မင်းတစ်ယောက်တည်းမဟုတ်ဘူး

လောကထောင့်ကျဉ်းထဲမှာ
ခံတွင်းပျက်နေပြီလား 
မင်းတယောက်တည်း မဟုတ်ဘူး
လက်တင်အမေရိက က 
ကချေသည်မ တစ်ယောက်က ပြောတယ်။

"တစ်ဘဝတည်းမှာပဲ
နှစ်ဘဝစာ‌လောက် ဒုက္ခခံခဲ့ရသမို့"
မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့တောင်အာရှက 
တရားမဝင် အလုပ်သမားတစ်ယောက်က ပြောတယ်။

နာကျည်းခံပြင်းမှုတွေကို
အတိအလင်းဖော်ပြရရင် 
မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့ဥရောပက 
ကဗျာဆရာတစ်ယောက်က ပြောတယ်။

"လူလို မနေရတာကြာတော့ 
လူစိတ်ကလည်း ပျောက်လုလု" 
မင်းတစ်ယောက်တည်း မဟုတ်ဘူး
အာဖရိက က 
စားစရာမရှိတဲ့ လူတစ်ယောက်က ပြောတယ်။

"ကောင်းပြီ
ဘယ်သူတွေပါသေးသလဲ"

ခေတ်ကြီးတစ်ခုလုံးပါတယ်
ခေတ်ကြီးတစ်ခုလုံး အဖော်လုပ်ရမှာဆိုတော့
နည်းနည်းတော့ စိတ်ညစ်စရာကောင်းမှာပေါ့

ကဲ ကဖေးတစ်ခုခုမှာ 
ချိန်းတွေ့ရအောင် 

ဂျကာတာက 
ဖက်ရှင်ကဖေးမှာလား 

ဟိုချီမင်းစီးတီးက 
ကွန်ဒွန်ကဖေးမှာလား 

တိုကျိုက 
ဆိုင်ဘာကဖေးမှာလား 

ကွာလာလန်ပူက 
ဟာ့ဒ်ရော့ခ် ကဖေးမှာလား 

ရေငုပ်သင်္ဘောလို နေလို့ မဖြစ်တော့ဘူး တဲ့
အာကာသယာဉ်လို နေမှ ဖြစ်တော့မယ် တဲ့

ယဇ်ပလ္လင်ပေါ်ကို ခေါင်းထိုးတင်လိုက်တဲ့
သိုးတစ်ကောင်က ထအော်တယ် 
မင်းတစ်ယောက်တည်း မဟုတ်ဘူး။ 

နေ့စဉ်နဲ့အမျှ
ကားကြိတ်ခံနေရတဲ့ လမ်းမက ထအော်တယ် 
မင်းတစ်ယောက်တည်း မဟုတ်ဘူး။ 

သွေးစသွေးနနဲ့ တူတဲ့ 
စိန်ပန်းပွင့်တွေက ထအော်တယ် 
မင်းတစ်ယောက်တည်း မဟုတ်ဘူး။ 

မဝေးတော့တဲ့ နွေဦးအတွက်
စုဗူးကို ဖောက်လိုက်ပါတော့
မင်းတစ်ယောက်တည်း မဟုတ်ဘူး။            ။

လှသန်း

Respect Credit to Poet Hla Tan 

Comments

  1. Fly freely until you reach top, but do not forget to climb from the lowest point when you reach top.

    ReplyDelete
  2. လောကထောင့်ကျဉ်းထဲမှာ

    ခံတွင်းပျက်နေပြီလား

    မင်းတယောက်တည်း မဟုတ်ဘူး!!

    ReplyDelete
  3. Till the end
    Fighting together 💪

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. "နေ့စဉ်နဲ့အမျှ ကားကြိတ်ခံနေရတဲ့ လမ်းမက ထအော်တယ်
    မင်းတယောက်တည်း မဟုတ်ဘူး"

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. This comment has been removed by the author.

      Delete
  7. “Fear can hold you prisoner.Hope can set you free.

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. စကားလုံးတွေ တိတ်ဆိတ်သွားတယ်ဆိုပေမယ့်လည်း
    ရင်ထဲမှာ ဖော်မြူလာမလိုဘဲ
    အစီအစဉ်လိုက် ထိခိုက်ကွဲနေတဲ့
    ဗုံးတွေမှ အများကြီး …

    ➣လူအ

    ReplyDelete
  10. လက်တွေ့မပါတဲ့အသိဟာအကျိုးနဲ့တူ၏

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  12. This comment has been removed by the author.

    ReplyDelete
  13. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  14. ကိုယ်ထမင်း ကိုစားပြီး ဂျီတော်နွား အငှားကျောင်းပေးနေသူတွေဟာ ငါတို့ပါပဲ

    ReplyDelete
  15. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 😌 တမ်းချင်း ...

    @ အာဏာပါဝါမရှိတဲ့ ...
    အုပ်ချုပ်ခံပြည်သူတစ်ချို့
    အပြစ်မရှိဘဲ ...
    ထောင်ကျအသက်ပျောက်ခဲ့ပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    ငယ်စဉ်တောင်ကျေး ...
    ခလေးဘဝကစလို့ သူငယ်တန်းအစ
    ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
    ဘာသာအသီးသီး ဆည်းပူးကြတဲ့
    ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
    ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
    အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
    လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
    ဒါတောင် ...
    ၂၀၂၃တဲ့လား ???

    အာဏာပါဝါဆိုတာ ...
    မက်မောရူးတတ်သူအဖို့ အားဆေး
    အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
    ကယ်သူမဲ့ပြည်သူအတွက်တော့ ...
    ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
    ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
    ၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. အတူတူကျော်ဖြတ်ကြမယ်

    ReplyDelete
  21. ကြင်စိုး
    မရိုးတမ်းယုတ်မာ ရက်စက်
    ငရဲအတွက် တိုကင်ယူထားလည်း
    မင်းတစ်​ယောက်ထဲ​တော့ မဟုတ်ဘူး။

    ReplyDelete
  22. ငါတို့အားလုံး တူတူရှိကြမယ်

    ReplyDelete
  23. မင်းတစ်ယောက်တည်း မဟုတ်ဘူ🔊🔊

    ReplyDelete
  24. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  25. Wheel............dope.🏹🏹🏹

    ReplyDelete
  26. Fighting
    Click,click,click...........

    ReplyDelete
  27. "တစ်ဘဝတည်းမှာပဲ
    နှစ်ဘဝစာ‌လောက် ဒုက္ခခံခဲ့ရသမို့"
    မင်းတစ်ယောက်တည်း မဟုတ်ဘူး
    အရှေ့တောင်အာရှက
    တရားမဝင် အလုပ်သမားတစ်ယောက်က ပြောတယ်။

    ReplyDelete
  28. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog