်းများအတွက် အင်အားဖြစ်ပါတယ်...

    ReplyDelete
  17. 🍁🍁🍁 take care 🧡

    ReplyDelete
  18. ပန်းတိုင်အသွား
    စထွက်ကနေ
    ၁ စင်တီမီတာလှမ်းလဲ
    အဲ့တာပြေးလမ်းပဲ။

    -လွမ်းနောင်

    ReplyDelete
  19. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. 🥷 ဥပဒေ ...

    🤨 ပြည်သူတွေ ...
    ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေမှာတောင်
    မထုတ်တဲ့ဥပဒေတွေကို
    မင်းတို့ကိုယ်ကျိုးအတွက် ...
    ဆက်ဆက်ထုတ်နေမယ်ဆိုရင်
    မင်းတို့အာဏာဆုံးရှုံးရုံမက
    မင်းတို့လည်းကျဆုံးရလိမ့်မယ်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 မလွဲဧကန် ...

    @ ဘာသာရေးကိုခုတုံးလုပ် ...
    ပြည်သူကို ဂုတ်သွေးစုပ်
    ပြည်သူ့လစာ ထမင်းလုပ်ပြီး
    ပြည်သူကို ပြန်သတ်နေမှတော့
    ဇက်ပိုးနင့်ပြီး ...
    မကြာခင်သေဇတ်ခင်းရမှာ
    မလွဲဧကန်ပေါ့ မအလတစ်သိုက်ရေ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  25. 🙂 အီးယောင်ဝါး ...

    @ အီးယောင်ဝါးဆိုတာ ...
    လူမှုရေးမှာမကောင်းသလို
    စီးပွားရေးမှာလည်းမကောင်းဘူး
    အီးယောင်ဝါးဆိုတာ ...
    နိုင်ငံရေးမှာမကောင်းသလို
    အုပ်ချုပ်ရေးမှာလည်းမကောင်းဘူး
    ဘယ်နေရာ ...
    ဘယ်အရာဘယ်သူ့အတွက်မှ
    အသုံးမဝင်ဘူး
    တော်လှန်ရေးမှာဆိုရင် ...
    ပိုဆိုးသွားလိမ့်မယ်လို့ဆိုချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. ရှင်သန်ဖို့

    ReplyDelete
  27. အ​သေခံ
    အနစ်နာခံ
    အသည်းကွဲခံ
    ငါတို့ရဲ့ သူရဲ​ကောင်း​တွေ...။

    ReplyDelete
  28. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  29. ကိုယ့်အလုပ်ကိုလုပ်ပြီး ကိုယ့်တာ၀န်ကိုကျေပွန်အောင်ကြိုးစားကြတာပေါ့February 14, 2023 at 11:21 PM

    ✌️

    ReplyDelete
  30. Wheel............dope.🏹🏹🏹

    ReplyDelete
  31. လေးစားထိုက်သူတွေ အားလုံးကို
    လေးစားမှုနဲ့အတူ ဂုဏ်ယူပါသည်။

    ReplyDelete
  32. 🦾🦾🦾🦾🦾🦾

    ReplyDelete

Post a Comment

Popular posts from this blog