ပြန်ခဲ့ပါတော့ 'ရှင်' ရယ်

တူယှဉ်ကာ ချစ်တင်း‌‌ဖွဲ့
အပူအပင်ကင်းမဲ့စွာ ပျော်ကြမယ်
ခုတော့လေ.....
တစ်ယောက်တည်းပေမို့

သူ့အတွက်ရယ် 
စိုးထိတ်ပူပန်စိတ်တွေနဲ့ 
အဝေးရောက်သူကိုဖြင့် 
စစ်ဘေးရှောင်သူတစ်ယောက်ရယ်က
တောင်းဆုခြွေ...နေ့တိုင်း.....

ပြန်လာပါ မခေါ်ရက်ပေမယ့်
ဒီတစ်ခါ ပြည်တော်ပြန်ရင်ဖြင့်
ဆီးကြိုကာ ပန်းသပြေရယ်နဲ့.....

ထိုထိုအတွေး မဆုံးခင်မှာလ
' အုံး '  ' ဒိုင်း ' အသံကြားရပြန်တော့
ပုန်းဝှက်စရာ နေရာပြေးဖို့ကြံ

အို...'မောင်' ရယ်
အောင်ပွဲနဲ့ အတူ 
မြန်မြန်သာ ပြန်ခဲ့ပါတော့ 'ရှင်'ရယ်။     ။

ဟိန်းတေဇ
2-12-21


Comments

  1. ..Did you know that in this world.......
    people have their own problems....

    Life with each problems.......

    The difficulties are individual.......

    The benefits of life are not the same.......

    Don't confuse everything with your mind and it will be confusing.........

    Life is uncertain,A life of running like a tortoise, If you can not help it, let it go

    ...........❤Htet...........

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ပျော်ရွှင်စွာပေါင်းဆုံရမယ့် ရက်ကို မျှော်လင့်ရင်း ချစ်တဲ့သူအားလုံး ဘေးရန်ကင်းစေဖို့ ဆုတောင်းလျှက်
    🙏🙏🙏

    ReplyDelete
  4. Replies
    1. လန့်တာမမရယ်😌

      Delete
    2. လန့်ပါနဲ့ ညညရယ်
      ညက်လုံးဖွင့်ပြီး ပြုံးပြတာပါ 😅

      Delete
    3. ဒီမတ်မတ်ကိုရော အဲ့လိုပြုံးပြလိုက်ရမား 😉😘

      Delete
    4. ဘယ်လိုပြုံးပြုံး
      ပြုံးနေဖို့ပဲလိုတာပါ 🥰

      Delete
    5. ပြုံးပြလိုက်ပြီ

      Delete
    6. @Cerulean ညလေးကဘာနေနေလှပြီးသား 🥰

      Delete
    7. @ML Sun ဟုတ်ပြုံးပြုံးလေး ☺️☺️😍
      @Kachin ဟီး မြှောက်နေပြီ
      🥰😘😘😘

      Delete
    8. @Kolinnsatt မမလင်းပြုံးတာ မလှဘူးတဲ့ 🤭

      Delete
    9. ကျော့်ကောင်မလေးကပြောတာလား🤭

      Delete
    10. ကောင်မလေးက ရှိလို့လား 😝

      Delete
    11. ရှိခဲ့ဖူးတာပ

      Delete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ပြန်လာပြီနော်😜

    ReplyDelete
  8. Replies
    1. ငါတို့က စင်ရော်ငှက်တွေပါ
      ဒါပေမယ့် မုန်တိုင်းကို မကြောက်ဘူး

      Delete
    2. "တော်လှန်ရေးက လေရေမြေ
      အာဟာရညီမှ ပွင့်တဲ့ပန်းပဲ
      တော်လှန်ရေးမပွင့်ခင်
      လမ်းမပေါ် ပွင့်ထွက်သွားတဲ့
      ခေါင်းခွံတွေက စကားတခွန်း
      ပြောသွားသေးလား

      -ကေဇဝင်း

      Delete
  9. This comment has been removed by the author.

    ReplyDelete
  10. လေထန်လှိုင်းကြမ်းတဲ့အချိုးအကွေ့တွေကိုဖြတ်ကျော်နေရတဲ့အချိန်အခါမျိုးမှာ စိတ်ဓါတ်ဇွဲခွန်အားတွေနဲ့ တွဲလက်တွေမြဲမြံစွာဆုပ်ကိုင်ထားကာ .......

    ReplyDelete
  11. ချစ်သူ​တွေ ပြန်လည် ဆုံစည်းကြပါ​စေကွယ်

    ReplyDelete
  12. Replies
    1. မဟုတ်သေးဘူးနော် ဟိန်းးတေဇ genderက ဘာပါလိမ့်😁

      Delete
    2. နာမည်က​တော့ very masculin ​နော်

      Delete
    3. ဟုတ်ပနော်

      Delete
  13. Click ♥ June 23

    ReplyDelete
  14. 🙂 ချစ်သော ဧရာဝတီ ...

