သူငယ်ချင်းထံပေးစာ (၃)

သူငယ်ချင်းရေ
တော်လှန်ရေး ဆိုတာဖြင့်
ကိုယ်ထူ ကိုယ်ထ
ကိုယ်ထဖို့ ကိုယ်ထူရတာပဲ။

သူငယ်ချင်းရေ
တော်လှန်ရေးမှာ တောင်ဝှေးမရှိစကောင်း
ကိုယ့်အလောင်းကိုယ်လည်း သရဏဂုံတင်တန်တင်ရ
အားလုံးဟာ ဖိုးသူတော်တွေ။

သူငယ်ချင်းရေ
နယ်ဆင်မန်ဒဲလားက ဖိုးသူတော်ဆို
သူ့ပြည်သူတွေက ဖိုးသူတော်၊
နယ်ဆင်မန်ဒဲလားက တောင်ဝှေးဆိုလည်း
သူ့ပြည်သူတွေက ဖိုးသူတော်။

သူငယ်ချင်းရေ
အောင်ဆန်းစုကြည်က ဖိုးသူတော်ဆို
ပြည်သူတွေက ဖိုးသူတော်၊
အောင်ဆန်းစုကြည်က တောင်ဝှေးဆိုလည်း
ပြည်သူတွေက ဖိုးသူတော်။

ပြည်သူဆိုတာ လဲခွင့်မရှိဘူး မဟုတ်လား
လဲတဲ့အခါလည်း
ကိုယ်ထူကိုယ်ထ 
ဒါ နိယာမ ပါပဲ။

နောက်လိုက်ဆိုတာ 
ထာဝရ ခေါင်းဆောင်တွေ ဖြစ်တယ်။     ။ 

ရင်သွေး

Comments

  1. "ပြည်သူဆိုတာ လဲခွင့်မရှိဘူး မဟုတ်လား
    လဲတဲ့အခါလည်း
    ကိုယ်ထူကိုယ်ထ
    ဒါ နိယာမ ပါပဲ"

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. သူငယ်ချင်းတို့ရေ ...

    ReplyDelete
  4. 😡 စောက်သဲပေါက်လို့ ...

    # NUG,CRPHမှာ တာဝန်ရှိလာပြီ ...

    # Credit !
    မဖြေတဲ့သူပဲ ကျတဲ့စာမေးပွဲကို
    ဘာတွေဂုဏ်ဆာနေကြတာလဲ 😆😆
    အမှတ်နည်းလဲ စိတ်မကောင်းမဖြစ်နဲ့
    ဆေးကျောင်းက အမှတ်မလိုဘူးတက်လို့ရတယ်
    တစ်ခုပဲ ဘယ်နှစ်ခုနစ်က ဆယ်တန်းအောင်တာလဲ ဘယ်နှစ်ခုနစ်မှာ ဆေးကျောင်းတက်တာလဲ
    မေးရင်သာ လိပ်ပြာလုံလုံ ဖြေနိုင်ကြပါစေ 😊

    # နိုင်ငံတော်ကြီး ...
    သနားပါတယ်ဗျာ
    အရာရာ၊တစ်စစီတစ်စစီ
    ပျက်စီးသွားပြီ
    # အရည်အချင်းမပြည့်တဲ့ မအလနဲ့
    အရည်အချင်းမရှိတဲ့ ကျောင်းသားတွေနဲ့
    တွေ့ကြပြီပေါ့ 😃🤪😃🤪😃🤪😃🤪

    စစ်မင်းထက်သာ

    ReplyDelete
  5. ဟုတ်ကဲ့ လဲကျတဲ့အခါ
    အချင်းချင်း အားပေးကာ
    ပြန်ထနိုင်အောင်း ကြိုးစားနေပါတယ်
    လက်တွဲမဖြုတ်စတမ်းချီတက်ကြမယ်

    ReplyDelete
  6. လုံးဝ အုပ်ချုပ်ခွင့်မရစေရ

    ReplyDelete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. အ​ကောင်းဆုံး​နောက်လိုက် ဖြစ်​စေရပါမယ် ဆာကူရာ

    ReplyDelete
  9. "ကိုယ်ထူ ကိုယ်ထ
    ကိုယ်ထဖို့ ကိုယ်ထူရတာပဲ"💪
    ကောင်းလိုက်တဲ့ စာသားလေး

    ReplyDelete
  10. နောက်လိုက်ဆိုတာ ထာဝရ ခေါင်းဆောင်တဲ့လား

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  13. ငါတို့မှာငါတို့ပဲရှိတယ်✊

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
    Replies
    1. ဘုန်းကြီးတပါး အာပတ်ဖြေနေသလိုမျိုး
      ငါ Clickတယ်
      မလုပ်ရမနေနိုင် စွဲလန်းမှုကြီးတခုလို ငါ
      Click တယ် နေ့တိုင်း Clickတယ်

      Delete
  15. This comment has been removed by the author.

    ReplyDelete
  16. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  17. ပြည်သူဆိုတာ ကမ္ဘာပေါ်မှာ
    အမြဲရှိတဲ့ ကောင်းကင်ကြီးပေါ့.....
    အဖွဲအစည်းဆိုတာ
    တိမ်တွေပါဘဲ..... မင်းကိုနိုင်

    ReplyDelete
  18. 🙂 မတူပါဘူး ...

    @ ကြောက်တတ်တာနဲ့ ...
    တာဝန်မဲ့တတ်တာ မတူပါဘူး
    ကိုယ်လုပ်မှကိုယ်စားရတာနဲ့ ...
    ရေသာခိုအချောင်လိုက်တာ မတူပါဘူး
    ဘာသာရေးစည်းရိုးထိုးတာနဲ့ ...
    ကိုယ်ချင်းစာတရားမထားတာ မတူပါဘူး
    အဖွဲ့အစည်းတစ်ခုချစ်တာနဲ့ ...
    တိုင်းသူပြည်သားကိုချစ်တာ မတူပါဘူး
    ဘာသာတရားသက်ဝင်ယုံကြည်မှုနဲ့ ...
    မနာလိုအကြမ်းဖက်တာ မတူပါဘူး
    ဘာသာတရားပျောက်မှာစိုးတာနဲ့ ...
    အဓမ္မဘက်စုံလုံးမှိတ်လိုက်တာ မတူပါဘူး။

    စစ်မင်းထက်သာ

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. 🥷 ကျွန်ုပ်၏ယုံကြည်ချက် ...

    @ ရှေ့မှဦးဆောင် ...
    တိုက်ပေးမယ့်သူရှိလာလျှင်
    နောက်မှလိုက်မယ့် ...
    ဒါးသွေးစောင့်နေတဲ့သူ
    မြို့အနှံ့နယ်အနှံ့မှပြည်သူ
    အများကြီးရှိနေပြီလို့ ...
    ကျွန်ုပ်ယုံကြည်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  24. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  25. သူငယ်ချင်းရေ
    တော်လှန်ရေး ဆိုတာဖြင့်
    ကိုယ်ထူ ကိုယ်ထ
    ကိုယ်ထဖို့ ကိုယ်ထူရတာပဲ ။

    ပျင်းရိခြင်းဖြင့် စစ်ပွဲအောင်ရိုး ထုံးစံမရှိ
    တက်ကြွ လုံ့လ စိုက်ထူကြရင်း
    တလရအတွက် တဖက်တလမ်းကနေ
    အမြဲအတူတူ တိုက်ပွဲဝင်ကြအုန်းစို့
    သူငယ်ချင်းရေ ...

    ( C4Kကနေ အမှတ်တမဲ့သိခဲ့ဖူးတဲ့
    သူငယ်ချင်းလေး AH အတွက်
    အမှတ်တယ)



    ReplyDelete
  26. 😌 အခံရဆုံးလူသား ...

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    အာဆာ(ရခိုင်)အရေးမှာလည်း ...
    စစ်အာဏာရှင်တစ်စုနဲ့မရိုးသားတဲ့နိုင်ငံရေး
    သမားများက "ရိုဟင်ဂျာ"စကားလုံးနဲ့သွေးခွဲ
    ခဲ့တယ်၊ဂျင်းထဲ့ခံရတဲ့ "ဗမာ"များကိုရခိုင်ညီ
    အကိုတွေကအမုန်းကြီးမုန်းခဲ့ကြတယ်၊
    ကရင်ညီအကိုများကိုလည်း "ဒီမရိုးသား
    တဲ့အုပ်စု"ကဘဲ၊ဘာသာရေးမှိုင်းတိုက်"သူပုန်
    ဆိုတဲ့"စကားလုံးနဲ့"ပင်လုံညီလာခံ"ပြုလုပ်ပြီး၊အမျိုးမျိုးလှည့်စားခဲ့ကြတယ်၊ကရင်ညီ
    အကိုအဖွဲ့လည်းနှစ်ဖွဲ့ကွဲသွားသလို၊ အမုန်းတရားတွေလည်း "ဗမာ"ဆိုတဲ့လူမျိုးအပေါ်
    ကျရောက်ခဲ့ရတယ်၊
    တစ်ခြားတိုင်းရင်းသားညီအကိုတွေ အ
    ပေါ်မှာလည်း၊"ဒီအုပ်စု"တွေကဘဲအမျိုးမျိုး
    ချယ်လှယ်မတရားလုပ်ခဲ့တာမို့၊ ""ဗမာ"ဆိုတဲ့အသံကိုတောင်၊မကြားချင်လောက်အော
    င်၊ရာဇဝင်တွင်ခဲ့ရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    "ဗမာ"ဆိုတာ၊နှစ်ပေါင်း၇၀လုံးလုံး၊အလိမ်
    အညာတွေနဲ့ယုံခဲ့ကြရသလို၊လက်နက်ကိုင်
    အဖွဲ့အစည်းလည်း မရှိခဲ့ကြပါဘူး၊ခေတ်အ
    ဆက်ဆက်"ဂျင်း"ထဲ့ခံခဲ့ကြရသလို၊"ဆန္ဒပြပွဲ
    အနွုဲနွုဲ"မှာလည်း၊အမျိုးကောင်းသားသမီး
    တွေ၊နှိပ်စက်ညှင်းပမ်း ဖမ်းချင်သလိုဖမ်းနဲ့
    အသက်တွေဆုံးရှုံးခဲ့ကြရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    ခေတ်အဆက်ဆက်၊တိုင်းရင်းသားညီအ
    ကိုတွေခံခဲ့ကြရသလို၊မသိမသာအတွင်းလှို
    က်စား"ဂလိုင်"ဖြစ်ခဲ့ရတာက၊ ဗမာလူမျိုးဗမာသွေးသားတွေပါ၊ အမှားကိုသိ"ဝန်ချ"
    တောင်းပန်မယ့်၊ကျနော်တို့ဗမာလူမျိုးများ
    ကို၊ "တိုင်းရင်းသားညီရင်းအကို"တို့ ...
    " ဝိုင်းဝန်းကူညီကြပါလို့ "ဘဲတောင်းဆိုလိုက်
    ပါရစေခင်ဗျာ။

    🥷 ရဲရဲတောက်ဗမာ ...
    စစ်မင်းထက်သာ

    ReplyDelete
  27. Nice Poem..Really Appreciate It..🕊🌹🕊

    ReplyDelete
  28. Wheel............dope.🏹🏹🏹

    ReplyDelete
  29. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  30. ကလစ်ပီးရင်းClickကြမယ်

    ReplyDelete
  31. I like this poem.
    Fighting
    Click,click,click.........

    ReplyDelete
  32. Wheel............dope.🏹🏹🏹

    ReplyDelete
  33. Fighting
    Click,click,click........

    ReplyDelete

Post a Comment

Popular posts from this blog