ကဗျာဆိုတာ

ကဗျာဆိုတာ
လူ့ စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ
လူ့ နှလုံးသားရဲ့ ခုန်လှုပ်သံ
လူ့ စိတ်ဓာတ်ရဲ့ မြည်ဟီးသံ
လူ့ မျှော်လင့်ချက်ရဲ့ သီကျူးသံ
ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။     ။

အောင်ဆန်းဆုကြည်

 

Comments

  1. Miss you and love you mom be safe and healthy freedom of fear.

    ReplyDelete
  2. Replies
    1. May your day be blessed with love and luck.
      💕🍀

      Delete
  3. တခါတရံ မတန်တဆ နာကျဉ်းမှု့ရဲ့ ဖွင့်အံသံ

    ReplyDelete
  4. 😘😘💜💜💜

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. "ကျမတို့ရဲ့ ရုန်းကန်သံ"..............

    ReplyDelete
  7. ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်......
    မယုတ်မလွန်တဲ့ကြိုးစားမှုတော့စိုက်ရမယ်......
    နတ်စီတဲ့အိပ်မက်လှလှများလွယ်လွယ်နဲ့မရ......

    ReplyDelete
  8. 🍁🍁🍁take care 🧡

    ReplyDelete
  9. I missing my mom,thank you so much admin
    God bless you.🙏
    May be God bless you and Democarcy people🙏

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့

    Sitt Min Htettar

    ReplyDelete
  12. ကဗျာသံကြားတာနဲ့စစ်မိစ္ဆာတွေကြောက်လန့်နေစေရမယ်

    ReplyDelete
  13. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  14. ကျန်းမာပါစေ အမေ 🙏

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  16. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🙂 ပရဝဏ် ...

    @ လူမှန်ရင် ...
    မိမိရဲ့ပရဝဏ်
    မိမိ မိသားစုပရဝဏ်
    မိမိ ပတ်ဝန်းကျင်ရဲ့ပရဝဏ်
    မိမိလူမျိုးမိမိနိုင်ငံရဲ့ပရဝဏ်ဆိုတာရှိတယ်
    အဓိကကတော့ ...
    လူလို အမှားအမှန်ချင့်ချိန်ပြီး
    လူ့တာဝန်ကျေဘို့တော့လိုလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  21. ကဗျာဆိုတာ
    တုန်ရီလှုပ်ရှား ရင်ခုန်သံ
    ​တေးသွားလှပ ချစ်​တေးသံ
    ​ညင်သာရိုက်ခတ် ဆည်းလည်းသံ
    နာကျင်​ခံခက် အံကြိတ်သံ
    ပူ​ဆွေးကွဲအက် ​ကြေမွသံ
    ​မြိုသိပ်​မုန်းတီး တောက်​ခေါက်သံ

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. 🥷 လူဆိုရင် ...

    @ လူဆိုရင် ...
    လူလိုအသိနဲ့လူလိုကျင့်ပါ
    လူလိုအမှားအမှန်ပိုင်းခြားပြီး
    လူလိုကိုယ်ချင်းစာတရားနဲ့ ...
    လူတွေကိုကယ်တင်ပေးပါ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  24. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  25. ကျွန်မ​တို့ရဲ့ရုန်းကန်သံ......

    ReplyDelete
  26. ကျွန်မတို့ရဲ့ ရုန်းကန်သံ

    ReplyDelete
  27. ကျွန်မတို့ရုန်းကံသံပဲ

    ReplyDelete
  28. ကျန်းမာပါစေအမေ။

    ReplyDelete
  29. ကျမတို့ရုန်းကံသံပါ

    ReplyDelete
  30. ကဗျာဆိုတာ.....

    ReplyDelete

Post a Comment

Popular posts from this blog