အရိပ်စစ်

ကိုယ့်ကိုတန်ဖိုးထားတဲ့ 
အရပ်မှာ ရှင်သန်ပါ

ကိုယ်စွမ်း ဥာဏ်စွမ်း 
ထုတ်ဖော်ခွင့်တွေကြားမှာ 
အသက်ရှူပါ

ရဲဘော်ရဲဘက်စိတ်တွေ
ပေါများတဲ့ အရပ်မှာ 
ခေါင်းချ အိပ်ပါ

စေတနာတွေ သိတဲ့သူတွေကြားမှာ
အပြုံးအစစ်တွေ ပြုံးပြပါ

အတ္တတွေ ရှင်သန်ရာအရပ်မှာ
ရွှေငွေ ဥစ္စာ ဘယ်လောက်ပေါပေါ
ဖြတ်မလျောက်ပါနဲ့

ယုံကြည်ခြင်း လက်တွေကို
မြဲမြဲ ဆုတ်ကိုင်ထားရင်း
သံသရာပါမယ့် ရိုးသားမှုတွေက

မင်းအရိပ်စစ် ဖြစ်ပါစေ။      ။

San Zuren 🌸

Comments

  1. May the future heroes of our country be safe and victorious,I love you all and I pray for your safety.I always try for our heroes and our future.

    ReplyDelete
  2. ကိုယ့်တန်ဖိုးကိုနားလည်တဲ့
    အရပ်ဒေသမှာနေမယ်
    ရဲဘော်ရဲဘက်စိတ်‌တွေပေါများတဲ့
    အရပ်ဒေသမှာ ခေါင်းချမယ်🥰

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. "Some birds aren't meant to be caged."

    ReplyDelete
    Replies
    1. Just 2 bright

      Delete
    2. ငါတို့က စင်ရော်ငှက်တွေပါ
      ဒါပေမယ့် မုန်တိုင်းကို မကြောက်ဘူး

      Delete
    3. This comment has been removed by the author.

      Delete
    4. This comment has been removed by the author.

      Delete
    5. မင်းအိမ်က မဟုတ်လို
      မင်း မကြားသေးတာပါ
      ငိုသံတွေက လမ်းမမှာ…။

      PK(ကျောင်းစောင့်ကြီး)

      Delete
  5. “Fear can hold you prisoner.Hope can set you free.”

    ReplyDelete
  6. "ကိုယ်စွမ်း ဥာဏ်စွမ်း
    ထုတ်ဖော်ခွင့်တွေကြားမှာ
    အသက်ရှူပါ"

    ReplyDelete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  9. This comment has been removed by the author.

    ReplyDelete
  10. အရိပ်ဆိုတာ အလင်းနဲ့ကိုယ်ထည်ရှိမှထွက်ပေါ်လာတာဆိုပေမယ့်အားလုံးဟာမတည်မြဲခြင်းဆိုတဲ့သဘာ၀တရားအောက်မှာပျောက်ကွယ်ပျက်သုဥ်းရစမြဲပါလား....

    ReplyDelete
  11. ဖြစ်သမျှတရားတိုင်းမှာ အ​ကြောင်းရင်းခံရှိပါတယ်။
    ​ကြောင်းကျိုးဆင်ခြင် ဉာဏ်နှင့်မြင်
    စံဝင်နိဗ္ဗူတာ။

    ReplyDelete
  12. All click done by Angel 041.

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. ကိုယ်နိုင်နေပြီဆိုပြီး
    ဂိုးတစ်ဂိုးသွင်းလိုက်တိုင်းအလွန်အကြူးအောင်ပွဲခံမပြကြနဲ့ဦး သားကြီးတို့ရေ။

    ပွဲမပြီးသေးတာကိုသတိပြုပါ။

    ရန်သူအသင်းက ရှုံးလေညစ်လေ လုပ်တက်တဲ့အောက်တန်းစားအသင်းဆိုတာကိုလဲမမေ့ပါနဲ့။

    ReplyDelete
  15. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. အရိပ်စစ်💕

    ReplyDelete
  22. 🏇 သွေး ...

    @ ဗမာစကားပုံတစ်ခုရှိသည် ...
    "ဘေးပြောတာကိုမယုံနဲ့သွေးပြောတာကိုယုံ"
    အမှန်ပင်ဖြစ်သည်၊
    သွေးသားရင်းလောက် ...
    ဘယ်သူမှမကောင်းနိုင်၊သွေးသားရင်းဆို
    သည်မှာ - တိုက်ဖော်တိုက်ဘက်၊တော်လှန်
    ဖော်တော်လှန်ဘက်၊သေဖော်သေဘက်စသည်ဖြင့်၊ "ဘေး"ဆိုသည်မှာဆန့်ကျင်
    ဘက်များပင်ဖြစ်သည်၊သွေးခွဲမည်ခြေထိုး
    မည်၊ ပွဲလန့်လျှင် ဖျာဝင်ခင်းမည်၊ ၊
    ထို့ကြောင့်ထို့ကြောင့် ...
    ကျနော်တို့၏ပြည်သူများ *ရည်ရွယ်ချက်
    ခိုင်မာရမည်၊ *တစ်စိုက်မတ်မတ် အလုပ်လုပ်ရမည်၊ *ညီညီညွတ်ညွတ်တိုင်တိုင်ပင်
    ပင်လုပ်ဆောင်ရမည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  23. ရိုးသားတာဟာ ​ကောင်းပါတယ်
    ဒါ​ပေမယ့်
    ရိုးအ တာ​တော့ မဖြစ်​စေနဲ့။

    ရိုးသားတာဟာ ​ကောင်းပါတယ်
    ဒါ​ပေမယ့်
    ရိုး​ဖြောင့်တာဟာ ပို​ကောင်းတယ်။

    ရိုးသားတာဟာ ​ကောင်းပါတယ်
    ဒါ​ပေမယ့်
    ရိုးရှင်းတာဟာ အ​ကောင်းဆုံးပဲ။

    ReplyDelete
  24. ချစ်စရာလေးတွေပျက်စီးသွားမှာစိုးလို့ဒီမှာဘဲမန့်လိုက်တယ်။😍

    ReplyDelete
  25. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  26. သံသရာပါမယ့် ရိုးသားမှုတွေက
    မင်းအရိပ်စစ် ဖြစ်ပါစေ
    💜

    ReplyDelete
  27. Wheel............dope.🏹🏹🏹

    ReplyDelete
  28. အရိပ်စစ်
    I like this poem.

    ReplyDelete
  29. စေတနာတွေ သိတဲ့သူတွေကြားမှာ
    အပြုံးအစစ်တွေ ပြုံးပြပါ🌧🌳

    ReplyDelete
  30. We Must Win 🏅

    ReplyDelete

Post a Comment

Popular posts from this blog