မျက်ရည်အားအင်

ညကမှောင်မိုက်လွန်းလှတယ်
လအပေါ်ကိုလည်း တိမ်စိုင်တွေ အုပ်မိုးလို့ထားတယ်
တရွေ့ရွေ့ပြေးနေကြတဲ့ တိမ်တိုက်တွေကလည်း    
လွမ်းဆွေးစရာကောင်းပြန်တယ်  
ကောင်းကင်တစ်ခုလုံး မည်းမှောင်လို့နေတယ်။

တိမ်စိုင်တချို့ဟာ ဆိုလျှင်များ 
လူအရိုးစုပုံစံနဲ့တောင် တူများတူလိုက်ပါပေတယ်။

ကြယ်တွေအကြောင်းလား မမေးပါနဲ့တော့ဗျာ 
သိပ်ကို ရင်နာစရာကောင်းတယ်
ဓူဝံကြယ်ဟူသည် မှေးမှိန်ရိုးထုံးစံမရှိ။ 

တိမ်ဘယ်လောက် အုပ်စိုင်း အုံ့မှိုင်း
တစ်ရေးနိုးထကြည့်တောင်
အဆုံးမရှိ လင်းလက်မယ့်ကြယ်၊ 

ပြောစရာစကားလုံးအစအန ရှာမရလောက်အောင်  
ဗလောင်ဆူလွန်းလှတဲ့ ဒီရင်
တဆစ်ဆစ်နဲ့နာကျင်လွန်းရတဲ့ ဒီအသည်းတစ်စုံ၊ 

စက္ကူခပ်ပါးပါးတစ်ရွက်ပေါ်ကျတဲ့ မျက်ရည်  
ကဗျာတစ်ပုဒ်နဲ့ပဲ သုတ်လိုက်ချင်ပါတယ်
ညအမှောင်ထဲမှာ ကြယ်ရောင်တဖျဖျနဲ့၊

လမ်းပျောက်တဲ့ငါဆိုသည်မှာ 
ရှေ့ဆက်လျှောက်ဖို့  အားအင်သစ်တစ်ခုရပြန်ပြီ။      ။ 

ThaeNu

Comments

  1. Till the end
    Fighting together 💪

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
    Replies
    1. Fear can hold you prisoner.Hope can set you free."

      Delete
    2. This comment has been removed by the author.

      Delete
    3. This comment has been removed by the author.

      Delete
  3. This comment has been removed by the author.

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. Done by angel 041.

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. 🙂 လူငယ်နှင့်အနာဂါတ် ...

    @ အဘိုးအဖွားလက်ထက် ...
    ဒီအာဏာရှင်စံနစ်ဆိုးကြောင့်
    အသက်တွေပျောက်၊ဒုက္ခရောက်ခဲ့ပြီ၊
    ဖေဖေမေမေလက်ထက်လည်း ...
    ဒီအာဏာရှင်လူတစ်စုကြောင့်
    မိသားစုမစုံ၊အဖုံဖုံသောကဝေခဲ့ပြီ၊
    သူတို့လက်ထက် ...
    လက်နက်မဲ့နဲ့၊အတတ်နိုင်ဆုံး
    တော်လှန်ခဲ့ပြီးပြီ၊
    ငါတို့လက်ထက် ...
    တာဝန်ဆက်လို့၊ပုခုံးထက်မှာ
    ခေတ်အဆက်ဆက်ဒီစံနစ်ဆိုးနဲ့
    ဒီအာဏာရှင်လူတစ်စုကို၊အမြစ်ဖြတ်ဘို့
    ကျန်ခဲ့နေပြီကျန်လေပြီ၊
    အမြစ်ကစ ...
    သမိုင်းသစ်ဘို့၊ဒို့တွန်းလှန်စို့။

    စစ်မင်းထက်သာ

    ReplyDelete
  9. ....မျက်ရည်ဆိုတာ .....စိတ်ရဲ့
    ... ထွက်ပေါက်တစ်ခုပေါ့.......

    ReplyDelete
  10. 🥷 အတွဲလိုက် ...

    @ တစ်ခါတစ်လေ ...
    စောက်သဲပေါက်တယ်
    ငြိမ်နေတာ အကောင်းမထင်နဲ့
    မင်းတို့ကို နဲနဲမှမကြောက်တာ
    ဂွင်မမိသေးလို့ စောင့်နေတာ
    အတွဲလိုက်လာမယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. အလွမ်းမိုးပေါ့

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. 🥷 အရိပ် ...

    @ အတွေးဆိုတာ ...
    အရိပ်တစ်ခုလိုပါဘဲ
    အလင်းရောင်လေးပျောက်သွားခဲ့ရင်
    အရိပ်ဆိုတာလေးလည်း ...
    ရှိတော့မှာမဟုတ်ပါဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. ʕ⁠´⁠•⁠ ⁠ᴥ⁠•̥⁠`⁠ʔ

    ReplyDelete
  16. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  17. Wheel............dope.🏹🏹🏹

    ReplyDelete
  18. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  19. လမ်းပျောက်တဲ့ငါဆိုသည်မှာ
    ရှေ့ဆက်လျှောက်ဖို့ အားအင်သစ်တစ်ခုရပြန်ပြီ။ 🍀

    ReplyDelete
    Replies
    1. ရရင် ဆက်​လျှောက် 🌧🌳

      Delete
  20. Fighting
    Click,click,click.........

    ReplyDelete
  21. Fighting
    Click,click,click..........

    ReplyDelete
  22. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  23. Fighting
    Click,click,click.......

    ReplyDelete
  24. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  25. Fighting
    Click,vlick,click.........

    ReplyDelete
    Replies
    1. Click ရေးတာပါ။
      တောင်းပန်ပါသည်။

      Delete

Post a Comment

Popular posts from this blog