အမှန်တရားအတွက်

ခေတ်စနစ်ကြီးကိုက ပညာတတ်တွေ
ခံရတဲ့စနစ်ဖြစ်နေပြီအမေ၊

ဒီလမ်းကို နိုင်မယ်ထင်ပြီး မျှော်လင့်ချက်နဲ့
လျှောက်ခဲ့တာမဟုတ်ဘူးအမေ၊

နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ယုံကြည့်ချက်နဲ့
လျှောက်လှမ်းခဲ့တာ...။

နောက်ဆုတ်လို့မရမှန်းလည်း 
သမီးတို့သိပါတယ်အမေ
ဒီတစ်ခါမှ 'အာ'မခံရင် 
နောင်မျိုးဆက် ကျွန်ခံရတော့မှာ။

အမှန်တရားအတွက် တိုက်ရဲမှတော့
အမှန်တရားအတွက်လည်း သေရဲပါတယ်အမေ၊

အသေခံပြီး တော်လှန်မလား 
ခေါင်းငုံ့ခံပြီး ကျွန်ခံမလား
လွတ်လပ်စွာရွေးချယ်ပါတဲ့၊

တစ်ခါသေ သေလိုတော့
'ကျွန်'ဘဝတော့ ထပ်အရောက်မခံနိုင်ဘူးအမေ
အသက်သေရမှာထက်
ဘဝသေရမှာကို သမီးတို့ပိုကြောက်တယ်
ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမယ်။       ။

ThaeNu

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. နိုင်ကိုနိုင်ရမယ် 💪

    ReplyDelete
    Replies
    1. ခေါင်းငုံ့ပြီး ကျွန်မခံဘူး တော်လှန်ရင်း သေမယ်January 18, 2023 at 11:14 PM

      ✊♥️

      Delete
    2. နာမည်အမျိူးမျိူးနဲ့ပါလား။😧

      Delete
    3. မန့်ရေးစရာမလိုတော့ဘူးအ အဲ့အကောင့်နာမည်ဆိုရင်😊

      Delete
  3. နိုင်အောင်ကြိုးစားမှာ
    သေချာပေါက်
    နိုင်ကိုနိုင်ရမယ်
    🤜🤛

    ReplyDelete
    Replies
    1. ယုံကြည်လို့လျှောက်ခဲ့တဲ့လမ်းအရောက်လှမ်းမယ်

      Delete
  4. နိင်ကိုနိုင်ရမယ်

    ReplyDelete
  5. နိုင်ကိုနိုင်ရမယ်

    ReplyDelete
  6. ဒီတိုက်ပွဲ နိုင်ကိုနိုင်တယ်💪🏻💪🏻💪🏻

    ReplyDelete
  7. အရှုံးမ​ပေးဘူး 👊🏼
    ငါတို့နိုင်ကိုနိုင်ရမယ်။

    ReplyDelete
  8. ပြည်သူ ညီနေသ၍
    နိုင်ကို နိုင်စေသည်

    ReplyDelete
  9. ကျောင်းစာအုပ်နဲ့ အိမ်သာနံရံမှာ ကဗျာရေးခဲ့တဲ့ အရူး
    ခုလည်း ဘာထူးမှာလဲ အမေ
    ဘယ်မှာမှ နေရာမရပေမယ့် ကျနော်ဇော်က ကနေဆဲ...

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  10. ဒီကဗျာလေးသုံးပေးပါ

    🙂 အညတရ ...

    @ သပိတ်တိုက်ပွဲ ..
    အစမှအဆုံး သူပါဝင်ခဲ့
    မထင်မရှား အညတရအနေနဲ့၊

    @ CDMစတော့လည်း ...
    အခုအထိ သူပါဝင်စဲ
    မိသားစုအရေး ...
    သူမျှော်တွေးလို့ မထင်မရှား
    အညတရအနေနဲ့၊

    @ PDF,UGတော်လှန်ရေးလည်း ...
    သူမနေသာ အခါခါအကြံဉာဏ်ပေး
    ရင်တလေးလေးနဲ့ ထောက်ပို့အရေးပါ
    နေရာတကာ အညတရအနေနဲ့၊

    @ ကိုယ့်အတွက် ...
    နေရာ အတည်အကျမရှိ
    မိသားစုလည်း ဘယ်ရောက်သည်မသိ
    သူစိတ်ထဲမှာ တော်လှန်ရေးအသိဘဲရှိ
    အညတရဘဝလေး ဆိုးပါဘိ။

    စစ်မင်းထက်သာ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. ဟုတ်တယ် နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ လျှောက်ခဲ့တာ💪

    ReplyDelete
  13. တရက်မပျက် ကလစ်လျက်
    လိပ်ပြာလုံဖို့ click စို့...

    ReplyDelete
    Replies
    1. မင်းမှာက တစ်ယောက်နှစ်ယောက်
      သုံးယောက်
      ငါ့မှာက တယောက်တည်း။

      အောင်ချိမ့်

      Delete
  14. ယုံကြည်တယ်ဆို အတူလိုက်ခဲ့ ဥာဏ်ကိုမှီခိုပြီး .......
    အောင်မြင်စွာကျော်ဖြတ်မယ် လှေငယ်ဟာစုံနေပြီ........

    ReplyDelete
  15. ငါတိုတွေရဲ့ခေါင်းတွေကို ဖြတ်ပြီး အာဏာရှင်ကို ဆက်သနေတာ ငါတို တွေ့တယ်။

    ငါတိုခေါင်းပြတ်တွေနဲ့ တည်ခင်းထားတဲ့ ညစာ စားပွဲမှာ သူတိုတွေက

    ယူနီဖောင်းကို ကော့ပျံနေအောင် ဝတ်ထားတယ်။

    ခင်ဗျားတိုက အဲဒီညစာ စားပွဲရဲ့စားပွဲခင်းအောက်ကို ဝင်ပြီး သူတိုတွေရဲ့ရှူးဖိနပ်တွေကို ငွေရောင်တွေလို

    ပြောင်လက်လာတဲ့အထိ တိုက်ပေးနေတဲ့ ကျွန်တွေလား။

    ReplyDelete
  16. 👍👍👍💪💪🤪

    ReplyDelete
  17. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. 🥷 ဥပဒေ ...

    🤨 ပြည်သူတွေ ...
    ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေမှာတောင်
    မထုတ်တဲ့ဥပဒေတွေကို
    မင်းတို့ကိုယ်ကျိုးအတွက် ...
    ဆက်ဆက်ထုတ်နေမယ်ဆိုရင်
    မင်းတို့အာဏာဆုံးရှုံးရုံမက
    မင်းတို့လည်းကျဆုံးရလိမ့်မယ်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  22. 🙂 အီးယောင်ဝါး ...

    @ အီးယောင်ဝါးဆိုတာ ...
    လူမှုရေးမှာမကောင်းသလို
    စီးပွားရေးမှာလည်းမကောင်းဘူး
    အီးယောင်ဝါးဆိုတာ ...
    နိုင်ငံရေးမှာမကောင်းသလို
    အုပ်ချုပ်ရေးမှာလည်းမကောင်းဘူး
    ဘယ်နေရာ ...
    ဘယ်အရာဘယ်သူ့အတွက်မှ
    အသုံးမဝင်ဘူး
    တော်လှန်ရေးမှာဆိုရင် ...
    ပိုဆိုးသွားလိမ့်မယ်လို့ဆိုချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. ငါတို့နိုင်မှ ဖြစ်မှာဟ 😔

    ReplyDelete
  24. ငါတို့နိုင်မှာကွ💪

    ReplyDelete
  25. ငါတို့လူ​တွေ ခံရပြန်ပြီ။ ​ထောက်လှမ်း​ရေး ဆဲလ်​တွေ အများကြီး ငါတို့ထဲ ဝင်​နေတယ်။ သတိထားကြပါ။

    ReplyDelete
  26. ╭──╯ . . . .
    ꜰɪɢʜᴛɪɴɢ!✨

    ReplyDelete
  27. ငါတို့နိုင်ကို နိုင်ရမည်

    ReplyDelete
  28. Fighting
    Click,click,click.......

    ReplyDelete

Post a Comment

Popular posts from this blog