အသည်းကွဲခဲ့ရတဲ့ ကမ္ဘာ

ကမ္ဘာကြီးဟာ
မုန့်ပုံးတစ်ပုံးဆိုရင်
အားလုံး ပျော်ရွှင်ရမှာပေါ့

ကမ္ဘာကြီးဟာ
အချိုရည်ဘူးတစ်ဘူးဆိုရင်
အားလုံး ပျော်မြူးကြရမှာပေါ့

ခုတော့ ကမ္ဘာကြီးဟာ
အချိန်ကိုက်ဗုံးတစ်လုံး
အားလုံး အသည်းကွဲရပြီပေါ့ ။      ။

လှသန်း

Respect & Credit to Poet Hla Tan

Comments

  1. If you have a good mind for the rest of your life, good luck will come automatically

    ReplyDelete
  2. ခုတော့ ကမ္ဘာကြီးဟာ

    အချိန်ကိုက်ဗုံးတစ်လုံး.....

    ReplyDelete
  3. အားလုံးအသည်းကွဲနေရပြီ

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. ဒီလူသား ဒီလူတွေကြောင့်😔

    ReplyDelete
  6. Replies
    1. “Fear can hold you prisoner.Hope can set you free.

      Delete
    2. တချက်ထဲနဲ့
      သေအောင်ပစ်စေချင်ပါတယ်
      ကျွန်တော်ရပ်လိုက်ပါတော့မယ်
      ငှက်လေးတကောင်ဖြစ်ပါရစေလို
      ကျွန်တော်ဆုတောင်းပြီးတဲ့အခါ
      အားလုံးရပ်လိုက်ပါတော့မယ်

      Delete
    3. စကားလုံးတွေ တိတ်ဆိတ်သွားတယ်ဆိုပေမယ့်လည်း
      ရင်ထဲမှာ ဖော်မြူလာမလိုဘဲ
      အစီအစဉ်လိုက် ထိခိုက်ကွဲနေတဲ့
      ဗုံးတွေမှ အများကြီး …

      ➣လူအ

      Delete
    4. ငါ Clickမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ငါနေ့တိုင်းClickတယ်
      ငါ့နိုင်ငံရဲ့ လူဉီးရေသိန်း ၅၀၀ ကျော်ထဲ
      ငါ့လိုလူမျိုး ၁သိန်းလောက်ရှိဖိုလဲငါမျှော်လင့်တယ်
      တက်နိုင်သလောက်လေး clickကြပါ

      Delete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. Click,လုပ်ပေးတဲ့သူများ ကျေးဇူးပါ
    ဆိုင်ရာကလည်း မှတ်တမ်းတင်ထားပေးပါ

    ReplyDelete
  9. မြန်မာပြည်ကြီးနဲ့တူနေတာ။

    ReplyDelete
  10. ကမ္ဘာကြီးဟာ ချိန်ကိုက်ဗုံးတစ်လုံး

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  12. အကြိမ်ကြိမ် လဲ
    အကြိမ်ကြိမ် ပြန်ထ
    အနာတရတွေ ကျောပိုးရင်း
    သမိုင်းခေတ် တော်လှန်ရေးမှာ
    အရေးပါတဲ့နေရာ မထမ်းဆောင်နိုင်ပေမယ့်
    အရာရောက်တဲ့ တာဝန်တွေ
    မလစ်ဟင်းအောင်
    ကြိုးစားရင်း . . .

    ReplyDelete
  13. တိုင်းပြည် သိပ်နစ်နာ​နေပြီဟာ

    ReplyDelete
  14. ဓားရဲ့တရားဆိုတာ
    ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်
    တော်လှန်ရေးပဲတွေးနေရုံနဲ့ မရ၊
    သွေးအတိုင်း ရဲတက်လာမှ ရမယ်
    မတွေဝေနဲ့တော့
    တော်လှန်ရေးရဲ့စနက်တံဟာ
    ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

    -ကေဇဝင်း

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. ကမ္ဘာကြီးက မုန့်ပုံးပါပဲ
    အချိုတွေစားတာများပြီး
    ရောဂါဖြစ်သွားတာပါ။

    ReplyDelete
    Replies
    1. ဆီးချို​ရောဂါ ဖြစ်​နေပြီလား​ဟေ 😁

      Delete
  17. This comment has been removed by the author.

    ReplyDelete
  18. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🥷 အောက်ခြေ ...

    @ အောက်ခြေသည်လည်း ...
    ခိုင်မာဘို့လိုသည့်အတွက်
    အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်
    အောက်ခြေခိုင်မှ ...
    အပေါ်ထပ်အဆောက်အအုံ
    တည်ဆောက်လို့ရသလို
    အောက်ခြေပိုင်မှ ...
    အပေါ်ထပ်အဆောက်အအုံကြီး
    တည်မြဲပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. This comment has been removed by the author.

    ReplyDelete
  24. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. 💔💔💔💔💔

    ReplyDelete
  27. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  28. ဘယ်ချိန်​ပေါက်ကွဲမလဲ မသိတဲ့ အချိနိကိုက် ဗုံးတစ်လုံး 💣

    ReplyDelete
  29. အသည်းကွဲခဲ့ရတဲ့ ကမ္ဘာ
    W💔💔💔

    ReplyDelete
  30. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog