မင်းတို့ ဖတ်တဲ့ငါ့ကဗျာတစ်ပုဒ်

မင်းတို့ဖတ်တဲ့ငါ့ကဗျာတစ်ပုဒ်...
တန်ဖိုးမရှိဘူးဆိုရင်တောင်...
တန်ဖိုးတော့ထား ငါ့ကောင်။

မင်းအတွက်တော့ စာတစ်ကြောင်း
ဖတ်ကြည့်တော့ စာတစ်ပိုဒ်ဆိုရင်တောင်...

ငါ့မှာတော့ ရင်းထားရတာက
စက်ရုပ်တစ်ရုပ်ရဲ့ရင်ဘတ်ကြီးနဲ့။

ငါ့မှာတော့ရင်းထားရတာက
သုခဒုက္ခ အတွေ့အကြုံပေါင်းစုံနဲ့။

ငါ့မှာတော့ရင်းထားရတာက
ချုပ်ရိုးမရှိတဲ့ဒဏ်ရာတွေများစွာနဲ့။

ငါ့မှာတော့ရင်းထားရတာက
အိပ်ရေးပျက်ညပေါင်းများစွာနဲ့။

ငါ့မှာတော့ရင်းထားရတာက
သန်းခေါင်ယံ စီးကရက်မီးခိုးငွေ့ကြားထဲက
မိန်းမချောလေးရဲ့ ခပ်စိမ်းစိမ်းအကြည့်တွေနဲ့။     ။

စိုး🖤

Comments

  1. we need you help!

    Our country has been plundered by the Junta group. We must save our country. We need you help!

    We have a bright future ahead of us,we have to all the people to get there yet,We need you help!

    Our country is torn apart,we have good leaders who can make our country the best country in Asia, We must save first our good leaders from the evil junta. We need you help!

    Refugees and children in the jungle, our families, they want to go home,they need to go home, get an education, and bring them back.We need you help!

    Our future star young people who will shape the future of our country have to give up everything and take up arms to save our country,Without our future youth, we will not be able to build our country and we must send them back to the right place.We need you help!

    So help, donate, click, our future journey, Our country must save our people ,we need you help!

    ...........❤Htet..........

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. Hkahku Shayi 🍀May 13, 2022 at 9:22 PM

    ကဗျာတိုင်းကိုတန်ဖိုးထားပြီးဖတ်ဖြစ်ပါတယ် 😊🥰

    ReplyDelete

  4. " ကဗျာဆိုတာ....

    လူ့ စဉ်းစားဉာဏ် ရဲ့ ပဲ့တင်သံ

    လူ့ နှလုံးသား ရဲ့ ခုန်လှုပ်သံ

    လူ့ စိတ်ဓာတ်ရဲ့ မြည်ဟီးသံ

    လူ့ မျှော်လင့်ချက် ရဲ့ သီကျူးသံ

    ကဗျာဆိုတာ....

    ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ...."

    -ဒေါ်အောင်ဆန်းစုကြည်

    (တန်ဖိုးထားပြီးဖတ်ခဲ့ပါတယ် )♡

    ReplyDelete
  5. စိုးရေ ..💪💪😍

    ReplyDelete
  6. တန်ဖိုးထားပါတယ် ကဗျာတွေကို။ ကဗျာတစ်ပုဒ်ဖြစ်လာဖို့ ကဗျာရေးသူရဲ့ အားထုတ်မှုကိုလည်း စိတ်ထဲကနေ လှိုက်လှိုက် လှဲလှဲ အသိအမှတ်ပြုပါတယ်။ ကဗျာတွေဟာ စိတ်အတွက် အားဆေးတစ်ခွက်ပါပဲ။

    ReplyDelete
  7. Replies
    1. "ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် နီတဲ့သွေး ရဲရင့်လို့
      ခြေကိုလှမ်း ရှေ့ကိုချီတက်ခဲ့ပြီ"

      Delete
    2. သမိုင်းစာမျက်နှာတွေကို အမှောင်ချပစ်ချင်တာတစ်ခုတည်းအတွက်
      လူငယ်တွေကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မဖြတ်ချင်စမ်းပါနဲ့
      ငါတိုသွေးကြောတစ်မျှင်ချင်းစီကို ဝိုင်ယာကြိုးလို ချိတ်ဆက်
      အနာဂတ်ကို လင်းလက်စေချင်ရုံသက်သက်
      ငါတို လာခဲ့တယ်

