စစ်နဲ့ ငြိမ်းချမ်းရေး

မင်းလည်း  သေနတ်ကိုင်
ငါလည်း  သေနတ်ကိုင်

မင်းကပစ်ရင်  ငါပြန်ပစ်
ငါကပစ်ရင်  မင်းပြန်ပစ်

အဲဒါ  "စစ်"

မင်းလည်း  ပန်းပွင့်ကိုင်
ငါလည်း  ပန်းပွင့်ကိုင်

မင်းကပေါက်ရင်  ငါကောက်မွှေး
ငါကပေါက်ရင်  မင်းကောက်မွှေး

အဲဒါ  "ငြိမ်းချမ်းရေး"

San Zuren🌸

Comments

  1. ..Did you know that in this world.......
    people have their own problems....

    Life with each problems.......

    The difficulties are individual.......

    The benefits of life are not the same.......

    Don't confuse everything with your mind and it will be confusing.........

    Life is uncertain,A life of running like a tortoise, If you can not help it, let it go

    ...........❤Htet...........

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  3. We much stronger

    ReplyDelete
  4. “Fear can hold you prisoner.Hope can set you free.”

    ReplyDelete
    Replies
    1. “Fear can hold you prisoner.Hope can set you free.”

      Delete
    2. ငါတို့က စင်ရော်ငှက်တွေပါ
      ဒါပေမယ့် မုန်တိုင်းကို မကြောက်ဘူး

      Delete
    3. This comment has been removed by the author.

      Delete
    4. အမေ့အိမ်ကိုလဲလွမ်းတယ်
      ကျဆုံးသွားတဲ့ရဲဘော်တွေကိုလွမ်းတယ်
      ကမ္ဘာပျက်နေပြီဆိုတာမင်းသိတယ်
      နိုင်ငံလဲပျက်စီးနိုင်တာထက်ကိုပိုပျက်စီးနေပြီ
      လူငယ်တဲ့...တစ်နိုင်ငံလုံးကိုပုခုံးပေါ်ထမ်းထားရတာ
      အမေ့ကိုလွမ်းချိန်မရဘူး
      အချစ်ရေ...လိုရင်ဖွင့်ငိုချိန်မရဘူး
      ငါ့အသက်ငါဖက်နဲ့ထုတ်ပြီးနိုင်ငံတော်ကိုကာကွယ်နေတာ
      ငါတိုကြွေရင်တိတ်တိတ်လေးပဲ
      မင်းတိုရိူးပွဲလောက်လူမစည်ဘူး....ဒါပေမဲ့
      ငါတိုလူပီသခဲ့တယ်။

      #ပိုင်နေလင်းခန့်

      Delete
    5. ငါ Clickမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ငါနေ့တိုင်းClickတယ်
      ငါ့နိုင်ငံရဲ့ လူဉီးရေသိန်း ၅၀၀ ကျော်ထဲ
      ငါ့လိုလူမျိုး ၁သိန်းလောက်ရှိဖိုလဲငါမျှော်လင့်တယ်
      တက်နိုင်သလောက်လေး clickကြပါ

      Delete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. အချစ်​တွေနဲ့ ကလစ်ကြစို့
    ငါတို့နိုင်ဖို့

    ReplyDelete
  7. အကြိမ်ကြိမ် လဲ
    အကြိမ်ကြိမ် ပြန်ထ
    အနာတရတွေ ကျောပိုးရင်း
    သမိုင်းခေတ် တော်လှန်ရေးမှာ
    အရေးပါတဲ့နေရာ မထမ်းဆောင်နိုင်ပေမယ့်
    အရာရောက်တဲ့ တာဝန်တွေ
    မလစ်ဟင်းအောင်
    ကြိုးစားရင်း . . .

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. စိတ်ဓါတ်ခြင်း အကြိုက်ခြင်း အသက်ရှုတာခြင်း မတူခဲ့ပေမယ့်
    လေထန် လှိုင်းကြမ်းတဲ့အခုလိုအချိန်အခါမျိုးမှာတော့ မတူတာတွေကိုမေ့ထားပြီး......

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ငြိမ်းချမ်ရေးပန်းများ ဖူးပွင့်ဝေပါစေ

    ReplyDelete
  12. June 23 Click ♥

    ReplyDelete
  13. 🙂 ချစ်သော ဧရာဝတီ ...

    @ စိတ်မကောင်းပါဘူး ...
    သူငယ်ချင်းတွေကပြောတယ်
    Feb1ရက်ကစလို့ ...
    နိုင်ငံသား,Gzတွေနဲ့အတူ
    တိုက်ပွဲဝင်ခဲ့ပါတယ်တဲ့၊

    @ CDMတွေအားကောင်းသလို ...
    နေ့တိုင်းလည်း၊ လူပေါင်းစုံထကြွတယ်
    ထောက်ပံ့ရေးအဖွဲ့တွေလည်း၊အဆင်သင့်
    အားနဲ့အင်နဲ့၊ လှုပ်ရှားခဲ့ကြတယ်၊

    @ ဖြိုခွဲခံရတဲ့အချိန်မှာ ...
    ထောက်ပံ့ရေးအဖွဲ့တွေ
    CDMဝန်ထမ်းတွေ၊ Gzတွေ
    လွှတ်တော်ကိုယ်စားလှယ်တွေ
    စဖမ်းခံရတယ်၊

    @ နဂိုကမှ ဧရာဝတီဆိုတာ ...
    ဘာသာရေးကိုင်းရှိုင်းမှုပြင်းထန်တော့
    မဘသတွေများတဲ့ တိုင်းဧရာလေ
    ဒါကိုအခွင့်ကောင်းယူပြီး ...
    ဘာသာရေးမှိုင်းသွင်းခံရတော့
    ဒလန်တွေပေါလာရတယ်တဲ့၊

    @ ရေမြေတောတောင်ကမရှိ ...
    ဒလန်တွေကပေါ၊ ကြားနေတွေများ
    ဟူး ...
    အားနာပါတယ် ဧရာဝတီ
    ဒါးလေးတော့ သွေးထားလိုက်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  15. အချစ်နဲ့စစ်မှာမတရားတာမရှိဘူး

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. 🥷 Sitt Min SaysAugust 2, 2022 at 8:52 PM

    🥷 အမှားနဲ့အမှန် ...

    @ သုံးသပ်ချက် ...
    ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
    သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
    ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
    ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊

    @ အမှားအမှန်ဆုံးဖြတ်ဘို့ ...
    ၁.အချက်အလက်ရှိရမယ်
    ၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
    ၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊

    @ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
    အောင် ...
    ၁.ဒီပြဿနာ အရင်းအမြစ်
    အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
    ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
    ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
    ၂.ဒုတိယအချက် အမှား
    မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
    ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
    သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
    ၃.တတိယအမှား
    ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
    စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
    တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
    ဒါ-တတိယအမှား။
    ၄.စတုတ္ထအမှား
    ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
    ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
    Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
    လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
    က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
    စတုတ္ထအမှား။
    ၅.ပဉ္စမအမှား
    ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
    သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
    ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
    ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
    ရေး ဝိုင်းလုပ်နေကြတာ။

    @ စာရှည်မှာစိုးလို့ ...
    အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
    ၁.မလုပ်သင့်တာ မလုပ်ရဘူး၊
    ၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
    သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
    ရတယ်၊ဆက်မမှားသင့်ဘူး၊
    ၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
    ၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
    ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
    ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
    ၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
    တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
    လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
    ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
    လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
    ရှိရမယ်ဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 သူငယ်ချင်း ...

    @ မင်းနဲ့ငါ ...
    သူငယ်ချင်းအရင်း
    မင်းကလက်ဖမိုး၊ငါကလက်ဖဝါး
    ငါကခေါင်းဆို၊မင်းကပန်း
    ဒီလမ်းလေးမှာ၊ကွာခြားခဲ့
    မင်းက မှန်တယ်ထင်သလို
    ငါလည်း မမှားခဲ့
    တစ်ရက်ပြီးတစ်ရက် ...
    မင်းနဲ့ငါရပ်တည်ချက် ပိုဆိုးခဲ့
    ဒါပေမယ့် ...
    ငါ့ရပ်တည်ချက်၊ပြည်သူ့အတွက်မို့
    မင်းတစ်နေ့ ...
    နားလည်လာပါလိမ့်မယ် သူငယ်ချင်း။

    🥷 ရန်တွေခွင်းမယ့် စစ်မင်း

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. C2D မှာလည်း ဖတ်လိုက်ရတယ်
    ရေးတတ်လိုက်တာ
    ကျေးဇူးပါ ဖတ်ခွင့်ရလို့🤍🌸

    ReplyDelete
  21. တစ် ... နေရာယူ
    နှစ် ... အသင့်ပြင်
    သုံး ..... ကျည်ဆန်ထဲ့
    လေး ... မောင်းချိန်
    ငါး ... ပစ်နိုင်ပြီ ဆိုတာ
    ကလေးဘဝ ကစားချိန်ပဲ
    ပျော်စရာကောင်းခဲ့မိတာ

    ဒီလိုအချိန်မှာ ဒီလိုအသံတွေ
    တိတ်ဆိတ်ပါစေသား ။

    ReplyDelete
  22. 🥷. အပေးအယူ ...

    @ လူ့လောကမှာ ...
    သာပေါင်းညာစားတွေများနေသလို
    သာကူးတွေလည်းများလာတယ်
    ဘယ်အရာမှ ...
    အလကားမရဘူးဆိုတာလည်း
    ခေတ်စားလာတယ်
    အမှန်ပြောရရင်တော့ ...
    အပေးအယူတစ်ခေတ်လို့
    ဆိုရတော့မယ်ထင်တယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  23. ငြိမ်းချမ်း​ရေးအတွက်ဆိုတာ
    မျက်နှာစုံညီ စည်း​ဝေးလို့
    ကိ​လေသာ အတိုးအ​လျှော့ကို
    ညှိယူရတယ်။
    စစ်​ရေးဆိုတာ​က​တော့
    ရုပ်နာမ်​တွေ အချင်းချင်းသတ်
    ကိ​လေသာ မရပ်​လေတာမို့
    သတ်လို့ကို မဆုံးနိုင်ဘူး​ပေါ့။

    ReplyDelete
  24. Wheel............dope.🏹🏹🏹

    ReplyDelete
  25. 🏇 ဗျူဟာ ...

    @ ဗျူဟာဆိုတာ ...

    ၁.စိတ်ဓါတ် ...
    အောင်စိတ်မွေးပြီး၊အောင်နိုင်ရေးကိုဦး
    တည်လို့ ခိုင်ခိုင်မာမာယုံကြည်ချက်နဲ့ဘက်
    ပေါင်းစုံက တိုက်ခိုက်ရမယ်၊
    ၂.စုစည်းခြင်း ...
    ဦးတည်ချက်တူရာ၊တစ်ဦးချင်း တစ်ဖွဲ့
    ချင်း၊တစ်စုချင်း ကွဲမနေဘဲ၊ကျစ်လစ်ခိုင်မာ
    စွာဖွဲ့စည်းပြီး တိုက်ခိုက်ရမယ်၊
    ၃.စုဆောင်းခြင်း ...
    တိုက်ခိုက်ရေးအတွက်၊လိုအပ်တဲ့ လူ၊
    ရိက္ခာ၊လက်နက်၊ဆေးဝါးစသည်တို့ကို ရနိုင်
    တဲ့ အဘက်ဘက်က စုဆောင်းရမယ်၊
    ၄.အကူအညီ ...
    ဘက်စုံထောင့်စုံကတွေးပြီး၊ ပြည်သူ
    ခရိုနီ၊ပြည်ပရောက်နိုင်ငံသားများ၊နိုင်ငံခြား
    တိုင်းပြည်မှ အပေးအယူအကူအညီများကို
    တတ်နိုင်သလောက်ရယူရမယ်၊
    ၅.မှန်ကန်မှု့နဲ့မြန်ဆန်မှု့ ...
    တော်လှန်ရေးဦးတည်ချက်ကို မည်သည့်
    အကြောင်းအရာနဲ့မျှ မတွန့်ဆုတ်ဘဲ၊ မှန်မှန်
    ကန်ကန်နဲ့မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရ
    မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  26. အမြန်ငြိမ်းချမ်းချင်ပြီ

    ReplyDelete
  27. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  28. အချိန်​တွေ မဆွဲ​​စေချင်ဘူး

    ReplyDelete
  29. Fighting
    Click,click,click............

    ReplyDelete

Post a Comment

Popular posts from this blog