ဒဏ်ရာ

နေ့တစ်နေ့ရဲ့ညနေတိုင်း
ငါတို့တွေ လွမ်းနေရတာပဲမလား။

ငါတို့ဟာ ငါတို့ရဲ့အမှန်တရားအတွက်
အနာဂတ်တွေ စတေးခဲ့ရ
နှောင်ကြိုးတွေ ချိုးဖျက်ခဲ့ရ
အိပ်မက်တွေ မြောင်းထဲပစ်ချပြီး
ငါတို့ယုံကြည်ရာကို လျှောက်ခဲ့ကြတာပဲ။

တစ်ခါတလေ ငါတို့ရဲ့
အနာဟောင်းက တဆတ်ဆတ်နာလျက်
တဆတ်ဆတ်နာ သွေးမထွက်ပေမဲ့။

အတွင်းဒဏ်ရာမို့ ပိုနာကျင်ရတယ်
အတွင်းဒဏ်ရာ ဖြေလျော့ဖို့
ဆေးပေါ့လိပ်ဖွာတယ်
ကဗျာတွေရွတ်တယ်
တပြည်သူမရွှေထား သီချင်းကြီးနဲ့
မျက်ရည်ကျခဲ့ရတာပဲ။

သေခြင်းတရားကိုတောင် 
လက်ပိုက်ကြည့်နေရက်တဲ့ ကောင်တွေက 
အသည်းကွဲတော့ မျက်ရည်တွေကျလို့။     ။

Zeus

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  2. 😡 စောက်သဲပေါက်လို့ ...

    # NUG,CRPHမှာ တာဝန်ရှိလာပြီ ...

    # Credit !
    မဖြေတဲ့သူပဲ ကျတဲ့စာမေးပွဲကို
    ဘာတွေဂုဏ်ဆာနေကြတာလဲ 😆😆
    အမှတ်နည်းလဲ စိတ်မကောင်းမဖြစ်နဲ့
    ဆေးကျောင်းက အမှတ်မလိုဘူးတက်လို့ရတယ်
    တစ်ခုပဲ ဘယ်နှစ်ခုနစ်က ဆယ်တန်းအောင်တာလဲ ဘယ်နှစ်ခုနစ်မှာ ဆေးကျောင်းတက်တာလဲ
    မေးရင်သာ လိပ်ပြာလုံလုံ ဖြေနိုင်ကြပါစေ 😊

    # နိုင်ငံတော်ကြီး ...
    သနားပါတယ်ဗျာ
    အရာရာ၊တစ်စစီတစ်စစီ
    ပျက်စီးသွားပြီ
    # အရည်အချင်းမပြည့်တဲ့ မအလနဲ့
    အရည်အချင်းမရှိတဲ့ ကျောင်းသားတွေနဲ့
    တွေ့ကြပြီပေါ့ 😃🤪😃🤪😃🤪😃🤪

    စစ်မင်းထက်သာ

    ReplyDelete
  3. .... ဒဏ်ရာတွေက သင့်ကိုသန်မာရဲရင့်စေပါ၏......

    ReplyDelete
  4. ယုံကြည်ရာကို လျှောက်ခဲ့ကြတာပါ
    ခုချိန်မှာတော့ မချိပြုံးလေးနဲ့ပဲ
    ဖြေသိမ့်ကာ အားတင်းနေရတယ်

    ReplyDelete
    Replies
    1. မကြာခင် အောင်နိုင်သူရဲ့ အပြုံးမျိုး ပြုံးနိုင်မယ်လို့
      ယုံကြည်လျှက်

      Delete
    2. မကြာတော့ပါဘူးအစ်မရေ
      ကျန်းမာဘေးးကင်းအောငိနေပေးပါဗျ💪💪

      Delete
    3. ဟုတ်ကဲ့ပါ
      🤜🤛

      Delete
    4. မကြာတော့ပါဘူးပြောခဲ့တာတောင်6လကျော်ခဲ့ပြီ😅

      Delete
    5. ဒီလိုပဲပေါ့နော့🤭

      Delete
    6. ဒီလိုပါပဲအေ 🕊️

      Delete
    7. ဟိုလိုဟုတ်ဘူးလား🤭

      Delete
    8. အင်းးးး
      ဟိုလို ဒီလို
      ဘိုပြောရပါ့ 😄

      Delete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. အားတင်းထားပါ ညီကိုတို့ရေ။

    ReplyDelete
  7. အ​မေအိုကြီးကို မကယ်နိုင်တဲ့ ငါတို့ဘဝ
    အသက်​သွေး​တွေ ​ခြွေချ​နေရတာကို လက်သီးဆုတ် အံကြိတ်​နေရ
    ကြယ်​ကြွေရင် ဆု​တောင်းဖို့​နေ​နေသာသာ
    ခဏခဏ ငိုချင်းချ​နေရတယ်။

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  9. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  10. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  11. 🙂 မတူပါဘူး ...

    @ ကြောက်တတ်တာနဲ့ ...
    တာဝန်မဲ့တတ်တာ မတူပါဘူး
    ကိုယ်လုပ်မှကိုယ်စားရတာနဲ့ ...
    ရေသာခိုအချောင်လိုက်တာ မတူပါဘူး
    ဘာသာရေးစည်းရိုးထိုးတာနဲ့ ...
    ကိုယ်ချင်းစာတရားမထားတာ မတူပါဘူး
    အဖွဲ့အစည်းတစ်ခုချစ်တာနဲ့ ...
    တိုင်းသူပြည်သားကိုချစ်တာ မတူပါဘူး
    ဘာသာတရားသက်ဝင်ယုံကြည်မှုနဲ့ ...
    မနာလိုအကြမ်းဖက်တာ မတူပါဘူး
    ဘာသာတရားပျောက်မှာစိုးတာနဲ့ ...
    အဓမ္မဘက်စုံလုံးမှိတ်လိုက်တာ မတူပါဘူး။

    စစ်မင်းထက်သာ

    ReplyDelete
  12. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
    Replies
    1. သေခြင်းကို
      အခန်းကျဉ်း ထောင့်တစ်ထောင့်မှာ
      ငြိမ်ငြိမ်လေးတောင့်ထားကြ
      မိခင်ဝမ်းက ကျွတ်တာကြာပြီ မိုလား

      အောင်ချိမ့်

      Delete
  14. 🥷 ကျွန်ုပ်၏ယုံကြည်ချက် ...

    @ ရှေ့မှဦးဆောင် ...
    တိုက်ပေးမယ့်သူရှိလာလျှင်
    နောက်မှလိုက်မယ့် ...
    ဒါးသွေးစောင့်နေတဲ့သူ
    မြို့အနှံ့နယ်အနှံ့မှပြည်သူ
    အများကြီးရှိနေပြီလို့ ...
    ကျွန်ုပ်ယုံကြည်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. အတွင်းဒဏ်ရာမို့ပိုနာကျင်ရတယ်

    ReplyDelete
  18. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  19. Wheel............dope.🏹🏹🏹

    ReplyDelete
  20. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  21. ​တွေးမိတိုင်း တစ်ဆစ်ဆစ်နာ

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. This comment has been removed by the author.

    ReplyDelete

Post a Comment

Popular posts from this blog