နေရာ

သူ ခြေတစ်လှမ်းဆို 
ငါလည်း ခြေတစ်လှမ်း
သူ့ထက် ငါ အပြိုင်အဆိုင်  
လုကြယက်ကြနဲ့။ 

ကမ္ဘာကြီးမီးလောင် 
သားကောင်ချနင်း
ဘယ်သူသေသေ 
ငတေမာရင်ပြီးရော လူတစ်စုက  
ပြိုင်ကြဆိုင်ကြလေတော့
သုဿန်နယ်တောင် ချဲ့ရမယ့်အဖြစ်
ငါတို့တော့ရင်လေးပါဘိ။ 
တကယ်တမ်း လူ့ဘဝကြီးထဲက 
ထွက်ခွာသွားရတဲ့အခါ
ခြောက်ပေသုံးပေ 
ကတုတ်ကျင်းတစ်နေရာသာ။ 

နေရာတစ်ခုအတွက်နဲ့
ဖခင်အရင်းကိုတောင် ပြန်သတ်တဲ့သား
လက်ညိုးညွှန်ရာ သွေးအိုင်ဖြစ်ဖို့
ပါးစပ်ပြောလေးသာရယ်
ရင်းလိုက်ရတဲ့ အသက်ပေါင်းများစွာဆိုတာ 
အုံလိုက်ကျင်းလိုက်။ 

ဒါတွေကို သူတို့ဂရုမစိုက်
နေရာတစ်ခုအတွက်  
သတ်ဖြတ်ရေးရာ မူဝါဒကိုသာ
လက်ကိုင်စွဲကြတယ်
ငါတို့လက်ထက် အမြစ်ဖြတ်လို့
ပေးအပ်တာဝန် ကျေပွန်စွာထမ်းရွက်ကြမဟဲ့....

ဒီတော်လှန်ရေး ဆုံးခန်းတိုင်မှ
ငါတို့စိတ်ဝိညာဉ် လွတ်ငြိမ်းနိုင်မယ်လေ။       ။ 

ThaeNu
23 June 2022 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. Thae yah💪💪💪💪bar

    ReplyDelete
  3. Be safe and healthy our heros

    ReplyDelete
  4. စစ်ကျွန်ဘ၀ကို အဆုံးသတ်ကြစို့

    ReplyDelete
  5. လူငယ်ဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး
    ခင်ဗျားတိုခေါင်းထဲ မချိမဆန့်ထိုးထည့်ထားတဲ့ မတရားမှုတွေကို ပစ်ချဖို
    ငါတို အတိအကျ လာခဲ့တယ်

    -ကိုသျှား

    ReplyDelete
    Replies
    1. ဒါပေမယ့် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
      အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။

      ယောက်ျားပဲ ဒါပေမယ့် အဆင်ပြေချင်မှ ပြေလိမ့်မယ်။
      ယောက်ျားကြီးများလဲ အဆင်မပြေပါဘူး။

      အဆင်မပြေဘူးလေ
      အဆင်မှ မပြေတာ
      ဘယ်လိုလုပ်မလဲ။

      အောင်ချိမ့်

      Delete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. " ဒီတော်လှန်ရေး ဆုံးခန်းတိုင်မှ ငါတို့စိတ်ဝိညာဉ် လွတ်ငြိမ်းနိုင်မယ်လေ" သိပ်မှန်တဲ့ စာသားလေးပါပဲ။

    ReplyDelete
  8. We will never give up. We will fight to the end

    ReplyDelete
  9. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  10. 🥷 လိပ်ပြာလုံပါစေ ...

    @ နီးနေပြီ ...
    လာချင်ရင်ပေါ့
    ‌ ဝေးနေတယ် ...
    ဆင်ခြေဆင်လက်ပေါ့
    မလုံခြုံဘူး ...
    ကြောက်နေရင်တော့
    မထူးပါဘူး ...
    အရူးချီပန်းပေါ့တော့တော့
    ဒါပေမယ့် ...
    ပြန်ဆုံတဲ့တစ်နေ့
    မင်းလိပ်ပြာလုံပါစေ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🥷 Love Song 2.

    ReplyDelete
  12. 🥷 ရွှေမြို့တော် ...

    မိမိကိုယ်မိမိ ...
    ဂုဏ်ယူရမှာဖြစ်သလို
    ညီညီညွတ်ညွတ်နဲ့ ...
    မြို့တော်တွေဆီသို့
    တက်လှမ်းနိုင်ဘို့လည်း
    လိုပါတယ်။

    🥷 Fighting!
    စစ်မင်းထက်သာ

    ReplyDelete
  13. တကယ်တမ်း လူ့ဘဝကြီးထဲက
    ထွက်ခွာသွားရတဲ့အခါ
    ခြောက်ပေသုံးပေ
    ကတုတ်ကျင်းတစ်နေရာသာ။

    ReplyDelete
  14. ကိုယ့်နေရာ ကိုယ်မသိတဲ့သူတွေကြောင့်.....
    နေရာတွေ ဘ၀တွေ အသက်တွေ ပျောက်ပျက်ခဲ့ရတဲ့သူတွေအတွက်
    ငါတို့ အဆုံးတိုင်...........

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. အဆင်ပြေမနေပါဘူးလေ

    ReplyDelete
  18. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  19. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  20. ဘာမှကို အဆင်​ပြေမ​နေဘူး။
    အမြန်ဆုံး အမြစ်ဖြတ်ချင်ပြီ။

    ReplyDelete
  21. Done 💪💪💪

    ReplyDelete
  22. Fighting
    Click,click,click.......

    ReplyDelete
  23. လူတစ်ကိုယ်စာ မြေ မည်မျှလို

    ReplyDelete
  24. Wheel............dope.🏹🏹🏹

    ReplyDelete
  25. ငါတို့ စိတ် ဝိဉာဉ်တွေ
    လွတ်ငြိမ်းရဖို့
    ကလစ် ကလစ်ကြစို့။

    ReplyDelete
  26. Fighting
    Click,click,click..........

    ReplyDelete

Post a Comment

Popular posts from this blog