ငါတို့...အတူတူ

နောက်ဆုံးတဲ့လား ငါ့ကောင်ရယ်
လူတွေအားလုံးက... မင်းကို
ငိုကြွေးခြင်းနဲ့ နှုတ်ဆက်ကြတော့
ငါနားမလည်နိုင်။

ဘယ်သူကများ ပြောရဲတာလည်း
မင်းတစ်ယောက် မရှိတော့ဘူးရယ်လို့
မင်းကအခုချိန်ထိ 
ငါ့တို့အတွေးထဲမှာ ရယ်ရယ်မောမော။

မနေ့ညကတင်ပဲ 
မင်းကောင်မလေးနဲ့ပြတ် အသည်းကွဲလို့
ငါတို့အတူတူ သောက်ခဲ့ကြသေးတာပဲမဟုတ်လား
မင်းမရှိတော့ဘူးလို့ ဘယ်သူကများပြောရဲတာပါလိမ့်။

ငါတို့အတူတူ...
လောကကြီးကို ဟားတိုက်ရယ်မောကြရဦးမယ်လေ။

ငါတို့အတူတူ...
ကြောင်တောင်တောင်ညတွေမှာ
ကြယ်တွေထိုင်ကြည့်ရင်း စကားတွေပြောကြမယ်။

ငါတို့အတူတူ...
တစ်ယောက်ကို တစ်ယောက်
အားပေးနှစ်သိမ့်ရင်းနဲ့ ငိုကြွေးကြရဦးမယ်။

ငါတို့အတူတူ...
အသည်းကွဲသီချင်းတွေ အတူတူဆိုကြမယ်လေကွာ။
ငါတို့အတူတူလေကွာ...ဟေ့ကောင်ရာ
ငါတို့အတူတူလေကွာ။       ။

စိုး🖤

Comments

  1. we need you help!

    Our country has been plundered by the Junta group. We must save our country. We need you help!

    We have a bright future ahead of us,we have to all the people to get there yet,We need you help!

    Our country is torn apart,we have good leaders who can make our country the best country in Asia, We must save first our good leaders from the evil junta. We need you help!

    Refugees and children in the jungle, our families, they want to go home,they need to go home, get an education, and bring them back.We need you help!

    Our future star young people who will shape the future of our country have to give up everything and take up arms to save our country,Without our future youth, we will not be able to build our country and we must send them back to the right place.We need you help!

    So help, donate, click, our future journey, Our country must save our people ,we need you help!

    ...........❤Htet..........

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. Don`t be down-hearted 💪

    ReplyDelete
  4. ငါတို့အတူတူပါကွာ💪

    ReplyDelete
  5. ရဲဘော်ရဲဘက်တွေဆုံးရှုံးရတဲ့ခံစားချက်
    နာကျင်ရပါတယ်

    ReplyDelete
  6. ငါတို့အတူတူပါကွာ..💪

    ReplyDelete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. ခံစားရင်း....
      စံစားရင်း....
      ရှေ့မှာ‌ရွက်ကြွေတွေနဲ့
      မျက်ရည်ဝဲနေရှာတဲ့
      ကောင်လေးတယောက်ကိုတွေ့ရင်
      တဆိတ်လောက် နှုတ်ဆိတ်ပေးပါဗျာ
      အဲ့လူဟာ ကျနော်ပါဗျ....။

      -လွမ်းနောင်

      Delete
  9. ကျန်းမာကြပါ​စေ
    ဘေးကင်းလုံခြုံကြပါ​စေ💙

    ReplyDelete
  10. ငါတို့​တွေ အတူတူ ......

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. Good, very good.

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. ....အချိန်တန်ရင်ခွဲခွာကြရမှာဘဲဆိုပေမယ့်....အချိန်မကျခင်ကြွေလွင့်ခဲ့ရတဲ့ပန်းလေးတွေအတွက်.....

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. နှိပ်စက်ခံရမှာကြောက်လို့ဖြစ်ဖြစ်
    အသတ်ခံရမှာကြောက်လို့ဖြစ်ဖြစ်
    တိုးတတ်မှုနဲ့ အမှန်တရားဘက်က ရပ်တည်မယ့် လူတွေသာ
    သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာခဲ့ရင်
    လူ့လောကဟာ
    တိရိစ္ဆာန်လောက သာသာလောက်ပဲ
    ရှိနေဦးတော့မှာပေါ့မြိုင်ရယ်..........

    ဗန်းမော်တင်အောင်
    Photo: credit to original

    ReplyDelete
  18. အဆုံးသတ်မဲ့ တိုက်ပွဲတိုင်းအတွက်
    အဆုံးမရှိတဲ့ မျော်လင့်ချက်ပေါင်း များစွာနဲ့
    Click နေတဲ့ Clickers လေးများ

    WE CAN DO ITS !

