လူငယ်လေးတစ်စု

ခေတ်တိုင်းမှာ သူတို့ရှိတယ်
ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ်။

လူတွေက သူတို့ကို အရူးလိုထင်ကြတယ်
ကျောက်တောင်ကို ကြက်ဥနဲ့ပေါက်တဲ့အကောင်တွေတဲ့။

တချိုကလည်း သူပုန်လောင်းလေးတွေတဲ့။ 
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး။
လူကြောင်တွေတဲ့....ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့။

မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ် 
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ် 
အချစ်ရေးတော့ကံခေကြတယ်ဗျ။

အချိန်တန်တော့သူတိုတွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ 
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ်။

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

မောင်ငြိမ်းချမ်း

Respect & Credit to Poet Mg Nyein Chan 

Comments

  1. "လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
    လူငယ်လေးတစ်စုဟာ
    ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်"
    ရင်ဝကို တည့်တည့်တိုးဝင်လာတဲ့
    စာစုလေး
    #credit Mg Nyein Chan

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

      *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

      ~ There are no unsuccessful things which are done with strong desire and effort ~

      Delete
  3. ရင်နာစရာအမှန်တရားတွေ..

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. သမိုင်းသွင်မယ့်ဇာနည်များပါ

    ReplyDelete
  6. လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
    လူငယ်လေးတစ်စုဟာ
    ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

    ReplyDelete
  7. Replies
    1. This comment has been removed by the author.

      Delete
  8. ယုံကြည်ချက်နဲ့ ​ရှေ့ဆက်​နေပါတယ်

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. လူငယ်တွေရဲ့ ဉာဏ်ရည်
    စာကလေးဥနှောက်လို့
    ထင်ထားရင် မှားလိမ့်မှာပေါ့

    ReplyDelete
  12. Heart ထိတဲ့ စာသား​တွေ...

    ReplyDelete
  13. Click done by Angel 041

    ReplyDelete
  14. ကိုယ်နိုင်နေပြီဆိုပြီး
    ဂိုးတစ်ဂိုးသွင်းလိုက်တိုင်းအလွန်အကြူးအောင်ပွဲခံမပြကြနဲ့ဦး သားကြီးတို့ရေ။

    ပွဲမပြီးသေးတာကိုသတိပြုပါ။

    ရန်သူအသင်းက ရှုံးလေညစ်လေ လုပ်တက်တဲ့အောက်တန်းစားအသင်းဆိုတာကိုလဲမမေ့ပါနဲ့။

    ReplyDelete
  15. ဒီကိစ္စတွေဖြစ်တော့ ဘယ်သူတွေကိုအထင် ကြီးလေးစားရမယ် လူတွေရဲ့ ရပ်တည်ချက် နဲ့မတရားမှုကို ဘယ်သူတွေက ရဲရဲဝံ့ဝံ့တွန်းလှန်တယ်ဆိုတာ ပိုသိသွားတယ်

    ReplyDelete
  16. ချစ်သူ​ရေ အတူကလစ်ကြစို့

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. လူငယ်လေးတစ်စု

    ReplyDelete
  20. စစ် နဲ့ ငြိမ်းချမ်းရေး
    ဘဝမှာ တကယ်ကံဆိုးမှုက (၂)ခု ပဲရှိတယ်။
    လိပ်ပြာမသန့်ခြင်း နဲ့ ရောဂါဘယဖြစ်ခြင်း
    ဒီနှစ်ခုမရှိခြင်းက ပျော်ရွှင်ခြင်းအတိဖြစ်ပါတယ်။
    (လီယိုတော်စတွိုင်း)

    ReplyDelete
  21. This comment has been removed by the author.

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. This comment has been removed by the author.

    ReplyDelete
  24. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. မင်းအိမ်က မဟုတ်လို
    မင်း မကြားသေးတာပါ
    ငိုသံတွေက လမ်းမမှာ…။

    PK(ကျောင်းစောင့်ကြီး)

    ReplyDelete
  27. 🥷 မရှက်တတ်ရင်တောင် ...
    လူလိုအသိနဲ့အားနာပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. This comment has been removed by the author.

