သံဝေဂ

ရုပ်နဲ့ နာမ်က လက်ခုပ်တီးလိုက်လို့
ကျနော်ဟာ လူအဖြစ်မြည်ဟီးလာသလား
ကိုယ့်အသံကို တပါးသူကြားသွားမှာ
အားနာလိုက်တာ။

စီးကရက်ကို တဟွတ်ဟွတ်သောက်မိတာလား
ချောင်းကို မီးညှိပြီး ဆိုးနေတာလား
ကျနော့်မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ။

မေမေရေ.....
ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့
ကျနော်ဟာ ကိုက်ခဲညောင်းညာနေတဲ့
လောကအဝါတပွင့်ပါပဲ။

အခုတော့.....
လေအလာကို မျှော်လင့်ရင်း
ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။      ။

တာရာမင်းဝေ

Respect & Credit to Poet Taryar Min Wai

Comments

  1. 🗣 Toxic-like words🙅

    -👨‍👩‍👧‍👦The human race could not survive on its own, so it survived among family, friends, and community👨‍👨‍👧‍👧

    -🗣In society, friends, family,for words are the main means of communication🗣

    -🗣Words can be poisonous and can kill people,Words can ruin a friendship, and word choices can lead to quarrels the more you talk unnecessarily, the more toxic it becomes.✖

    -🗣There is even a saying, "Say a few words and do a lot of work."

    the downside is that the Myanmar language is very broad and can have many meanings,this is why the meaning may be different when you hear the message, not directly.🗣

    🗣When a person opens his heart to trust one another, that trust should not be abused and must be maintained,This is morality and trust among human beings✅

    -✅ I wrote a long letter, but there was only one reason I wanted to say it

    -Do not confuse word , do not abuse trust,Avoid talking about other people in secret without his permission. Be ethical.💕

    __Don't miss much before we meet again,Don't give up
    We win unless we give up.💪

    ............❤Htet.........

    ReplyDelete
  2. May your day be blessed with love and luck.
    💕🍀

    ReplyDelete
  3. 🥰🥰🥰
    Be safe and healthy all clickers

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ......အမှားတွေကိုသင်ယူရင်းရှင်သန်ကြီးထွားပါ......

    ReplyDelete
  6. "အခုတော့.....
    လေအလာကို မျှော်လင့်ရင်း
    ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။ "

    ReplyDelete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  9. 🍀🌼🌺💐

    ReplyDelete
  10. ကိ​လေသာ​တွေ အပင်​ပေါက်တာများ
    လူ့ဘုံ​ရောက်လိုက်
    တိ ဘုံ​​ပေါက်လိုက်
    အမြစ်​တွေ ရှည်​လွန်းလို့
    ဖြတ်လို့လည်းမရ
    သတ်လို့လည်း မ​သေ
    အခုလည်း
    ရုပ်နာမ်​တွေ ငတ်ပြတ်​နေလို့
    ကိ​လေသာက တဆတ်ဆတ်တုန်​
    ဘယ်ဘုံကိုများ မျက်​စောင်းထိုး​နေပါလိမ့်။

    ReplyDelete
  11. နိုင်ငံရေးကို
    ဘာမှနားမလည်ဘူး ဆိုရင်တောင်
    ခွေးဟောင်သံနဲ့
    လူငိုသံလောက်တော့
    ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိရမယ်။

    . မောင်လှမျိုး(ချင်းချောင်းခြံ)မှကောက်နှုတ်ချက်
    #CNAkorea
    Real True Man

    ReplyDelete
  12. ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Sitt Min Htettar

    ReplyDelete
  13. Clicker တွေကလည်း ဘယ်နေရာမှာ ဖြစ်ဖြစ် ဒီလူတွေပါပဲလား

    ReplyDelete
  14. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  15. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. ကမ္ဘာကြီးကြီးနစ်နေခဲ့ရင်တောင်
    ကျနော့်အချစ်ကစစ်မဖြစ်လောက်ဘူးဗျ

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  20. ကိုက်ခဲ​​ညောင်းညာရင်းနဲ့
    ရနံ့ချိုချို​တွေ ပွင့်လိုက်တာ
    ​​လောကဟာ အစွမ်းကုန် ပြုံး​​နေတယ်။

    တပွင့်ပန်းဆို​ပေမယ့်
    ​နေပူလည်း လန်းဆန်း
    မိုးရွာလည်း အကြမ်းခံ
    ရနံ့ချိုဖို့အတွက်
    ကိုယ်...
    မီးကုန်ယမ်းကုန် တာဝန်​ကျေ​နေမယ်။

    ReplyDelete
  21. Wheel............dope.🏹🏹🏹

    ReplyDelete
  22. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  23. Fighting
    Click,click,click........

    ReplyDelete

Post a Comment

Popular posts from this blog