    ReplyDelete
  19. ငါဒို့ အတူတူ ကြိုးစားရအောင် နင်မကြောက်နဲ့ ညီမ soe🖤

    ReplyDelete
  20. Click for you
    Click for me
    ...
    ...
    Click for clickers

    ReplyDelete
  21. We are the clickers who will never be cold-blooded. 💪

    ReplyDelete
  22. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. 🥷 Love Song 2.

    ReplyDelete
  24. 🥷 သူငယ်ချင်း ...

    @ မင်းနဲ့ငါ ...
    သူငယ်ချင်းအရင်း
    မင်းကလက်ဖမိုး၊ငါကလက်ဖဝါး
    ငါကခေါင်းဆို၊မင်းကပန်း
    ဒီလမ်းလေးမှာ၊ကွာခြားခဲ့
    မင်းက မှန်တယ်ထင်သလို
    ငါလည်း မမှားခဲ့
    တစ်ရက်ပြီးတစ်ရက် ...
    မင်းနဲ့ငါရပ်တည်ချက် ပိုဆိုးခဲ့
    ဒါပေမယ့် ...
    ငါ့ရပ်တည်ချက်၊ပြည်သူ့အတွက်မို့
    မင်းတစ်နေ့ ...
    နားလည်လာပါလိမ့်မယ် သူငယ်ချင်း။

    🥷 ရန်တွေခွင်းမယ့် စစ်မင်း

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete
  26. Replies
    1. နေကောင်းလား

      Delete
    2. ဟုတ်ကဲ့ ကောင်းပါတယ်

      Delete
  27. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  28. 🥷 ဘောမအရူး ...

    @ ပါးစပ်ကျယ်ကျယ်နဲ့ ...
    ကြည့်လည်းရူးကြအုံး
    ရုရှားအနုမြူကို ...
    အမေရိကန်ကလှမ်းပစ်တော့မှ
    ဘောငုံနေတဲ့ပါးစပ်ထဲဝင်သွားမှဖြင့်
    ခံရခက်နေပါအုံးမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  30. 🙂 အချိန် ...

    @ အချိန်ဆိုတာ ...
    ဆွဲထားရင်မကောင်းသလို
    မြန်မြန်လုပ်ဆောင်ရင်လည်း ...
    မှားတတ်ပြန်တဲ့နိယာမ၊

    @ အဲ့ဒီတော့ ...
    လုပ်ဆောင်သူရဲ့အရည်အချင်းနဲ့မှန်ကန်တဲ့
    ဆုံးဖြတ်ချက်အပေါ်တည်မှီပါလိမ့်မယ်၊
    ဒါ့အပြင်အခြေအနေနဲ့အချိန်အခါကို ...
    ပိုင်ပိုင်နိုင်နိုင်သိရပါလိမ့်မယ်၊

    @ ဒီလိုမှမဟုတ်ရင်တော့ ...
    မထင်မှတ်ထားတဲ့ဆုံးရှုံးနစ်နာမှုတွေ
    ဦးဆောင်သူတွေရော ...
    နောက်လိုက်များနဲ့ပြည်သူအားလုံး
    ခံစားရမှုတွေနဲ့ ...
    တစ်သက်လုံး နောင်တရလိမ့်မယ်ဆိုတာ
    သတိချပ်စေချင်ပါတယ်။

    🙂 စေတနာဖြင့်
    စစ်မင်းထက်သာ

    ReplyDelete
  31. Wheel............dope.🏹🏹🏹

    ReplyDelete
  32. အဲဒီစာကိုဖတ်ရ​တော့ Band of Brothers ဆိုတဲ့ ရုပ်ရှင်ကို သတိရမိတယ် 😔
    ဘယ်လိုအ​ခြေ​နေကပဲလာလာ Ground မှာ တိုက်ပွဲအတူတူဝင်​နေကြတဲ့ Comrades ​တွေဟာ တဦးနဲ့ တဦး အသက်​ပေး ချစ်ကြ​လေရဲ့။

    ReplyDelete
    Replies
    1. အချင်းချင်းမမြင်တွေ့ရတဲ့ကလစ်ကာ‌တွေတောင် ဒီလောက်သံယောဇဉ်ရှိကြတာ 😔

      Delete
  33. Fighting
    Click,click,click.........

    ReplyDelete
  34. ငါတို့...........အတူတူ။

    ReplyDelete
  35. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  36. Wheel............dope.🏹🏹🏹

    ReplyDelete
  37. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  38. This comment has been removed by the author.

    ReplyDelete
  39. ငါတိုပြည်သူတွေမအလနဲ.အပေါင်းပါတွေကိုဘာ်လောက်မှုန်းသလဲဆိုတာကိုပြဘို့ကလသ်ကာတို့စာလေးတွေရေးပေးခဲ.ကြပါ

    ReplyDelete

Post a Comment

Popular posts from this blog