ပြည်သူ့ ရင်တွင်းသောက

အသင်နေမင်း 
နွေရာသီရောက်လာလို့ 
သင့်အပူဓာတ် များလာပေမဲ့
အကျွန်ုပ်တို့ ရင်ထဲက 
ပူလောင် နာကျင်မှုတွေကို
သင်အပူဖြင့် မဖုံးလွှမ်းနိုင်ပါ။

မိုးရာသီ ရောက်လာပေမဲ့
အကျွန်ုပ်တို့ ရင်ထဲက
အပူသောကတွေကို 
ငြိမ်းအေးနိုင်မည်မဟုတ်ပါ

အကျွန်ုပ်တို့အား 
ပျော်ရွှင်စေတတ်သော
ဂီတ ရသ များတောင် 

အကျွန်ုပ်တို့ 
ခံစားချက်ကို မပျော်ရွှင်စေပါ
ဤမှန်သော သစ္စာစကားကြောင့်
စစ်အာဏာရှင် စနစ် မုချကျဆုံးပါစေသား။

Zeus

Comments

  1. Wicked military dictators should not be allowed to rule Myanmar,We will seize our opportunity. The military dictators must never win.We are halfway there, we see the goal of success, we will work harder for a better tomorrow,Our country belongs to us and we must never fall under a military dictatorship,We will keep trying and keep going.No evil army can defeat our zeal and our faith.

    So click, help, donate,let us paint our own future,Our future belongs to us.
    Military junta should not be allowed to rule,It is our duty to protect our country and our people.

    ...........❤Htet...........

    ReplyDelete
  2. ခွေးမျိုးတွေ အမြန်ကျဆုံးပါစေ

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. Replies
    1. စစ်အာဏာရှင်စနစ် မုချကျဆုံးပါစေ!!

      Delete
    2. အရေးတော်ပုံအောင်နေပြီ

      Delete
    3. အောင်ရမည်!!

      Delete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. စစ်ဘီးလူးများ ဒီတသက် နိဂုံးချုပ်ပါစေ

    ReplyDelete
  7. ဒီ​နေ့ ဖွင့်​ပေးလိုက်​သေးတယ် ရဲ​ဘော်​ရေ

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. June 22 / Click ♥

    ReplyDelete
  11. လူအများကြီးဆင်းရဲနေပြီး
    လူနည်းနည်းလေးမှာချည်း သုခဘုံဆိုက်နေတဲ့
    ငါ့တိုင်းပြည်မှာ
    တိုင်းပြည်ကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    အမိအဖကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    ငါ့မိန်းမပျိုကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    ဘုရားရှစ်ခိုးရတာက အစ
    သွေးသားဆန္ဒဖြေဖျောက်ရခြင်းအထိ
    ငါ့မှာ အရသာမရှိဘူး၊

    _ကေဇ၀င်း

    ReplyDelete
  12. ခုထိadsမတက်သေးဘူးနော်30.6.2022

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. 🙂 နေရာ ...

    @ လောကဓမ္မတာအရ ...
    နေရာဆိုတာ၊ သတ်မှတ်ထားပြီးသား
    လူမှန်နေရာမှန်ဆိုတာရှိတယ်လေ၊

    @ ကိုယ့်နေရာမဟုတ်ဘဲနဲ့ ...
    ရာထူးအာဏာပါဝါသုံးပြီးဖြစ်ဖြစ်
    လက်နက်အားကိုးအနိုင်ကျင့်ပြီးဖြစ်ဖြစ်
    သိမ်းယူထားခဲ့ရင်၊ တစ်နေ့နေ့မှာတော့
    ပြန်ပေးလိုက်ရမှာဘဲလေ။

    စစ်မင်းထက်သာ

    ReplyDelete
  15. 🙂 ငွေသခင် ...

    @ မခေါ်ဘဲနဲ့လာ ...
    မနှင်ဘဲနဲ့ပြေးချင်ပြေးတာ
    လောကဓမ္မတာ၊
    သခင်ပါမှ ...
    ဘဝရဲ့နိဗ္ဗာန်ပမာ
    ရေလိုလည်း အေးတတ်တာ
    မီးလိုလည်း မွှေတတ်တာ
    လောကရဲ့ဓမ္မတာ။

    စစ်မင်းထက်သာ

    ReplyDelete
  16. 😥 ကြောက်တယ်
    ကြောက်နေတယ် ...

    @ ငါ့အခန်းလေး ...
    မှောင်မိုက်နေတယ်
    မီးလည်းပျက်နေသလို ...
    ဖရောင်းတိုင်လည်းမရှိဘူး
    စိတ်ညစ်တယ် သူငယ်ချင်း၊

    @ ငါဆန်ပြုတ် ...
    သောက်နေရတယ်
    နေလည်းကောင်းသလို ...
    အစားအသောက်လည်းမပျက်ပါဘူး
    ဒါပေမယ့် ...
    ဝယ်စရာပိုက်ဆံကမရှိဘူး
    စိတ်ညစ်ရပါတယ် သူငယ်ချင်း၊

    @ ငါလေ ...
    ချမ်းနေတယ်ကွာ
    ဝတ်စရာအနွေးထည်မရှိသလို
    ငှါးနေတဲ့အိမ်ကလည်း ...
    မိုးကယို မလုံမခြုံနဲ့ကွာ
    ဘဝတွေဆိုးလိုက်တာ သူငယ်ချင်း၊

    @ အရင်လိုလည်း ...
    အပြင်မထွက်ဖြစ်ဘူး
    ပစ်ခတ်သံတွေကြားနေရသလို
    အစစ်အဆေးကလည်း ...
    ဖုန်းတောင်မထားဘူး ကြမ်းနေတယ်တဲ့
    ငါ ကြောက်တယ်သူငယ်ချင်း၊

    @ မိဘတွေလည်းမရှိတော့ ...
    မောင်နှမတွေကလည်းမကြည့်တော့
    စားဝတ်နေရေးလည်းမပြေလည်
    ငါ ဘာလုပ်ရမလဲသူငယ်ချင်း
    ငါ ကြောက်တယ် ...
    ငါကြောက်နေတယ် သူငယ်ချင်း။

    # သူငယ်ချင်းတစ်ယောက် ...
    ပို့လိုက်သောစာ၊ စာလေးတစ်စောင်ပေါ့

    စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 တွေးကြည့်ကြပါ ...

    @ လူ့လောကမှာ ...
    ဘက်၂ဘက်ရှိတယ်
    အကောင်းနဲ့အဆိုး ...
    လက်ဖဝါးနဲ့လက်ဖမိုး
    အဖြူနဲ့အမဲ
    ဓမ္မနဲ့အဓမ္မ
    စသည်ဖြင့်၊

    @ လောကသဘာဝအရလည်း ...
    အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံပြည်သူ
    အာဏာရှိသူနဲ့အာဏာမဲ့သူ
    ပါဝါရှိသူနဲ့ ပါဝါမဲ့သူ
    စသည်ဖြင့်၊

    @ အဲ့ဒီမှာပြဿနာစတော့တာဘဲ ...
    အုပ်ချုပ်သူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    အာဏာရှိသူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    ပါဝါရှိသူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    နောက်တစ်ဖွဲ့က ..
    အုပ်ချုပ်ခံပြည်သူကို ဝန်းရံတဲ့အဖွဲ့
    အာဏာမဲ့ပြည်သူကို ဝန်းရံတဲ့အဖွဲ့
    ပါဝါမဲ့ပြည်သူကို ဝန်းရံတဲ့အဖွဲ့
    စသည်ဖြင့်၊

    @ တွေးကြည့်ရအောင် ...
    ဘက်ဆိုတာ ၂ဘက်ရှိတော့
    တစ်ဘက်က ဓမ္မဆိုလျှင်
    တစ်ဘက်က အဓမ္မပေါ့၊

    @ သင်ရော ...
    ဘယ်ဘက်က ပါနေပြီလဲ ?
    ဘယ်ဘက်က ပါသင့်သလဲ ?
    အလကားလူတော့ မဖြစ်ပါစေနဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  19. အာဏာရှင်စနစ် အမြန်ကျဆုံးပါစေ

    ReplyDelete
  20. 🙂 မြန်ဆန်ဘို့လိုပြီ ...

    တွေးခေါ်ပါ ...
    လေ့လာသုံးသပ်ပါ
    မှန်ကန်စွာဆုံးဖြတ်ပါ
    မြန်မြန်ဆန်ဆန်လုပ်ဆောင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. စစ်ဘံလူးတွေ အမြန်ကျဆုံးပျောက်ကွယ်ကြပါစေ

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. စစ်အာဏာရှင် အာဏာရှင် တွေ မုချရှုံးစေသား

    ReplyDelete
  24. Wheel............dope.🏹🏹🏹

    ReplyDelete
  25. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  26. 🦾🦾🦾🦾🦾🦾

    ReplyDelete

Post a Comment

Popular posts from this blog