    @ စိတ်မကောင်းပါဘူး ...
    သူငယ်ချင်းတွေကပြောတယ်
    Feb1ရက်ကစလို့ ...
    နိုင်ငံသား,Gzတွေနဲ့အတူ
    တိုက်ပွဲဝင်ခဲ့ပါတယ်တဲ့၊

    @ CDMတွေအားကောင်းသလို ...
    နေ့တိုင်းလည်း၊ လူပေါင်းစုံထကြွတယ်
    ထောက်ပံ့ရေးအဖွဲ့တွေလည်း၊အဆင်သင့်
    အားနဲ့အင်နဲ့၊ လှုပ်ရှားခဲ့ကြတယ်၊

    @ ဖြိုခွဲခံရတဲ့အချိန်မှာ ...
    ထောက်ပံ့ရေးအဖွဲ့တွေ
    CDMဝန်ထမ်းတွေ၊ Gzတွေ
    လွှတ်တော်ကိုယ်စားလှယ်တွေ
    စဖမ်းခံရတယ်၊

    @ နဂိုကမှ ဧရာဝတီဆိုတာ ...
    ဘာသာရေးကိုင်းရှိုင်းမှုပြင်းထန်တော့
    မဘသတွေများတဲ့ တိုင်းဧရာလေ
    ဒါကိုအခွင့်ကောင်းယူပြီး ...
    ဘာသာရေးမှိုင်းသွင်းခံရတော့
    ဒလန်တွေပေါလာရတယ်တဲ့၊

    @ ရေမြေတောတောင်ကမရှိ ...
    ဒလန်တွေကပေါ၊ ကြားနေတွေများ
    ဟူး ...
    အားနာပါတယ် ဧရာဝတီ
    ဒါးလေးတော့ သွေးထားလိုက်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  15. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 Sitt Min SaysAugust 2, 2022 at 9:03 PM

    🥷 အမှားနဲ့အမှန် ...

    @ သုံးသပ်ချက် ...
    ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
    သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
    ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
    ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊

    @ အမှားအမှန်ဆုံးဖြတ်ဘို့ ...
    ၁.အချက်အလက်ရှိရမယ်
    ၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
    ၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊

    @ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
    အောင် ...
    ၁.ဒီပြဿနာ အရင်းအမြစ်
    အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
    ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
    ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
    ၂.ဒုတိယအချက် အမှား
    မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
    ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
    သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
    ၃.တတိယအမှား
    ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
    စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
    တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
    ဒါ-တတိယအမှား။
    ၄.စတုတ္ထအမှား
    ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
    ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
    Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
    လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
    က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
    စတုတ္ထအမှား။
    ၅.ပဉ္စမအမှား
    ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
    သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
    ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
    ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
    ရေး ဝိုင်းလုပ်နေကြတာ။

    @ စာရှည်မှာစိုးလို့ ...
    အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
    ၁.မလုပ်သင့်တာ မလုပ်ရဘူး၊
    ၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
    သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
    ရတယ်၊ဆက်မမှားသင့်ဘူး၊
    ၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
    ၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
    ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
    ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
    ၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
    တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
    လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
    ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
    လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
    ရှိရမယ်ဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 Sitt Min SaysAugust 2, 2022 at 9:06 PM

    🥷 Love Song 2.

    ReplyDelete
  18. ပြန်လည်ဆုံးဆည်းပါရစေ😔😔

    ReplyDelete
    Replies
    1. ဒီကဗျာလေးကအမှတ်တရများစွာနဲ့

      Delete
  19. This comment has been removed by the author.

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. 🥷. အပေးအယူ ...

    @ လူ့လောကမှာ ...
    သာပေါင်းညာစားတွေများနေသလို
    သာကူးတွေလည်းများလာတယ်
    ဘယ်အရာမှ ...
    အလကားမရဘူးဆိုတာလည်း
    ခေတ်စားလာတယ်
    အမှန်ပြောရရင်တော့ ...
    အပေးအယူတစ်ခေတ်လို့
    ဆိုရတော့မယ်ထင်တယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  22. ပျံလာပါပြီ🕊️

    ReplyDelete
  23. Wheel............dope.🏹🏹🏹

    ReplyDelete
  24. ချစ်တဲ့သူတွေ အမြန်ပြန်လည် ဆုံဆည်းနိုင်ကြပါစေ 🎔

    ReplyDelete
  25. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  26. Wheel............dope.🏹🏹🏹

    ReplyDelete
  27. ဒုန်း ဒုန်း ဒုန်း

    ReplyDelete

Post a Comment

Popular posts from this blog