    ReplyDelete
  29. ခေတ်တိုင်းရဲ့ လူငယ်လေးတွေဟာ စတေးခံမျိုးဆက်...💔

    ReplyDelete
  30. 🙂 စိတ် ...

    @ Postတစ်ခုတွေ့လို့ ...
    ၁၄/ဖြစ်လို့ရှက်စရာကောင်းလား ?တဲ့
    အမှန်ပြောရရင် ...
    ရုပ်ပိုင်းဆိုင်ရာနဲ့မဆိုင်သလို
    ကိုယ်ခံယူထားတဲ့ ...
    အတွင်းစိတ်နဲ့သာဆိုင်ပါကြောင်း
    ပြောပါရစေ
    ဘယ်သူဖြစ်ဖြစ် ...
    မတရားတာကိုသိပြီး
    ကိုယ်ရဲ့စိတ်ကတွန်းလှန်နေတဲ့စိတ်
    တာဝန်ယူလိုတဲ့စိတ်နဲ့အနိုင်ယူလိုတဲ့စိတ်
    ရှိနေရင်ရပါပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  31. 🏇 သွေး ...

    @ ဗမာစကားပုံတစ်ခုရှိသည် ...
    "ဘေးပြောတာကိုမယုံနဲ့သွေးပြောတာကိုယုံ"
    အမှန်ပင်ဖြစ်သည်၊
    သွေးသားရင်းလောက် ...
    ဘယ်သူမှမကောင်းနိုင်၊သွေးသားရင်းဆို
    သည်မှာ - တိုက်ဖော်တိုက်ဘက်၊တော်လှန်
    ဖော်တော်လှန်ဘက်၊သေဖော်သေဘက်စသည်ဖြင့်၊ "ဘေး"ဆိုသည်မှာဆန့်ကျင်
    ဘက်များပင်ဖြစ်သည်၊သွေးခွဲမည်ခြေထိုး
    မည်၊ ပွဲလန့်လျှင် ဖျာဝင်ခင်းမည်၊ ၊
    ထို့ကြောင့်ထို့ကြောင့် ...
    ကျနော်တို့၏ပြည်သူများ *ရည်ရွယ်ချက်
    ခိုင်မာရမည်၊ *တစ်စိုက်မတ်မတ် အလုပ်လုပ်ရမည်၊ *ညီညီညွတ်ညွတ်တိုင်တိုင်ပင်
    ပင်လုပ်ဆောင်ရမည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  32. မင်းတို့ စာ​လေး​တွေ
    အ​​ရေး အ​တွေး​တွေကို ချစ်တယ်
    ​လေးစားတယ်
    ဒါ​ကြောင့်
    ငါ ခနခန အ​ရောက်လာတယ်။
    ငါက အ​ဝေးကပါ။

    ReplyDelete
  33. လေးစားထိုက်သူတွေအားလုံးကို
    လေးစားမှုနဲ့အတူ ဂုဏ်ယူပါသည်။

    ReplyDelete
  34. Wheel............dope.🏹🏹🏹

    ReplyDelete
  35. လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
    လူငယ်လေးတစ်စုဟာ
    ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

    ReplyDelete
  36. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  37. ဖော်ကျူးခွင့် အချိန်
    အခွင့်လမ်း မသာသေး၍သာ
    ဖြစ်ပေလိမ့်မည်။
    မမေ့အပ်သော
    သူရဲကောင်းများအား
    သင်သည်လည်းကောင်း
    ကျွန်ုပ်သည်လည်းကောင်း
    အသိတရားရှိသူတိုင်း၏
    ရင်ဝယ်တွင်
    နေ့တဓူဝ မဟုတ်သည့်တိုင်
    အရွေ့တခုမှာ
    တိုက်ဆိုင်မှုရှိတိုင်း
    သတိရကြမည်မှာ
    အမှန်ပင် ဖြစ်ပေ၏။

    ReplyDelete
  38. Wheel............dope.🏹🏹🏹

    ReplyDelete
  39. Fighting
    Click,click,click........

    ReplyDelete
  40. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog