ကျွန်တော်ဟာဒီလိုကောင်

ငါဟာခေါင်းမာတယ်ဂျစ်ကန်ကန်တယ်
အရစ်ရှည်တယ် စပ်စုတယ် တုံးအတယ်
လူတွေနဲ့အမြဲပြောင်းပြန်ဆန့်ကျင့်တဲ့ဘက်

လူဖြစ်လာတာကကံကောင်းလွန်းတယ်လို့
လူအဖွဲ့အစည်းကသတ်မှတ်ထားတာကို
လူဖြစ်လာတာကငရဲဘဲဆိုပြီး
ငါဟာအတ္တကြီးစွာထင်နေတယ်

နိဗ္ဗာန်ဟာအေးချမ်းတယ်ဆိုတာကိုသိလျက်နဲ့
နိဗ္ဗာန်ကိုဖြိုလို့ရမလားတွေးနေတဲ့ကောင်
ငါဟာကံကံ၏အကျိုးကိုယုံကြည်ပါတယ်
ဒါပေမယ့် အဲ့ဒီယုံကြည်မှုကိုဘဲ
သံသယစိတ်များပြီးမယုံကြည်နေတာ

ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်ဆိုတာကို
အရှေ့မှာဒီလောက်ပညာရှင်ပေါင်းများစွာက
သက်သေပြထားတာတောင် 
အဲ့ဒီကြိုးစားတာကို အရှုံးပေးချင်နေတာ

ကမ္ဘာကြီးကသတ်မှတ်ထားတဲ့
စည်းတွေ ဘောင်တွေကို
ကိုယ်တိုင် လက်ခံပေမယ့် 
အဲ့ဟာတွေကြားထဲမှာကိုမနေချင်တဲ့ကောင်

လွတ်လပ်မှုဆိုတာကို
ငှက်မွေးလို ပေါ့ပေါ့ပါးပါး
လွတ်လွတ်လပ်လပ် ခံစားချင်နေတဲ့ကောင်  
ငြိမ်းချမ်းရေးကို
စစ်တိုက်ပြီးယူချင်နေတဲ့ကောင်

လူတွေကိုတတ်နိုင်သလောက်ကူညီတယ်
မတရားမှုကိုတရားစေချင်တယ်
မေတ္တာတရားကိုရင်မှာပိုးထားတယ်
ထူးဆန်းတဲ့ကဗျာတွေရေးတယ်
ကော်ဖီကိုနှစ်ခြိုက်တယ်
စီးကရက်ကိုစွဲလန်းတယ်
ပန်းတွေကိုမြတ်နိုးတယ်

နေကြာတွေကိုချစ်တဲ့အမျိုးသမီးလေးကို
ရူးရူးမူးမူးချစ်တယ် နောက်ပြီး
ကျွန်တော်ဟာအမြဲကွဲထွက်နေတဲ့ကောင်
တစ်နည်းအားဖြင့် ဆန့်ကျင်ရေးသမား
တစ်ခွန်းတည်းပြောရရင်
သေခြင်းတရားကိုသေစေချင်နေတဲ့ကောင်။     ။

ကျွန်တော်

Comments

  1. Wicked military dictators should not be allowed to rule Myanmar,We will seize our opportunity. The military dictators must never win.We are halfway there, we see the goal of success, we will work harder for a better tomorrow,Our country belongs to us and we must never fall under a military dictatorship,We will keep trying and keep going.No evil army can defeat our zeal and our faith.

    So click, help, donate,let us paint our own future,Our future belongs to us.
    Military junta should not be allowed to rule,It is our duty to protect our country and our people.

    ...........❤Htet...........

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ကျွန်တော်

    ReplyDelete
  4. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  5. "ငါဟာခေါင်းမာတယ် ဂျစ်ကန်ကန်တယ်"

    ReplyDelete
  6. ဘယ်တော့မှ အရှုံးမပေးဘူး
    အမြဲကြိုးစားနေတယ် 💪

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. Till the end
    Fighting together 💪

    ReplyDelete
  9. ......ကမ္ဘာမြေငြိမ်းချမ်းပါစေ... ပန်းပွင့်တွေဆုတောင်းနေ.....

    ReplyDelete
  10. နေ့တိုင်း click

    ReplyDelete
  11. သမိုင်းစာမျက်နှာတွေကို အမှောင်ချပစ်ချင်တာတစ်ခုတည်းအတွက်
    လူငယ်တွေကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မဖြတ်ချင်စမ်းပါနဲ့
    ငါတိုသွေးကြောတစ်မျှင်ချင်းစီကို ဝိုင်ယာကြိုးလို ချိတ်ဆက်
    အနာဂတ်ကို လင်းလက်စေချင်ရုံသက်သက်
    ငါတို လာခဲ့တယ်

    လူငယ်ဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး
    ခင်ဗျားတိုခေါင်းထဲ မချိမဆန့်ထိုးထည့်ထားတဲ့ မတရားမှုတွေကို ပစ်ချဖို
    ငါတို အတိအကျ လာခဲ့တယ်

    -ကိုသျှား

    ReplyDelete
    Replies
    1. အမေမသိဘူးလား
      လူတွေရဲ့ အပြုံးမှာ
      ကုန်စျေးနှုန်းတွေပါတယ် အမေရဲ့ ။
      ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
      ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
      သား တူးတူးခါးခါး မုန်းတယ်အမေ ။
      #မောင်ချောနွယ်

      Delete
  12. June 22 Click ♥

    ReplyDelete
  13. သိပ်အများကြီး မ​မျှော်လင့်ပါဘူး
    မတရားမှု​​တွေ ဖယ်ရှား
    ရိုးသားစွာ စိမ်းလန်းလို့
    ငြိမ်းချမ်းစွာ ပျံသန်းခွင့်​လေးပဲ ​ပေးကြပါကွာ။

    ReplyDelete
  14. လူအများကြီးဆင်းရဲနေပြီး
    လူနည်းနည်းလေးမှာချည်း သုခဘုံဆိုက်နေတဲ့
    ငါ့တိုင်းပြည်မှာ
    တိုင်းပြည်ကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    အမိအဖကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    ငါ့မိန်းမပျိုကို ချစ်ရတာလည်း
    ငါ့မှာ အရသာမရှိဘူး၊
    ဘုရားရှစ်ခိုးရတာက အစ
    သွေးသားဆန္ဒဖြေဖျောက်ရခြင်းအထိ
    ငါ့မှာ အရသာမရှိဘူး၊

    _ကေဇ၀င်း

    ReplyDelete
    Replies
    1. တိုင်းပြည်ကိုလည်း ဉာဏ်နဲ့ချစ်
      မိန်းမပျိုကိုလည်း ဉာဏ်နဲ့ချစ်လို့
      အရာရာ ဉာဏ်နဲ့ပဲ လုပ်လိုက်ပါ။
      ဉာဏ်ပါတဲ့အခါ ချစ်ရတာ လွတ်လပ်တယ်
      အရသာ ပိုရှိတယ်
      ​ရယူလိုခြင်း ကင်းတဲ့အတွက် ပိုပြီး ချစ်နိုင်ပါတယ်ကွယ်။

      Delete
  15. ကျွန်တော်ဟာထိုလိုကောင်

    ReplyDelete
  16. Replies
    1. This comment has been removed by the author.

      Delete
  17. ကျ​​နော် လို့ပဲ ​ပြောပါလား
    ကျမ ဆို ကျမ လို့ပဲ ​ပြောတယ်
    ကျွန်ဆိုတာကို မကြိုက်လို့။

    ReplyDelete
  18. 🙂 ငွေသခင် ...

    @ မခေါ်ဘဲနဲ့လာ ...
    မနှင်ဘဲနဲ့ပြေးချင်ပြေးတာ
    လောကဓမ္မတာ၊
    သခင်ပါမှ ...
    ဘဝရဲ့နိဗ္ဗာန်ပမာ
    ရေလိုလည်း အေးတတ်တာ
    မီးလိုလည်း မွှေတတ်တာ
    လောကရဲ့ဓမ္မတာ။

    စစ်မင်းထက်သာ

    ReplyDelete
  19. 😥 ကြောက်တယ်
    ကြောက်နေတယ် ...

    @ ငါ့အခန်းလေး ...
    မှောင်မိုက်နေတယ်
    မီးလည်းပျက်နေသလို ...
    ဖရောင်းတိုင်လည်းမရှိဘူး
    စိတ်ညစ်တယ် သူငယ်ချင်း၊

    @ ငါဆန်ပြုတ် ...
    သောက်နေရတယ်
    နေလည်းကောင်းသလို ...
    အစားအသောက်လည်းမပျက်ပါဘူး
    ဒါပေမယ့် ...
    ဝယ်စရာပိုက်ဆံကမရှိဘူး
    စိတ်ညစ်ရပါတယ် သူငယ်ချင်း၊

    @ ငါလေ ...
    ချမ်းနေတယ်ကွာ
    ဝတ်စရာအနွေးထည်မရှိသလို
    ငှါးနေတဲ့အိမ်ကလည်း ...
    မိုးကယို မလုံမခြုံနဲ့ကွာ
    ဘဝတွေဆိုးလိုက်တာ သူငယ်ချင်း၊

    @ အရင်လိုလည်း ...
    အပြင်မထွက်ဖြစ်ဘူး
    ပစ်ခတ်သံတွေကြားနေရသလို
    အစစ်အဆေးကလည်း ...
    ဖုန်းတောင်မထားဘူး ကြမ်းနေတယ်တဲ့
    ငါ ကြောက်တယ်သူငယ်ချင်း၊

    @ မိဘတွေလည်းမရှိတော့ ...
    မောင်နှမတွေကလည်းမကြည့်တော့
    စားဝတ်နေရေးလည်းမပြေလည်
    ငါ ဘာလုပ်ရမလဲသူငယ်ချင်း
    ငါ ကြောက်တယ် ...
    ငါကြောက်နေတယ် သူငယ်ချင်း။

    # သူငယ်ချင်းတစ်ယောက် ...
    ပို့လိုက်သောစာ၊ စာလေးတစ်စောင်ပေါ့

    စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 တွေးကြည့်ကြပါ ...

    @ လူ့လောကမှာ ...
    ဘက်၂ဘက်ရှိတယ်
    အကောင်းနဲ့အဆိုး ...
    လက်ဖဝါးနဲ့လက်ဖမိုး
    အဖြူနဲ့အမဲ
    ဓမ္မနဲ့အဓမ္မ
    စသည်ဖြင့်၊

    @ လောကသဘာဝအရလည်း ...
    အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံပြည်သူ
    အာဏာရှိသူနဲ့အာဏာမဲ့သူ
    ပါဝါရှိသူနဲ့ ပါဝါမဲ့သူ
    စသည်ဖြင့်၊

    @ အဲ့ဒီမှာပြဿနာစတော့တာဘဲ ...
    အုပ်ချုပ်သူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    အာဏာရှိသူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    ပါဝါရှိသူကို ဝန်းရံတဲ့အဖွဲ့ကတစ်ဖွဲ့
    နောက်တစ်ဖွဲ့က ..
    အုပ်ချုပ်ခံပြည်သူကို ဝန်းရံတဲ့အဖွဲ့
    အာဏာမဲ့ပြည်သူကို ဝန်းရံတဲ့အဖွဲ့
    ပါဝါမဲ့ပြည်သူကို ဝန်းရံတဲ့အဖွဲ့
    စသည်ဖြင့်၊

    @ တွေးကြည့်ရအောင် ...
    ဘက်ဆိုတာ ၂ဘက်ရှိတော့
    တစ်ဘက်က ဓမ္မဆိုလျှင်
    တစ်ဘက်က အဓမ္မပေါ့၊

    @ သင်ရော ...
    ဘယ်ဘက်က ပါနေပြီလဲ ?
    ဘယ်ဘက်က ပါသင့်သလဲ ?
    အလကားလူတော့ မဖြစ်ပါစေနဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  22. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  23. ကဗျာတွေက ကောင်းလွန်းတယ်

    ReplyDelete
  24. ကျွန်တော်ဟာကျွန်တော်ပါပဲ

    ReplyDelete
  25. လွတ်လပ်မှုဆိုတာကို
    ငှက်မွေးလို ပေါ့ပေါ့ပါးပါး
    လွတ်လွတ်လပ်လပ် ခံစားချင်နေတဲ့ကောင်
    ငြိမ်းချမ်းရေးကို
    စစ်တိုက်ပြီးယူချင်နေတဲ့ကောင်

    ReplyDelete
    Replies
    1. အတူတူတိုက်ကြမယ်လေApril 22, 2023 at 11:15 PM

      🤜❤️🤛

      Delete
    2. တူတူ အဆုံးထိ တိုက်ပွဲဝင်ကြမယ် ဖိုက်တိုး ✊️❤☘️☘️☘️

      Delete
  26. Wheel............dope.🏹🏹🏹

    ReplyDelete
  27. ကလစ်ပီးရင်းClickကြမယ်

    ReplyDelete
  28. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog