အို...ဘယ့် ကလေးငယ်

ခရစ္စမတ်သီချင်းသံတွေ နေရာမှာ
လေယာဉ်ပျံသံတွေ ဗုံးသံတွေ 
နားနှစ်ဖက်နဲ့ပြည့်လျှံနေအောင်   

အဘယ်ကြောင့်များ 
အစားထိုးဝင်ရောက်ရသလဲကွယ်
ဪ....တယ်လည်းရက်စက်ပါပေ့

ကွင်းပြင်ကြီးရဲ့တစ်နေရာမှာ
အကာဆိုတာမဲ့ ကွယ်ရာဆိုတာဗလာနတ္ထိ
အအေးဒဏ်ကို လက်ခမောင်းခတ်
မေးငေါ့ စိန်ခေါ်လိုက်တဲ့ ကလေးငယ်ဆီက
ညည်းညူသံ တစ်ချက်မကြားရ

အိမ်ကိုလွမ်းသော်လည်း  
လွမ်းစရာတစ်ခုတည်းသော အိမ်ဆိုတဲ့အရာ 
ဘယ်ဆီဘယ်ကို မျောလွင့်သွားတယ်ဆိုတာ
အဖြေရှာမရဖြစ်နေတုန်းဆဲဆဲမှာပဲ

ရယ်သံသဲ့သဲ့လေးတစ်ချက်
ထိုရယ်သံရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ
ငိုကြွေးခြင်းတွေ ဘယ်လောက်များ များနေမလဲ
တွေးရင်း မျက်ရည်ကျရပါတယ်
အို....ဘယ့်ကလေးငယ်

ThaeNu

Comments

  1. May the future heroes of our country be safe and victorious,I love you all and I pray for your safety.I always try for our heroes and our future.

    ReplyDelete
  2. အနာဂတ်မျိုးဆက်သစ်တို့အတွက်
    ကြိုးစားပေးကြမယ် 💪💪💪

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

      *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

      ~ There are no unsuccessful things which are done with strong desire and effort ~

      Delete
  4. "Some birds aren't meant to be caged."

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. အိုဘယ့်တေးမြုံငှက်

      Delete
    3. This comment has been removed by the author.

      Delete
  5. အားတင်းထားဦး ကလေးငယ်ငယ်

    ReplyDelete
  6. ခလေးတွေပြုံးနေတာပဲ မြင်ချင်တယ်🥺

    ReplyDelete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  9. ဘာမှကို​ရေးလို့မရ​အောင်ခံစားရတယ်က​လေးငယ်​တွေဘဝဘယ်လိုများ​နေရစားရသလဲ

    ReplyDelete
  10. အားတင်းထားပါ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. အနာဂါတ်မဲ့တဲ့စတေးခံဘ၀တွေအတွက်စာနာနားလည်မှုဆိုတဲ့စကားလုံးကလက်တွေ့ဘ၀တွေကိုနှစ်သိမ့်မှုမပေးနိုင်တာကိုသိခဲ့တဲ့နောက်........

    ReplyDelete
  13. ရှင်သန်လွတ်လပ်တဲ့ က​လေးတို့ အနာဂါတ်အတွက် ကလစ်တချက်

    ReplyDelete
  14. Click done Angel 041.

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  18. အိုဘယ့် ကလေးငယ်

    ReplyDelete
  19. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 Love Song 2.

    ReplyDelete
  21. This comment has been removed by the author.

    ReplyDelete
  22. 🏇 သွေး ...

    @ ဗမာစကားပုံတစ်ခုရှိသည် ...
    "ဘေးပြောတာကိုမယုံနဲ့သွေးပြောတာကိုယုံ"
    အမှန်ပင်ဖြစ်သည်၊
    သွေးသားရင်းလောက် ...
    ဘယ်သူမှမကောင်းနိုင်၊သွေးသားရင်းဆို
    သည်မှာ - တိုက်ဖော်တိုက်ဘက်၊တော်လှန်
    ဖော်တော်လှန်ဘက်၊သေဖော်သေဘက်စသည်ဖြင့်၊ "ဘေး"ဆိုသည်မှာဆန့်ကျင်
    ဘက်များပင်ဖြစ်သည်၊သွေးခွဲမည်ခြေထိုး
    မည်၊ ပွဲလန့်လျှင် ဖျာဝင်ခင်းမည်၊ ၊
    ထို့ကြောင့်ထို့ကြောင့် ...
    ကျနော်တို့၏ပြည်သူများ *ရည်ရွယ်ချက်
    ခိုင်မာရမည်၊ *တစ်စိုက်မတ်မတ် အလုပ်လုပ်ရမည်၊ *ညီညီညွတ်ညွတ်တိုင်တိုင်ပင်
    ပင်လုပ်ဆောင်ရမည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  23. စွန်း​တွေ လမ်း​ပျောက်တယ်လို့ ငါတို့ ​ပြောခဲ့ကြတာ​တွေဟာ တကယ် ဖြစ်လာခဲ့တယ်။
    ​​နောင်ဆို ငါတို့စကား​တွေ သတိထားကြရမယ်။

    ReplyDelete
  24. Wheel............dope.🏹🏹🏹

    ReplyDelete
  25. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  26. အိမ်🏡

    ReplyDelete
  27. Wheel............dope.🏹🏹🏹

    ReplyDelete
  28. God Bless You 🧡❤️💛💚💙🤎🤍🖤💜

    ReplyDelete

Post a Comment

Popular posts from this blog