      လူငယ်ဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး
      ခင်ဗျားတိုခေါင်းထဲ မချိမဆန့်ထိုးထည့်ထားတဲ့ မတရားမှုတွေကို ပစ်ချဖို
      ငါတို အတိအကျ လာခဲ့တယ်

      -ကိုသျှား

      Delete
    3. ဖတ်ခဲ့ပါတယ် ခင်ဗျာ

      Delete
  8. Till the end
    Fighting together 💪

    ReplyDelete
  9. ကျန်းမာကြပါ​စေ
    ဘေးကင်းလုံခြုံကြပါ​စေ💙

    ReplyDelete
  10. ကဗျာ​တွေကို ချစ်တယ် တန်ဖိုးထားတယ် ❤❤❤

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. we will trying together,
    our tomorrow brighter than today

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  14. This comment has been removed by the author.

    ReplyDelete
  15. နွေဦး မိုတီ

    ဒီ....ပရက်ရှင် ဝင်လာတိုင်း
    မို....တီပြန်ရဖို့ အတွက်
    က...လစ်ရင်း၊စထွင်းရင်း
    ရေ...ရာတဲ့ လမ်းတစ်ခု ဖောက်ဖို့
    စီ.....တန်းရှေ့ဆက်နေမိတယ်

    နွေအိပ်မက်

    ReplyDelete
  16. လူကြောက်လေး တစ်နေ့ အကုန်သေမှာ မသေခင် လူပီသရတဲ့ ဘဝက ပျော်ဖို့ ကောင်းတယ် 💪💪💪

    ReplyDelete
  17. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 သူငယ်ချင်း ...

    @ မင်းနဲ့ငါ ...
    သူငယ်ချင်းအရင်း
    မင်းကလက်ဖမိုး၊ငါကလက်ဖဝါး
    ငါကခေါင်းဆို၊မင်းကပန်း
    ဒီလမ်းလေးမှာ၊ကွာခြားခဲ့
    မင်းက မှန်တယ်ထင်သလို
    ငါလည်း မမှားခဲ့
    တစ်ရက်ပြီးတစ်ရက် ...
    မင်းနဲ့ငါရပ်တည်ချက် ပိုဆိုးခဲ့
    ဒါပေမယ့် ...
    ငါ့ရပ်တည်ချက်၊ပြည်သူ့အတွက်မို့
    မင်းတစ်နေ့ ...
    နားလည်လာပါလိမ့်မယ် သူငယ်ချင်း။

    🥷 ရန်တွေခွင်းမယ့် စစ်မင်း

    ReplyDelete
  19. victory is in our hands , unity is strength , till the end fight together

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 ဘောမအရူး ...

    @ ပါးစပ်ကျယ်ကျယ်နဲ့ ...
    ကြည့်လည်းရူးကြအုံး
    ရုရှားအနုမြူကို ...
    အမေရိကန်ကလှမ်းပစ်တော့မှ
    ဘောငုံနေတဲ့ပါးစပ်ထဲဝင်သွားမှဖြင့်
    ခံရခက်နေပါအုံးမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  24. တန်ဖိုးထားပြီးဖတ်ပါတယ်

    ReplyDelete
  25. Wheel............dope.🏹🏹🏹

    ReplyDelete
  26. အာ့ဆို..
    နင်လည်း ငါ့ကဗျာ​တော့ ဖတ်ဦးဟ။

    ReplyDelete
  27. Fighting

    Click,click,click.......

    ReplyDelete
  28. စာပဲဖတ်ဖတ်၊ကဗျာပဲဖတ်ဖတ်
    စိတ်နှစ်၍ ဖတ်ပါ၏။

    ReplyDelete
  29. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  30. Wheel............dope.🏹🏹🏹

    ReplyDelete
  31. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  32. Fighting
    Click,click,click.........

    ReplyDelete
  33. Forward ❤️🧡💜🏆

    ReplyDelete

Post a Comment

Popular posts from this blog